menu

Monday 5 November 2012

အင်တာနက်ဆိုသည်မှာ ပိတ်ဆို့တားဆီးရန် မဟုတ်ကြောင်း စတင်တီထွင်သူကပြောကြား


World Wide Web (WWW) ကို စတင်တီထွင်ခဲ့ သူ ဗြိတိသျှတီထွင်ပညာရှင် တင်မ် ဘာနာလီးသည် အစိုးရများအနေဖြင့် အင်တာနက် ပိတ်ဆို့တားဆီးမှုများကို လုပ် ပိုင်ခွင့်မရှိကြောင်း ဖွင့်ဟပြောကြားလိုက် သည်။
ဘာနာလီးက အင်တာနက်ကို ပိတ်ဆို့ ခြင်းသည် အစိုးရများအနေဖြင့် မိမိတို့အုပ်ချုပ်ရေးတွင် အားနည်းချက်ကို ပြနေကြောင်း၊ ဒစ်ဂျစ်တယ်အချက်အလက်စီးဆင်းမှုကို အုပ်ချုပ်သူများ ပိတ်ဆို့တားဆီးခွင့်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သူက အင်တာနက်ဆိုသည်မှာ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ကင်းလွတ်စေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံအချင်းချင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်သွယ်ပိုင်ခွင့် ရှိကြောင်း၊ ထိုဆက်သွယ်ပိုင်ခွင့်ကို ပိတ်ဆို့ တားဆီးရန်မလိုအပ်ကြောင်း၊ ချုပ်ကိုင်ခြင်းသည် နိုင်ငံတကာကိုလည်း မလေးစားရာရောက်ကြောင်း၊ ထိုသို့ ပိတ်ဆို့တားဆီးမှုများကို တန်ပြန်တိုက်ခိုက်ရန် လိုအပ်ကြောင်း လန်ဒန်တွင် ပြောကြားခဲ့သည်။
ပိတ်ဆို့တားဆီးမှုအနည်းဆုံးနိုင်ငံများ အဖြစ် ဆွီဒင်၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နှင့် ဖင်လန်နိုင်ငံများကို အစဉ်လိုက်သတ်မှတ်ထားကြောင်း၊ ယီမင်နိုင်ငံသည် အောက်ဆုံးတွင်ရှိကြောင်း သိရသည်။
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis