menu

Wednesday 21 August 2013

Miss Supranational Myanmar 2013 ဆုရရှိသော''ခင်ဝင့်ဝါ''နှင့်တွေ့ဆုံခြင်း

Photo: Miss Supranational Myanmar 2013  ဆုရရှိသော''ခင်ဝင့်ဝါ''နှင့်တွေ့ဆုံခြင်း
''မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ  The Golden Land လို့ ကျော်ကြား
ထင်ရှားတဲ့အတွက် ရွှေရောင်ကိုရွေးချယ်မှာဖြစ်ပြီး ဝတ်စုံကို ပျူဝတ်စုံဝတ်ပါမယ်''
====================
နွေးနွေးမေးမြန်းသည်။သြဂုတ်(၂၀)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
====================
ဗီလာရုနိုင်ငံတွင်ပြုလုပ်မည့်Miss Supranational 2013 ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အလှမယ်ကိုယ် စားလှယ်အနေဖြင့်fh Miss Supranational Myanmar 2013  ဆုရရှိသော 'ခင်ဝင့်ဝါ'မှ သွား ရောက်ယှဉ်ပြိုင်နေပြီဖြစ်ကာ အလှမယ် 'ခင်ဝင့် ဝါ'နှင့် အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါသည်။
မေး - ညီမလေးရဲ့အသက်နဲ့ ပညာအရည်အချင်း ကိုပြောပြပေးပါလား။
ဖြေ - သမီးအသက်က ပြီးခဲ့တဲ့ ရလပိုင်းက ၁၈ နှစ်ပြည့်ခဲ့ပါတယ်။ ပညာအရည်အချင်းက တော့ တတိယနှစ် ရုက္ခဗေဒပါ။
မေး -Miss Supranational 2013 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းရဲ့ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ - မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar  တစ်ဦးအနေနဲ့ နိုင်ငံတကာမှာ သွားပြိုင် ချင်တာရော၊ ပြီးတော့ သမီးက မနန်းခင်ဇေယျာ နိုင်ငံတကာမှာသွားပြိုင်ကတည်းက သူ့ကိုကြည့် ပြီးတော့ အားကျခဲ့တယ်။ တစ်နေ့ကျရင် ငါ လည်း သူ့လိုမျိုးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ် ဖြစ်ခဲ့တယ်။ အခုချိန်မှာ ဒီလိုမျိုးသွားယှဉ်ပြိုင် ခွင့်ရတဲ့အတွက် တအားလည်း ဝမ်းသာရပါ တယ်။ ဒီလိုအခွင့်အရေးမျိုးရရှိဖို့အတွက် သမီး တို့ လွယ်လွယ်ရရှိခဲ့တာမဟုတ်ပါဘူး။ အဆင့် တွေအများကြီးကို ကျော်ဖြတ်ပြီးတော့မှ ယှဉ်ပြိုင် ခွင့်ရရှိခဲ့တာပါ။
မေး - နန်းခင်ဇေယျာကို အားကျတယ်ဆိုတော့ မနန်းက ယှဉ်ပြိုင်နေရင်းနဲ့ တော်တော်များများရဲ့ အားပေးမှုကိုရရှိခဲ့သလို ဝေဖန်မှုတွေလည်း ခံခ ရတယ်။ တကယ်လို့သာ ခင်ဝင့်ဝါက ဒီလိုမျိုးဝေဖန် ခံရမယ်ဆိုရင်ရော။
ဖြေ - မနန်းခင်ဇေယျာ ဝေဖန်ခံရတဲ့ပုံစံမျိုးနဲ့ သမီးဝေဖန်ခံရမယ်ဆိုရင်လည်း သမီးလျှောက်ရ မယ့်လမ်းကို ဆက်လျှောက်မှာပါ။ အဲဒီအတွက် သမီးစိတ်ဓာတ်ကျတာမျိုး၊ အားလျှော့တာမျိုးဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမီးတစ်ဦး တည်းအတွက် သမီးသွားပြိုင်တာမဟုတ်တဲ့အ တွက် သမီးကဝေဖန်မှုအပေါ် စိတ်ခံစားနေရင် နိုင်ငံ့ဂုဏ်ကိုပါ ထိခိုက်နိုင်တဲ့အတွက် သမီးယှဉ် ပြိုင်နေစဉ်မှာဝေဖန်ခံရမယ်ဆိုရင်လည်း သမီး ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်လျှောက်ရမယ့် လမ်းကို ဆက်လျှောက်သွားမှာပါ။
မေး - ပြင်ပဗဟုသုတအနေနဲ့ရော ဘာတွေလေ့ လာဖြစ်ခဲ့လဲ။
ဖြေ - အရင် Miss ပွဲတွေမှာတော့ မေးခဲ့ဖူးတဲ့ မေးခွန်းတွေ အဖြေတွေ၊ ပြီးတော့မေးနိုင်ခြေရှိ မယ့်မေးခွန်းတွေကိုလည်း လေ့လာခဲ့ရပါတယ်။ သမီးတို့ လေ့ကျင့်ခဲ့ရတဲ့အချိန်က သိပ်မရပေမယ့် လည်း လုံလောက်တယ်လို့ ထင်ပါတယ်။ တစ်နေ့ကို လေ့ကျင့်ချိန်က ၂၄နာရီနီးပါးဆိုတော့ လေ့လာ တဲ့နေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်အ ကြောင်းကိုပိုပြီးတော့ လေ့လာတယ်။ သူတို့မေး နိုင်ခြေရှိမယ်ထင်တဲ့အတွက်လည်း လေ့လာ ဖြစ်ခဲ့တာပါ။
မေး - ရိုးရာဝတ်စုံကရော ဘာဝတ်ဖို့ စီစဉ်ထား လဲ။
ဖြေ - ပျူဝတ်စုံဝတ်မယ်။ ပျူယဉ်ကျေးမှုအက နဲ့ဖျော်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ ပျူဝတ်စုံ ကို ဘာဖြစ်လို့ရွေးချယ်တာလဲဆိုတော့ အဓိက ရည်ရွယ်ချက်က သမီးတို့နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာ သာအရင်ဦးဆုံးထွန်းကားခဲ့တဲ့ခေတ်က ပျူခေတ် ကပေါ့နော်။ ပျူခေတ်ကလူတွေက  သတ္တဝါတွေ ရဲ့အသက်ကို သနားကြင်နာသောအားဖြင့် သူတို့ က သိုးမွေးတို့၊ သားရေတို့ကိုတောင် မဝတ်ဆင်ခဲ့ ကြဘူး။ ချည်မျှင်ချည်ထည်ကိုပဲ အမြတ်တနိုးနဲ့ ဝတ်ဆင်ခဲ့ကြတယ်။ အဲဒါကြောင့် သမီးလည်း ပြိုင်ပွဲမှာ ရွှေရောင်ချည်လိုဟာမျိုး ဝတ်ဆင်မယ်။ ရွှေရောင်ကို ဘာဖြစ်လို့ရွေးချယ်တာလဲဆိုတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ် မှာ The Golden Land လို့ ကျော်ကြားထင်ရှားတဲ့အတွက်ကြောင့် ရွှေ ရောင်ကို ရွေးချယ်ဖြစ်ခဲ့တာပါ။
မေး - ဘာသာစကားအနေနဲ့ရော ဘယ်ဘာသာ စကားကို အဓိကထား လေ့လာဖြစ်ခဲ့လဲ။
ဖြေ - သမီးကျောင်းတက်တုန်းကလည်ီးပေ ဖြစ်နေတာကြောင့်ရယ်၊ ပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် သင်တန်းတွေမတက်ဖြစ်ခဲ့ဘူး။ ဘာသာစကားအနေနဲ့ ထူးထူးခြားခြားတတ်ကျွမ်း တာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စကား ကိုတော့ သမီး သူပြောကိုယ်ပြော ပြောနိုင်ပါတယ်။ အဲဒါကြောင့် ပြိုင်ပွဲမှာ ဘာသာစကားနဲ့ပတ် သက်ပြီးတော့ အခက်အခဲတော့ ဖြစ်မယ်မထင် ပါဘူး။
မေး - အသက်ကလည်းငယ်သေးတော့ ကိုယ့် ကိုယ်ကိုယ်ရော ယုံကြည်မှုရှိလား။
ဖြေ - သမီးကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက တော့ အပြည့်ရှိပါတယ်။ ဘာဖြစ်လို့ ယုံကြည်မှုရှိ နေတာလဲဆိုတော့ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှလည်း ဘယ်နေရာကိုရောက်ရောက် အဆင်ပြေလိမ့်မယ်လို့ထင်တယ်။ 
မေး - အရင်တုန်းကရော ပြိုင်ပွဲတွေ ဝင်ပြိုင် ဖူးလား။
ဖြေ - ပြည်တွင်းမှာ နှစ်ပွဲသုံးပွဲလောက်တော့ ဝင်ပြိုင်ဖူးပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ နိုင်ငံပေါင်း ၉၈နိုင်ငံနဲ့ ရင်ပေါင်တန်းပြီး ယှဉ်ပြိုင် ရမယ်ဆိုတာကတော့ သမီးအတွက် အိပ်မက် တစ်ခုဖြစ်တယ်။ တစ်ခါမှမရရှိဖူးတဲ့အတွေ့ အကြုံမျိုးကိုလည်း ရရှိလိမ့်မယ်လို့ ထင်ပါတယ်။

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis