menu

Monday 5 November 2012

"ဒီနှစ်မှာသာ အကယ်ဒမီ ထပ်ရခဲ့မယ်ဆိုရင် တအား ဝမ်းသာမိမှာပါလို့ဆိုသူ သက်မွန်မြင့်"

Photo: "ဒီနှစ်မှာသာ အကယ်ဒမီ ထပ်ရခဲ့မယ်ဆိုရင် တအား ဝမ်းသာမိမှာပါလို့ဆိုသူ သက်မွန်မြင့်"

ဒါရိုက်တာ မလိခစိုးထိုက်အောင် ရိုက်ကူးတဲ့ “ကျွန်မသာ စိတ်မကောက်ခဲ့ဘူး ဆိုရင်” ဇာတ်ကားမှာ သက်မွန်မြင့်က အောင်ရဲလင်းနဲ့ အတူ သရုပ်ဆောင် နေပါတယ်။ လူငယ် ဖန်စီဇာတ်ကား ဖြစ်ကြောင်းပြောတဲ့ သက်မွန်မြင့်က အကယ်ဒမီ ပေးပွဲလည်း နီးလာပြီဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။

ဒီနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေ ထဲမှာ သက်မွန်မြင့်ရဲ့ ဟာသဇာတ်ကား တွေရော၊ ဒရာမာဇာတ်ကားတွေပါ ပါ ဝင်ပါတယ်။ ပရိသတ်တွေ မကြည့်ရသေးသလို သက်မွန်မြင့် ကိုယ်တိုင် လည်း မကြည့်ရသေးတဲ့ အကယ်ဒမီစာရင်းဝင် “ဝဋ်ကြွေး” ဇာတ်ကားအတွက် ရင်ခုန်သံကိုလည်း သက်မွန်မြင့်က…
”သက်မွန်ကိုယ်တိုင်လည်း ဝဋ်ကြွေး ဇာတ်ကားကို မကြည့်ရသေးတော့ သိပ် တော့ မပြောတတ်ဘူး။ ရရင်လည်း ယူမှာပေါ့။ မရရင်လည်း မယူဘူးပေါ့ နော်။ သက်မွန်ကတော့ ရိုက်တဲ့ကားတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့ပါတယ်” လို့ပြောပါတယ်။
အကောင်းဆုံးဖြစ်အောင် ကိုယ့် ဘက်က ကြိုးစားခဲ့ပြီး ရလဒ်ကတော့ ကံပေါ့ လို့ဆိုတဲ့ သက်မွန်မြင့်က ဒီနှစ်မှာသာ အကယ်ဒမီထပ် ရခဲ့မယ်ဆိုရင်တော့ တအား ဝမ်းသာမှာပါပဲလို့ ဆိုပါတယ်။ အကယ်ဒမီက နီးနေပြီဖြစ်ပေမယ့် အဝတ်အစား၊ အပြင်အဆင်တွေ အတွက်တော့ ဘာမှမစီစဉ် ရသေးကြောင်း လည်း သက်မွန်မြင့်ကပြောပါတယ်။ ရန်ကုန်မှာကျင်းပမယ့် အကယ်ဒမီ ပေးပွဲအပေါ် သက်မွန်မြင့်ရဲ့အမြင်က “ရန်ကုန်မှာ ကျင်းပတော့ ခရီးဝေး သွားရတဲ့ဒုက္ခက ငြိမ်း သွားမယ်။ အဓိကကတော့ ဒါပါပဲ။ ကျန်တာကတော့ ဟိုမှာပဲဖြစ်ဖြစ်၊ ဒီမှာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းပါတယ်။ တစ်ခုရှိတာက ဟိုမှာကျတော့ ကိုယ့်လူတွေ စုမိသွားတယ်။ အနုပညာ လောကသားတွေက အချိန်ရှားတော့ စုမိဖို့သိပ်မလွယ်ဘူးလေ။ အဲဒီလို စုပြီး တပျော်တပါး သွား ရတော့ ပျော်စရာကောင်းတယ်။ အသက်ကြီးတဲ့ လူတွေ အတွက်တော့ သွားရလာရ ခက်တယ်။ ရန်ကုန်မှာလုပ်ရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့” လို့ သက်မွန်မြင့်က ဆိုပါတယ်။

ဝဿန်

အေးချမ်းမွန်မှ  Popular Academy တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Academy
ဒါရိုက်တာ မလိခစိုးထိုက်အောင် ရိုက်ကူးတဲ့ “ကျွန်မသာ စိတ်မကောက်ခဲ့ဘူး ဆိုရင်” ဇာတ်ကားမှာ သက်မွန်မြင့်က အောင်ရဲလင်းနဲ့ အတူ သရုပ်ဆောင် နေပါတယ်။ လူငယ် ဖန်စီဇာတ်ကား
ဖြစ်ကြောင်းပြောတဲ့ သက်မွန်မြင့်က အကယ်ဒမီ ပေးပွဲလည်း နီးလာပြီဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။

ဒီနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေ ထဲမှာ သက်မွန်မြင့်ရဲ့ ဟာသဇာတ်ကား တွေရော၊ ဒရာမာဇာတ်ကားတွေပါ ပါ ဝင်ပါတယ်။ ပရိသတ်တွေ မကြည့်ရသေးသလို သက်မွန်မြင့် ကိုယ်တိုင် လည်း မကြည့်ရသေးတဲ့ အကယ်ဒမီစာရင်းဝင် “ဝဋ်ကြွေး” ဇာတ်ကားအတွက် ရင်ခုန်သံကိုလည်း သက်မွန်မြင့်က…
”သက်မွန်ကိုယ်တိုင်လည်း ဝဋ်ကြွေး ဇာတ်ကားကို မကြည့်ရသေးတော့ သိပ် တော့ မပြောတတ်ဘူး။ ရရင်လည်း ယူမှာပေါ့။ မရရင်လည်း မယူဘူးပေါ့ နော်။ သက်မွန်ကတော့ ရိုက်တဲ့ကားတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့ပါတယ်” လို့ပြောပါတယ်။
အကောင်းဆုံးဖြစ်အောင် ကိုယ့် ဘက်က ကြိုးစားခဲ့ပြီး ရလဒ်ကတော့ ကံပေါ့ လို့ဆိုတဲ့ သက်မွန်မြင့်က ဒီနှစ်မှာသာ အကယ်ဒမီထပ် ရခဲ့မယ်ဆိုရင်တော့ တအား ဝမ်းသာမှာပါပဲလို့ ဆိုပါတယ်။ အကယ်ဒမီက နီးနေပြီဖြစ်ပေမယ့် အဝတ်အစား၊ အပြင်အဆင်တွေ အတွက်တော့ ဘာမှမစီစဉ် ရသေးကြောင်း လည်း သက်မွန်မြင့်ကပြောပါတယ်။ ရန်ကုန်မှာကျင်းပမယ့် အကယ်ဒမီ ပေးပွဲအပေါ် သက်မွန်မြင့်ရဲ့အမြင်က “ရန်ကုန်မှာ ကျင်းပတော့ ခရီးဝေး သွားရတဲ့ဒုက္ခက ငြိမ်း သွားမယ်။ အဓိကကတော့ ဒါပါပဲ။ ကျန်တာကတော့ ဟိုမှာပဲဖြစ်ဖြစ်၊ ဒီမှာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းပါတယ်။ တစ်ခုရှိတာက ဟိုမှာကျတော့ ကိုယ့်လူတွေ စုမိသွားတယ်။ အနုပညာ လောကသားတွေက အချိန်ရှားတော့ စုမိဖို့သိပ်မလွယ်ဘူးလေ။ အဲဒီလို စုပြီး တပျော်တပါး သွား ရတော့ ပျော်စရာကောင်းတယ်။ အသက်ကြီးတဲ့ လူတွေ အတွက်တော့ သွားရလာရ ခက်တယ်။ ရန်ကုန်မှာလုပ်ရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့” လို့ သက်မွန်မြင့်က ဆိုပါတယ်။

ဝဿန်

  Popular Academy 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis