menu

Wednesday 21 August 2013

ဝန်ကြီးဦးအောင်မင်း အနားပေးခံရတော့မှာလား

ဝန်ကြီးဦးအောင်မင်း အနားပေးခံရတော့မှာလား
Wednesday, August 21, 2013

  နေပြည်တော်က ကျောင်းဆရာမ ရှစ်လေးလုံးနဲ့ဆိုင်တဲ့ပွဲတခုကို သွားတက်ပြီးနောက်ပိုင်းမှာ ပင်စင်ပေးခံရပါတယ် တဲ့။


သူကတော့ ဇမ္ဗူသီရိမြို့နယ် အထက အမှတ် ၅ က ဆရာမ ဒေါ်စိုးစိုးခိုင် ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး သူ့ကို ကျောင်းမှာရှိတဲ့ဘော့စ်က အနားပေးလိုက်တာဖြစ်တယ်လို့ ဆရာမက ဧရာဝတီကို ဒီကနေ့ ပြောပြပါတယ်။

ဆရာမ ပင်စင်ပေးခံရပုံအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာလည်း ရေးထားပါတယ်။ http://www.irrawaddy.org/archives/42498 မှာ ဖတ်နိုင်ပါတယ်။ ဆရာမကို ဆက်သွယ် ရေးသားထားတာပါ။ ဒါကြောင့် ... နိုင်ငံရေးမှာ ဝန်ထမ်းတွေ ပတ်သက်ခြင်းမပြုဖို့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး ဆရာမရဲ့ အမြင်တွေကိုလည်း အဲဒီမှာ ဖတ်ရမှာပါ။

ဆရာမက သူ ဗုံးထောင်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း လိုက်လံ သတ်ဖြတ်နေတာမဟုတ်ဘူး လို့ အငေါ်တူးပါတယ်။

မည်သို့ပင်ဆိုစေ ... ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ အနားပေးခံလိုက်ရပါပြီ။

ကဲ ... ၈၈ ပွဲကို တက်တဲ့အတွက်  ဆရာမတဦး ပင်စင်ပေးခံရတယ်။
သူက ဝန်ထမ်း ဆိုတော့ ဝန်ထမ်းစည်းမျဉ်းဆိုလား ဘာဆိုလားနဲ့ ငြိစွန်းတယ် ထင်ပါရဲ့၊ ဝန်ထမ်းကြီးတယောက်ဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းကရော ဘယ်လိုပါလဲ၊ သူလည်း ရန်ကုန်မှာလုပ်တဲ့ ၈၈ အမှတ်တရ အစီအစဉ်တခုကို တက်ခဲ့ပါသေးတယ်။

၈၈ ပွဲတက်တဲ့ ဦးအောင်မင်းပုံကို ဧရာဝတီ Facebook မှာ ကြည့်ရှုနိုင်ပါတယ်။
လင့်က https://www.facebook.com/IrrawaddyBurmese

ပြီးတော့ ဦးအောင်မင်းက ၈၈ နှစ်ပတ်လည် အစီအစဉ်မှာ အကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုချက်ကိုတောင် လက်မှတ်ထိုးခဲ့ပါသေးတယ်။ (အထက်ပါပုံကိုရှု)

သူ့ကိုရော ပင်စင်ပေး၊ အနားယူခိုင်းတော့မှာလား။

သူ့ကို အနားပေးမယ် ဆိုရင်တော့ ဒီပွဲတက်ရောက်ခြင်းက သင့်လျော်တဲ့ အကြောင်းပြချက် ဖြစ်ဖွယ်ရှိပါတယ်။

ဝန်ကြီးကို အနားပေးစရာ မလိုဘူးလို့ အစိုးရက ပြောမှာလား။
ဒါဆိုရင် ဆရာမဒေါ်စိုးစိုးခိုင်ကိုလည်း အလုပ်ပြန်ခန့်ဖွယ်ရှိနေပါတယ်

အေးချမ်းမွန် Credit To >ဧရာဝတီ[< Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia
Wednesday, August 21, 2013
နေပြည်တော်က ကျောင်းဆရာမ ရှစ်လေးလုံးနဲ့ဆိုင်တဲ့ပွဲတခုကု
ိ သွားတက်ပြီးနောက်ပိုင်းမှာ ပင်စင်ပေးခံရပါတယ် တဲ့။
သူကတော့ ဇမ္ဗူသီရိမြို့နယ် အထက အမှတ် ၅ က ဆရာမ ဒေါ်စိုးစိုးခိုင် ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး သူ့ကို ကျောင်းမှာရှိတဲ့ဘော့စ်က အနားပေးလိုက်တာဖြစ်တယ်လို့ ဆရာမက ဧရာဝတီကို ဒီကနေ့ ပြောပြပါတယ်။

ဆရာမ ပင်စင်ပေးခံရပုံအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာလည်း ရေးထားပါတယ်။ http://www.irrawaddy.org/archives/42498 မှာ ဖတ်နိုင်ပါတယ်။ ဆရာမကို ဆက်သွယ် ရေးသားထားတာပါ။ ဒါကြောင့် ... နိုင်ငံရေးမှာ ဝန်ထမ်းတွေ ပတ်သက်ခြင်းမပြုဖို့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး ဆရာမရဲ့ အမြင်တွေကိုလည်း အဲဒီမှာ ဖတ်ရမှာပါ။

ဆရာမက သူ ဗုံးထောင်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း လိုက်လံ သတ်ဖြတ်နေတာမဟုတ်ဘူး လို့ အငေါ်တူးပါတယ်။
မည်သို့ပင်ဆိုစေ ... ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ အနားပေးခံလိုက်ရပါပြီ။

ကဲ ... ၈၈ ပွဲကို တက်တဲ့အတွက် ဆရာမတဦး ပင်စင်ပေးခံရတယ်။
သူက ဝန်ထမ်း ဆိုတော့ ဝန်ထမ်းစည်းမျဉ်းဆိုလား ဘာဆိုလားနဲ့ ငြိစွန်းတယ် ထင်ပါရဲ့၊ ဝန်ထမ်းကြီးတယောက်ဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းကရော ဘယ်လိုပါလဲ၊ သူလည်း ရန်ကုန်မှာလုပ်တဲ့ ၈၈ အမှတ်တရ အစီအစဉ်တခုကို တက်ခဲ့ပါသေးတယ်။

၈၈ ပွဲတက်တဲ့ ဦးအောင်မင်းပုံကို ဧရာဝတီ Facebook မှာ ကြည့်ရှုနိုင်ပါတယ်။
လင့်က https://www.facebook.com/IrrawaddyBurmese

ပြီးတော့ ဦးအောင်မင်းက ၈၈ နှစ်ပတ်လည် အစီအစဉ်မှာ အကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုချက်ကိုတောင် လက်မှတ်ထိုးခဲ့ပါသေးတယ်။ (အထက်ပါပုံကိုရှု)

သူ့ကိုရော ပင်စင်ပေး၊ အနားယူခိုင်းတော့မှာလား။

သူ့ကို အနားပေးမယ် ဆိုရင်တော့ ဒီပွဲတက်ရောက်ခြင်းက သင့်လျော်တဲ့ အကြောင်းပြချက် ဖြစ်ဖွယ်ရှိပါတယ်။

ဝန်ကြီးကို အနားပေးစရာ မလိုဘူးလို့ အစိုးရက ပြောမှာလား။
ဒါဆိုရင် ဆရာမဒေါ်စိုးစိုးခိုင်ကိုလည်း အလုပ်ပြန်ခန့်ဖွယ်ရှိနေပါတယ်

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis