menu

Wednesday 21 August 2013

ရွှေတောင်မှာ ဧရာဝတီကမ်းပါးပြို၊ ဒေသခံ ရာချီ အိုးမဲ့အိမ်မဲ့ဖြစ်


Wednesday, August 21, 2013

ပဲခူးတိုင်း ရွှေတောင်မြို့နယ် ရင်းမူကုန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး အကြီးအကျယ် ပြိုကျသဖြင့် ဒေသခံတို့ လယ်ယာမြေ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ထိုကျေးရွာတွင် လုပ်စားမြေနှင့် အိမ်ခြေ(၁၅၀)ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ(၇၅၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ ငွေကြေး တတ်နိုင်သူများ
ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

အထက်တန်းကျောင်းတို့နှင့်ကိုက်(၁၀၀)အကွာအဝေးသို့ေ၇ာက်ရှိနေပြီဖြစ်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ပြောကြားခဲ့သည်။

ရင်းမူကုန်းကျေးရွာရှိ တဲတန်းရပ်ကွက်နှင့် မေမြို့ရပ်ကွက်တို့ မြေပြိုကျသည့်အတွက် ပျောက်ဆုံးခဲ့ရပြီး အောင်မင်္ဂလာရပ်ကွက်မှာလည်း တစ်ဝက်ကျော် ပြိုကျနေပြီဖြစ်သည်။

၂၀၀၇ မှစ၍ နှစ်စဉ်မြေပြိုရခြင်းမှာ မြစ်အတွင်း သောင်တူးစက်ဖြင့် တူးဖော်မှုများ မရှိတော့သဖြင့် ရေစီးကြောင်း ကမောက်ကမဖြစ်ကာ ကမ်းနဖူးကိုတိုက်စားခြင်းကြောင့် ဖြစ်ကြောင်း ရေအရင်းအမြစ်အသုံးချရေးဦးစီးဋ္ဌာနတွင် အငြိမ်းစား ဒု ဦးစီးမှုးအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ကိုသန်းထိုက်က ပြောပြသည်။

ကမ်းပါးပြိုခြင်းသည် ကျောက်စုပ်မော်တော်များကြောင့်လည်း ဖြစ်နိုင်ကြောင်း မှတ်တမ်းယူရန် သွားရောက်ခဲ့သူ ဦးမင်းမော် ရွှေတောင်မြို့နယ်(NLD)က မှက်ချက်ပြုသည်။

“ရွာသားတွေက ဒုက္ခသည်စခန်းတွေ လုပ်ပေးစေချင်တယ်။ ပံ့ပိုးကူညီမှုတွေ လုပ်ပေးစေချင်တယ်။ ပိုက်ဆံ မရှိဆင်းရဲတဲ့လူတွေနဲ့ သက်ကြီးရွယ်အိုတွေပြောင်းရွှေ့ဘို့ ခက်ခဲနေကြတယ်။ အစိုးရကပံ့ပိုးကူညီမှုကိုလိုချင်နေကြတယ်။ ”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ရွာဦးကျောင်းဆရာတော်ဥူးသုန္ဒရက “လက်လုပ်လက်စားဘ၀နဲ့ ဆင်းဆင်းရဲရဲနေလာခဲ့တဲ့ ဒကာဒကာမ ဒုက္ခရောက်မှာ တွေးပြီး အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာဖြစ်ခဲ့ရတယ်။ အခုလိုမျိုးကိစ္စတွေမှာ နိုင်ငံတော်အစိုးရနဲ့ ပရဟိတလူမှုရေးအဖွဲ့တွေကို အားကိုးချင်တယ်” ဟု မိန့်ကြားခဲ့သည်။

၃.၃.၂၀၁၃ ရွှေတောင်နယ်ထဲကပဲ ကျီးသဲတိုက်နယ်မှာ ကမ်းပါးပြိုပြီး အိမ်(၉)လုံးခန့်ပျက်စီး သွားခဲ့သည့်နေရာနှင့်ဆိုရင် တကြောထဲဖြစ်ပြီး တနယ်ထဲလဲဖြစ်ကြောင်း ထိုကမ်းပါးပြိုပြီးဆက်လက် စိတ်မချရသော အိမ်(၃၇)လုံးကိုပါရွေ့ပြောင်းခဲ့ရပြီး ဖြစ်သည်။

ကိုဗမိုး(ပြည်)

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis