menu

Wednesday 21 August 2013

ပန်ဝါဒေသ မျှော်ဂျောင် ကျေးရွာတွင် ပြည်သူ့စစ်၊ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မျော်ဂျောင် ကျေးရွာတွင် ဒေသခံပြည်သူ့စစ်၊ ခမရ (၅၂၁) နှင့် ကေအိုင်အေတို့ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သတင်းရရှိသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းကို ပြည်သူ့စစ်နှင့် ကေအိုင်အေ ပြန်ကြားရေးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။
ကေအိုင်အေ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦးက ''ကျွန်တော်တို့ စခန်းကို ပြည်သူ့စစ်နဲ့ ခမရ (၅၂၁) တို့ လာတိုက်တာပါ။ မနက် ၇ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ကြာတယ်။ ကေအိုင်အေဘက်က အကျအဆုံး မရှိပေမယ့် ပြည်သူ့စစ်တစ်ဦး၊ စစ်သားတစ်ဦးကျတယ်။ အခုတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းထားလို့ ဘာမှ မဖြစ်တော့ဘူး'' ဟု ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့စစ်နှင့် နီးစပ်သူ အမည်မဖော်လိုသူ ပန်ဝါဒေသခံ တစ်ဦးက ''အရင်ကတည်းက အဲဒီနေရာတွေမှာ ကေအိုင်အေ မရှိဘူး။ ၂၀၁၂ ခုနှစ် မတ် ၂၆ ရက် ကတည်းက ၀င်လာတော့ ဒေသက သိပ်ဒုက္ခ ရောက်လာတယ်။ ရွာခံတွေက ဒုက္ခသည်တွေ ဖြစ်လာတယ်။
သမ္မတဆီကိုလည်း စာတင်ထား ကြတာပဲ။ NDAK စိုးမိုးမှု အောက်မှာရှိတဲ့ ရွာတွေမှာ ကေအိုင်အေက ဆက်နေရာ ယူထားရင် တိုက်ပွဲတွေက ဖြစ်နေဦးမှာပဲ။ အဲဒီလမ်းကြောင်းက တရုတ်ပြည်ထဲ ကိုဝင်ပြီး လိုင်ဇာကို ၀င်တာပါ။ စားပွဲဝိုင်းမှာ ပြောတဲ့စကားနဲ့တော့ မကိုက်ဘူး။ စစ်သား စုဆောင်းရေး လုပ်တယ်။ တပ်ရင်းအသစ်တွေ ဆောက်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့'' ဟု The Daily Eleven သို့ ပြောသည်။
ဦးဇခုန်တိန့်ယိန်းက ၎င်းကိစ္စနှင့် ပတ်သက်၍ NDAK နယ်မြေများတွင် ခြေကုပ်ယူထားသော ကေအိုင်အေ တပ်ရင်းများ ပြန်လည် နောက်ဆုတ်ပေးရန်နှင့် အခြား အကြောင်းအရာများကို ယခုလ ၆ ရက်က ကေအိုင်အေ အရာရှိများကို ထုတ်ပြန်ချက် တစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis