menu

Monday 5 November 2012

လူတစ်ထောင်လျှင် ရဲတစ်ယောက်သာရှိခြင်းကြောင့် ဥပဒေစိုးမိုးရေး အတွက် ပြည်သူများပါဝင်ရန်လိုအပ်ဟုဆို

Photo: လူတစ်ထောင်လျှင် ရဲတစ်ယောက်သာရှိခြင်းကြောင့် ဥပဒေစိုးမိုးရေး
အတွက် ပြည်သူများပါဝင်ရန်လိုအပ်ဟုဆို

လူတစ်ထောင်လျှင် ရဲတစ် ယောက်သာရှိခြင်းကြောင့် တရား ဥပဒေစိုးမိုးရေး
အတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ရဲဦးရေက ကွာဟလွန်းတဲ့ အတွက်ကြောင့် အမှုဖြစ်ရင်ချက်ချင်း မသိနိုင်
ဘူးလေ၊ ပြည်သူတွေကလည်း ကိုယ်ပစ္စည်းဥစ္စာတွေကို ထိန်းသိမ်း ဖို့အတွက် ကိုယ့်အဆင့်နဲ့ကိုယ်လိုက် ပြီး CCTV တို့ လုံခြုံမှုဆိုင်ရာ
တွေကို ပြင်ဆင်ထားသင့်တယ်၊ ထစ်ခနဲရှိ ရဲတွေမသိဘူးလားဆိုပြီး တိုက်ရိုက် အပြစ်ပုံချလို့မရဘူး''ဟု ၄င်းက ပြောသည်။

ရပ်ကွက်နှင့် နှိုင်းယှဉ် ပါက လွန်စွာကွာဟမှုများရှိပြီး သက်ဆိုင်ရာအမှု
ကိစ္စများအား ချက် ချင်းမသိရှိနိုင်ကြောင်း ၄င်းကထပ်မံ ပြောသည်။
လက်ရှိရန်ကုန်မြို့နှင့် အနီးတစ် ဝိုက်ဒေသများတွင်ပြစ်မှုဆိုင်ရာကျူး လွန်မှုမှာ တစ်နေ့လျှင် ၂ဝ နှင့် ၃ဝ ကြားရှိပြီး လောင်းကစားမှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု တို့ မှာ အဖြစ်များဆုံးအမှုများ ဖြစ်ကြောင်း သိရသည်။

''တကယ်ဆိုအဲဒါက ခေါင်းရှောင်တာပါ၊ တာဝန်ယူမှု၊ တာဝန်သိမှု စိတ်အပြည့်အဝရှိရင် အမြဲတမ်း နိုးကြားဆောင်ရွက်ရမှာပါ၊ အစိုးရ ကလည်း ပြည်သူတွေကို ကာကွယ် ဖို့အတွက် သက်ဆိုင်ရာဒေသအသီး သီးမှာ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးတွေကို ခန့်အပ်ထားပေးထား တာပါ၊ ပြည်သူတွေအနေနဲ့ကတော့ ကိုယ့်မိသားစု၊ စားဝတ်နေရေးကို
ဖြေရှင်းနေရတော့ ဂရုမထားနိုင်ပါ ဘူး'' ဟု ဥပဒေအကြံပေးပညာရှင် ဦးတင်သန်းဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂ဝ၁၂- ၂ဝ၁၃ ခုနှစ် ဘဏ္ဍာငွေခွဲဝေမှု ခေါင်း စဉ်အလိုက်ရံပုံငွေ ခွဲဝေမှုမှာ ၉၁ ဒသမ ၅ ဘီလီယံရှိပြီး ခရီးစရိတ်
ခေါင်းစဉ်အောက်တွင် ရံပုံငွေခွဲဝေ ၂၉၄ ဒသမ ဝ၇၉ သန်းကြောင်း သိရသည်။

အေးချမ်းမွန်မှ  Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google

  Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis