menu

Monday 5 November 2012

စစ်ရေးအရှိန်လျော့ချရေးကို လက်တွေ့ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးအောင်မင်း ကတိပြု

Photo: စစ်ရေးအရှိန်လျော့ချရေးကို လက်တွေ့ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးအောင်မင်း ကတိပြု

နိုဝင်ဘာ ၃၊ ၂ဝ၁၂

လက်ရှိတိုးပွားနေဆဲဖြစ်သော မြန်မာအစိုးရတပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့ အကြား စစ်ရေးအရှိန်အဟုန်များကို လက်တွေ့လျော့ချနိုင်အောင် အလုပ် ဖြင့် သက်သေပြဆောင်ရွက်သွားမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကတိပြုပြောကြားခဲ့သည်။
တရ
ုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အောက်တိုဘာလ ၃ဝ ရက်က ပြု လုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIOတို့၏ ပထမဦးဆုံးအကြိမ် တရား ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်၊ တစ် ဖက်မှာလည်း စစ်ရေးအရှိန်အဟုန် တွေလျော့ပေးဖို့၊ အဲဒါကို တင်ပြထား တာရှိပါတယ်၊ ဒီမှာရှိတဲ့ တိုင်းမှူး ကြီးကလည်း စစ်ရေးအရှိန်အဟုန် တွေကို လက်တွေ့လျော့နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အ လုပ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်၊ ဆရာကြီးတို့ ဘက် က အဲဒါကို စောင့်ကြည့်ပြီး ကျွန် တော်တို့ဘက်ကလုပ်တာ မှန်ကန် တယ်ဆိုရင် ဆရာကြီးတို့ဘက်က လည်း အဲဒါကို လုပ်ပေးဖို့ တင်ပြ ချင်ပါတယ်''ဟု ဝန်ကြီးဦးအောင်မင်း က KIO ဆွေးနွေးရေးအဖွဲ့ ခေါင်း ဆောင်များကို ပြောကြားခဲ့သည်။
ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်း လိုက်ပါလာခဲ့သော်လည်း KIA ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွမ်မော်တက်ရောက်လာခြင်းမရှိ သည့်အတွက် ဆွေးနွေးပွဲသို့ လိုက် ပါလာခြင်းမပြုဘဲ မူဆယ်မြို့တွင် နေရစ်ခဲ့သည်။ ယင်းကြောင့် ယခု ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဆုံး ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
''ကျွန်တော်တို့ အနေနဲ့ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီး ရဲ့ အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း နာခံလိုက်နာလျက်ရှိပါတယ်။ ဒီနေ့ အချိန်အထိ မိမိကိုယ်ကိုယ် မိမိကာ ကွယ်တာကလွဲရင် ထိုးစစ်ဆင်တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး'' ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်ထွန်းထွန်းနောင် ကပြောကြားခဲ့သည်။
KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင် ဦးလဖိုင်လ ကမူ တပ်မ တော်ဘက်က ခုခံကာကွယ်နေသည် ဆိုသော်လည်း ဆယ်မိုင်ခန့်အထိ ရောက်ရှိနိုင်သော ၁ဝ၅ မမ၊ ၁၂ဝ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် နေခြင်းအပေါ် နားမလည်ဖြစ်မိ ကြောင်း မေးခွန်းထုတ်ခဲ့သည်။
ယခုလပိုင်းအတွင်း၌ အစိုးရ တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ပေါင်း ၁ဝဝ နီးပါးဖြစ်ပွားခဲ့ပြီး ဗဟို ဌာနချုပ်သို့ပင် ၁ဝ၅ မမ လက် နက်ကြီးဖြင့် ပစ်ခတ်မှုမှာ အောက် တိုဘာလ ၂၄ ရက်မှ၊ ၂၈ ရက်အ ထိ ၄ ရက်အတွင်း ၁၄ ကြိမ်ရှိခဲ့ ကြောင်း KIO ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ဝင် ဦးဇော်ရော် က ပြော သည်။
KIA, KIO နှင့် နိုင်ငံတော်အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမှုများကို ၁၉၆၃ ခုနှစ်၊ ၁၉၈ဝ-၈၁ ခုနှစ်၊ ၁၉၉၃-၉၄ ခုနှစ်များတွင်အကြိမ် ကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၂၄ ရက်တွင် နှစ်ဖက် သဘောတူအပစ်အခတ်ရပ်စဲရေးစာ ချုပ်ကို ချုပ်ဆိုခဲ့သော်လည်း ၁၇ နှစ်ကြာမြင့်ပြီးနောက် ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် တိုက်ပွဲများပြန် လည်ဖြစ်ပွားကာ အပစ်အခတ်ရပ် ဆိုင်းရေးစာချုပ် ပျက်ပြယ်ခဲ့သည်။
KIO နှင့် ဝန်ကြီးဦးအောင်မင်း တို့သည် ၂ဝ၁၂ ခုနှစ်အတွင်း ထိုင်း နိုင်ငံ၊ ချင်းရိုင်မြို့တွင် တစ်ကြိမ်၊ ဗန်းမော်ခရိုင် မိုင်ဂျာယန်မြို့တွင် ၂ ကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယခုရွှေလီမြို့၌ တွေ့ဆုံမှုသည် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေး ရေးအဖွဲ့တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

အေးချမ်းမွန်မှ  Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
လက်ရှိတိုးပွားနေဆဲဖြစ်သော မြန်မာအစိုးရတပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့ အကြား စစ်ရေးအရှိန်အဟုန်များကို လက်တွေ့လျော့ချနိုင်အောင်
အလုပ် ဖြင့် သက်သေပြဆောင်ရွက်သွားမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကတိပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အောက်တိုဘာလ ၃ဝ ရက်က ပြု လုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIOတို့၏ ပထမဦးဆုံးအကြိမ် တရား ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်၊ တစ် ဖက်မှာလည်း စစ်ရေးအရှိန်အဟုန် တွေလျော့ပေးဖို့၊ အဲဒါကို တင်ပြထား တာရှိပါတယ်၊ ဒီမှာရှိတဲ့ တိုင်းမှူး ကြီးကလည်း စစ်ရေးအရှိန်အဟုန် တွေကို လက်တွေ့လျော့နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အ လုပ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်၊ ဆရာကြီးတို့ ဘက် က အဲဒါကို စောင့်ကြည့်ပြီး ကျွန် တော်တို့ဘက်ကလုပ်တာ မှန်ကန် တယ်ဆိုရင် ဆရာကြီးတို့ဘက်က လည်း အဲဒါကို လုပ်ပေးဖို့ တင်ပြ ချင်ပါတယ်''ဟု ဝန်ကြီးဦးအောင်မင်း က KIO ဆွေးနွေးရေးအဖွဲ့ ခေါင်း ဆောင်များကို ပြောကြားခဲ့သည်။
ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်း လိုက်ပါလာခဲ့သော်လည်း KIA ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွမ်မော်တက်ရောက်လာခြင်းမရှိ သည့်အတွက် ဆွေးနွေးပွဲသို့ လိုက် ပါလာခြင်းမပြုဘဲ မူဆယ်မြို့တွင် နေရစ်ခဲ့သည်။ ယင်းကြောင့် ယခု ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဆုံး ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
''ကျွန်တော်တို့ အနေနဲ့ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီး ရဲ့ အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း နာခံလိုက်နာလျက်ရှိပါတယ်။ ဒီနေ့ အချိန်အထိ မိမိကိုယ်ကိုယ် မိမိကာ ကွယ်တာကလွဲရင် ထိုးစစ်ဆင်တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး'' ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်ထွန်းထွန်းနောင် ကပြောကြားခဲ့သည်။
KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင် ဦးလဖိုင်လ ကမူ တပ်မ တော်ဘက်က ခုခံကာကွယ်နေသည် ဆိုသော်လည်း ဆယ်မိုင်ခန့်အထိ ရောက်ရှိနိုင်သော ၁ဝ၅ မမ၊ ၁၂ဝ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် နေခြင်းအပေါ် နားမလည်ဖြစ်မိ ကြောင်း မေးခွန်းထုတ်ခဲ့သည်။
ယခုလပိုင်းအတွင်း၌ အစိုးရ တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ပေါင်း ၁ဝဝ နီးပါးဖြစ်ပွားခဲ့ပြီး ဗဟို ဌာနချုပ်သို့ပင် ၁ဝ၅ မမ လက် နက်ကြီးဖြင့် ပစ်ခတ်မှုမှာ အောက် တိုဘာလ ၂၄ ရက်မှ၊ ၂၈ ရက်အ ထိ ၄ ရက်အတွင်း ၁၄ ကြိမ်ရှိခဲ့ ကြောင်း KIO ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ဝင် ဦးဇော်ရော် က ပြော သည်။
KIA, KIO နှင့် နိုင်ငံတော်အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမှုများကို ၁၉၆၃ ခုနှစ်၊ ၁၉၈ဝ-၈၁ ခုနှစ်၊ ၁၉၉၃-၉၄ ခုနှစ်များတွင်အကြိမ် ကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၂၄ ရက်တွင် နှစ်ဖက် သဘောတူအပစ်အခတ်ရပ်စဲရေးစာ ချုပ်ကို ချုပ်ဆိုခဲ့သော်လည်း ၁၇ နှစ်ကြာမြင့်ပြီးနောက် ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် တိုက်ပွဲများပြန် လည်ဖြစ်ပွားကာ အပစ်အခတ်ရပ် ဆိုင်းရေးစာချုပ် ပျက်ပြယ်ခဲ့သည်။
KIO နှင့် ဝန်ကြီးဦးအောင်မင်း တို့သည် ၂ဝ၁၂ ခုနှစ်အတွင်း ထိုင်း နိုင်ငံ၊ ချင်းရိုင်မြို့တွင် တစ်ကြိမ်၊ ဗန်းမော်ခရိုင် မိုင်ဂျာယန်မြို့တွင် ၂ ကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယခုရွှေလီမြို့၌ တွေ့ဆုံမှုသည် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေး ရေးအဖွဲ့တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

  Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis