menu

Thursday 4 October 2012

ကမ်းနီးသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးရန် အဆိုကို ပြည်နယ်လွှတ်တော်ကအတည်ပြု

Photo: ကမ်းနီးသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးရန် အဆိုကို ပြည်နယ်လွှတ်တော်ကအတည်ပြု

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

ကမ်းဝေးမှကမ်းနီသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးပေးရန်နှင့် ငါးသယံဇာတမပြုန်းတီးရေး အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်  စတုတ္ထပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း(ခ)ဘိုးမင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

 ကမ်းဝေးငါးဖမ်းလုပ်ကွက်တွင်အသုံးပြုနေသည့်  နိုင်ငံတကာအဆင့်ရှိငါးဖမ်းသင်္ဘောများသည် ကမ်းနီးငါး ဖမ်းလုပ်ကွက်များသို့ ဝင်ရောက်ငါးဖမ်းလာသည့်အတွက်ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များနစ်နာကြောင်းကိုလည်း သိရသည်။ 

''နယ်မြေကျူးကျော်ပြီး ကမ်းနီးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပိုက်တွေနဲ့ဖမ်းနေတဲ့အတွက်ကြောင့်ငါးတွေပြုန်းတီးလာတယ်၊ ဆက်လက်ပြီး အဲ့လိုကမ်းနီးလုပ်ကွက်ဝင်ပြီး ဖမ်းမယ်ဆိုရင် ရခိုင်ပြည်နယ်မှာငါးတွေပြုန်းတီးသွားမယ်၊ ဒါကိုဗဟိုအစိုးရကနေပြီး တိကျကျတားဆီးပေးဖို့ကိစ္စကို တောင်းဆိုသွားဖို့အတွက် အစိုးရကိုတိုက်တွန်းတဲ့ အဆိုဖြစ်ပါတယ်'' ဟု ဦးဘိုးမင်း ကပြောသည်။

ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ကွက်များတွင်ကမ်းဝေးငါးဖမ်းလုပ်ငန်းသမားများကကမ်းနီးသို့ဝင်၍ငါးမဖမ်းဖို့ နိုင်ငံတော်အစိုးရသို့ တောင်းဆိုသည့်အဆိုဖြစ်သည်ဟု သေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း(ခ)ဘိုးမင်းကပြောသည်။
 ''ပြည်သူတွေထိခိုက်နေတာကငါးရှာမရဖြစ်နေတယ်။အပြင်လူတွေဝင်ဖမ်းတဲ့အတွက်ကြောင့် ကမ်းဝေးမှာ ငါးဖမ်းခွင့်ရှိတဲ့သူတွေက ကမ်းနီးငါးဖမ်းလုပ်ကွက်မှာ လာပြီးဖမ်းတယ်၊ လုပ်သားတွေကတော့ ကမ်းနီးမှာဖမ်းခွင့်ရှိတဲ့ငါးတွေ ဖမ်းလို့မရတဲ့အခါ လုပ်သားတွေ နစ်နာကြတယ်''ဟု ၄င်းက ဆက်ပြောသည်။

ထိုကဲ့သို့ ကမ်းဝေးငါးဖမ်းလုပ်ကွက်တွင် အသုံးပြုသည့် ငါးဖမ်းပိုက်များဖြင့် ကမ်းနီးတွင် အသုံးပြုနေကြသဖြင့် သားငါးပေါက်များလည်း ပြုန်းတီးလာကြောင်း ရေလုပ်ငန်းရှင်တို့က ဆိုသည်။

 ''ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းပြဿနာကတော့ အထူးသဖြင့် မြိတ်၊ထားဝယ်ဘက်ကလာတဲ့  နိုင်ငံတကာငါးဖမ်းသင်္ဘောတွေကို အစိုးရအနေနဲ့ ခွင့်ပြုထားတာတွေရှိတယ်၊ အဲ့လိုခွင့်ပြုထားတဲ့အထဲမှာ ဒီနေရာနဲ့ မသင့်တော် မဆွဲရဆိုတဲ့ ပိုက်တွေနဲ့ ဝင်ပြီးဆွဲတယ်"ဟု စစ်တွေမှရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 ရခိုင်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင်တင်သွင်းခဲ့သည့်လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးမင်း၏ ရခိုင်ပြည်နယ်ပင်လယ် ကမ်းနီးငါးဖမ်းလုပ်ငန်းတွင်ရေလုပ်သားများ၏ ကမ်းနီးငါးဖမ်းလုပ်ငန်းများလုံခြုံရေးနှင့်အင်အားကြီးကမ်းဝေးငါးဖမ်းလုပ်ငန်းများဝင်ရောက်ဖမ်းဆီးကြခြင်းမှထိရောက်စွာာကွယ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတောင်းဆိုရန် ပြည်နယ်အစိုးရအား       တိုက်တွန်းထားကြောင်းကိုလည်း သိရသည်။

၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး မဲခွဲစရာမလိုပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သဘောတူသဖြင့်အတည်ဖြစ်သွားကြောင်းကိုလည်း သိရသည်။

အလားတူ ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မြောက်ဦးမြို့ကို ခရိုင်မြို့အဆင့်တိုးမြှင်ပေး သင့်ပါကြောင်း၊ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား   ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၈၄အရ ပြဌာန်းလိုက်သောရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေ  နှင့်အညီ သေချာတိကျမြန်ဆန်ဆောင်ရွက်ပေးရန် စသည့်အဆိုများအား လွှတ်တော်ကိုယ်စားလှယ်များက တင် သွင်းခဲ့ကြသည်။

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး စတုတ္ထပုံမှန်အစည်းအဝေးသည် အောက်တိုဘာလ(၂)ရက် အင်္ဂါနေ့၌ ပြီးဆုံးခဲ့သည်။

News from:  Myit Makha Mediagroup
Post by : Aye Chan Mon
ကမ်းဝေးမှကမ်းနီသို့လာရောက်ငါးဖမ်းကြသူများအား တားဆီးပေးရန်နှင့် ငါးသယံဇာတမပြုန်းတီးရေး အဆိုကို ရခိုင်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန
်အစည်းအဝေးဆဋ္ဌမနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း(ခ)ဘိုးမင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကမ်းဝေးငါးဖမ်းလုပ်ကွက်တွင်အသုံးပြုနေသည့် နိုင်ငံတကာအဆင့်ရှိငါးဖမ်းသင်္ဘောများသည် ကမ်းနီးငါး ဖမ်းလုပ်ကွက်များသို့ ဝင်ရောက်ငါးဖမ်းလာသည့်အတွက်ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များနစ်နာကြောင်းကိုလည်း သိရသည်။

''နယ်မြေကျူးကျော်ပြီး ကမ်းနီးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပိုက်တွေနဲ့ဖမ်းနေတဲ့အတွက်ကြောင့်ငါးတွေပြုန်းတီးလာတယ်၊ ဆက်လက်ပြီး အဲ့လိုကမ်းနီးလုပ်ကွက်ဝင်ပြီး ဖမ်းမယ်ဆိုရင် ရခိုင်ပြည်နယ်မှာငါးတွေပြုန်းတီးသွားမယ်၊ ဒါကိုဗဟိုအစိုးရကနေပြီး တိကျကျတားဆီးပေးဖို့ကိစ္စကို တောင်းဆိုသွားဖို့အတွက် အစိုးရကိုတိုက်တွန်းတဲ့ အဆိုဖြစ်ပါတယ်'' ဟု ဦးဘိုးမင်း ကပြောသည်။

ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ကွက်များတွင်ကမ်းဝေးငါးဖမ်းလုပ်ငန်းသမားများကကမ်းနီးသို့ဝင်၍ငါးမဖမ်းဖို့ နိုင်ငံတော်အစိုးရသို့ တောင်းဆိုသည့်အဆိုဖြစ်သည်ဟု သေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း(ခ)ဘိုးမင်းကပြောသည်။
''ပြည်သူတွေထိခိုက်နေတာကငါးရှာမရဖြစ်နေတယ်။အပြင်လူတွေဝင်ဖမ်းတဲ့အတွက်ကြောင့် ကမ်းဝေးမှာ ငါးဖမ်းခွင့်ရှိတဲ့သူတွေက ကမ်းနီးငါးဖမ်းလုပ်ကွက်မှာ လာပြီးဖမ်းတယ်၊ လုပ်သားတွေကတော့ ကမ်းနီးမှာဖမ်းခွင့်ရှိတဲ့ငါးတွေ ဖမ်းလို့မရတဲ့အခါ လုပ်သားတွေ နစ်နာကြတယ်''ဟု ၄င်းက ဆက်ပြောသည်။

ထိုကဲ့သို့ ကမ်းဝေးငါးဖမ်းလုပ်ကွက်တွင် အသုံးပြုသည့် ငါးဖမ်းပိုက်များဖြင့် ကမ်းနီးတွင် အသုံးပြုနေကြသဖြင့် သားငါးပေါက်များလည်း ပြုန်းတီးလာကြောင်း ရေလုပ်ငန်းရှင်တို့က ဆိုသည်။

''ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းပြဿနာကတော့ အထူးသဖြင့် မြိတ်၊ထားဝယ်ဘက်ကလာတဲ့ နိုင်ငံတကာငါးဖမ်းသင်္ဘောတွေကို အစိုးရအနေနဲ့ ခွင့်ပြုထားတာတွေရှိတယ်၊ အဲ့လိုခွင့်ပြုထားတဲ့အထဲမှာ ဒီနေရာနဲ့ မသင့်တော် မဆွဲရဆိုတဲ့ ပိုက်တွေနဲ့ ဝင်ပြီးဆွဲတယ်"ဟု စစ်တွေမှရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင်တင်သွင်းခဲ့သည့်လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးမင်း၏ ရခိုင်ပြည်နယ်ပင်လယ် ကမ်းနီးငါးဖမ်းလုပ်ငန်းတွင်ရေလုပ်သားများ၏ ကမ်းနီးငါးဖမ်းလုပ်ငန်းများလုံခြုံရေးနှင့်အင်အားကြီးကမ်းဝေးငါးဖမ်းလုပ်ငန်းများဝင်ရောက်ဖမ်းဆီးကြခြင်းမှထိရောက်စွာာကွယ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတောင်းဆိုရန် ပြည်နယ်အစိုးရအား တိုက်တွန်းထားကြောင်းကိုလည်း သိရသည်။

၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး မဲခွဲစရာမလိုပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သဘောတူသဖြင့်အတည်ဖြစ်သွားကြောင်းကိုလည်း သိရသည်။

အလားတူ ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မြောက်ဦးမြို့ကို ခရိုင်မြို့အဆင့်တိုးမြှင်ပေး သင့်ပါကြောင်း၊ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၈၄အရ ပြဌာန်းလိုက်သောရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေ နှင့်အညီ သေချာတိကျမြန်ဆန်ဆောင်ရွက်ပေးရန် စသည့်အဆိုများအား လွှတ်တော်ကိုယ်စားလှယ်များက တင် သွင်းခဲ့ကြသည်။

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး စတုတ္ထပုံမှန်အစည်းအဝေးသည် အောက်တိုဘာလ(၂)ရက် အင်္ဂါနေ့၌ ပြီးဆုံးခဲ့သည်။

  Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis