menu

Thursday 4 October 2012

ကံ့ကော်မြိုင်အငြိမ့်နှင့် လွမ်းဆွတ်တမ်းတ တက္ကသိုလ်ဘ၀ ဂီတဖျော်ဖြေပွဲ ကျင်းပ




thn-10-4-7
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းရန်ပုံငွေအဖြစ် ကံ့ကော်မြိုင်အငြိမ့်နှင့် လွမ်းဆွတ်တမ်းတ တက္ကသိုလ်ဘ၀ဂီတဖျော်ဖြေပွဲကို စက်တင်ဘာလ ၃၀ရက်နေ့က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။
ယင်းဖျော်ဖြေပွဲတွင် ပထမဆုံးအစီအစဉ်များကို ရန်ကုန်တက္ကသိုလ်အနုပညာအသင်း ကျောင်းသူ၊ ကျောင်းသားဟောင်းများက 'ပွဲဦးပတ်ယိုင်နှင့် ပွဲဦးအပျိုတော်'၊ ကနည်းသုံးဟန်ဖြင့် တင်ဆက်သည့် 'သုံးပန်လှ'၊ ' စည်တော်ကြီး'၊ ' ရွှေပြည်စိုး'၊ 'ဘိုးဘွားပေးတဲ့အသံ' စသည့်အစီအစဉ်များကို တင်ဆက်ခဲ့သည်။ အစီအစဉ် တင်ဆက်မှုများနှင့်အတူ ရန်ကုန်တက္ကသိုလ်နှင့် ပတ်သတ်သည့် အမှတ်တရ စကားများပြောဆိုခဲ့ကြသည်။
ဒုတိယပိုင်းအစီအစဉ်တွင် အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့နှင့်အတူ ကိုမြသိန်းနှင့်အဖွဲ့က ' မြကျွန်းညိုညို' သီချင်းကို စတင်ဖျော်ဖြေခဲ့သည်။ ထို့နောက် ရဲထိုက်၊ တော်ဝင်ကိုကိုထွေး၊ ကိုမင်းနောင်၊ ချိုပြုံး၊ ဗညားဟန်၊ သဲနုဝါ၊ ကေတုဝင်းထွဋ်၊  နွမ်ဂျာသိုင်း၊ ရဲရင့်ဝေလွင်နှင့် သုတေသီ တင်အောင်ရွှေ၊ ဖိုးသောကြာ၊ အလင်္ကာဝတ်ရည် မောင်မောင်အေး၊ တို့က တက္ကသိုလ်နောက်ခံ မြန်မာသံစဉ်တေးသီချင်းများဖြစ်သည့် ' တက္ကသိုလ်ကျောင်းသူတစ်ဦး'၊ ' တက္ကသိုလ်ကျောင်းက ငွေလမင်း'၊ ' ချစ် ရက်ရှည်ရှည် အင်းလျားမြေ' စသည့်သီချင်းများ သီဆိုဖျော်ဖြေခဲ့သည်။

ယင်းဖျော်ဖြေမှုများနှင့်အတူ တက္ကသိုလ် ငွေရတု၊ ရွှေရတုနှင့် စိန်ရတုခေတ် ၀တ်စားဆင်ယင် ထုံးဖွဲ့မှုများကိုလည်း တင်ဆက်ခဲ့သည်။
တတိယပိုင်းအစီအစဉ် ဖျော်ဖြေ မှုတွင် ရန်ကုန်တက္ကသိုလ်အနုပညာအသင်း ကျောင်းသားဟောင်းများ၏ 'ကံကော်မြိုင်အငြိမ့်'ကို မင်းသမီးများအဖြစ် ဆုမြတ်နိုးဦးနှင့်ဖြူစင်ဝင်းရှိန် တို့ကပြခဲ့သည်။ လူရွှင်တော်များဖြစ်သည့် ချစ်စရာ၊ အရိုင်း၊ ကင်း ကောင်၊ ဖိုးဖြူ၊ ညောင်ညောင်နှင့် ငှက်ပျောကြော်တို့ကလည်း တစ်ချိန်တခါက တက္ကသိုလ်နှင့် ယနေ့ခေတ် တက္ကသိုလ်များနှင့် ပတ်သက်သည့် ဟာသပျက်လုံးများဖြင့် တင်ဆက်ခဲ့သည်။
စတုတ္ထမြောက်အစီအစဉ်တွင် Plus Three Band နှင့်အတူ အောင်နိုင် က တစ်ချိန်က တက္ကသိုလ်တွင် နာမည်ကျော်ခဲ့သည့် ' ၈/၈၂ အင်းလျား'၊ ' မောင့်သီရိမေ' သီချင်းတို့ဖြင့် အဖွင့်ကို သီဆိုခဲ့သည်။ ထို့နောက် အဲမွန်မြတ်ဖုန်း၊ ခိုင်ထူး၊ နီနီခင်ဇော်၊ ဂျက်ဆန်ထွန်း၊ နန္ဒဧရာ၊ ရှင်ဖုန်း၊ စည်သူလွင်၊ ကဗျာဘွဲ့မှူး၊ ဇော်ပိုင်၊ ခေတ်စည်သူ၊ မီမီဝင်းဖေ၊ ဇော်လွင်၊ နော်လီဇာ၊ အဲလက်စ်၊ ခင်ဘုဏ်း၊ တူးတူး၊ မေခလာ၊ ဆောင်းဦးလှိုင်နှင့် ကိုင်ဇာ တို့က ' ကျောင်းတံခါးကြီး'၊ ' တို့သတိရနေမှာပါ'၊ ' အဆောင်ရှေ့ကသီချင်းသံ'၊ ' အဓိပတိလမ်းကခြေရာများ'၊ မမဖိုင်နယ်သူ'၊ ' အဆောင်သူအလွမ်းပြေ'၊ ' မာလာဆောင် မောင်မလာဘူး'၊'အင်းလျားလမ်း'၊ 'တက္ကသိုလ်နေ၀င်မှာစိုးတယ်'၊ 'တစ်ချိန်တုန်းက တက္ကသိုလ်' အစရှိသည့်တက္ကသိုလ်နှင့်ပတ်သက် သည့်သီချင်းများကို သီဆိုဖျော်ဖြေခဲ့ကြသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis