အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း se me we 3
အင်တာနက်ဆက်ကြောင်း သက်တမ်းပြည့်ခါနီးပြီဖြစ်၍ အင်တာနက်ဆက်ကြောင်း
အသစ်ဖြစ်သေ
ာ se me we 5 ဖြင့်
ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
သတင်းရရှိသည်။ လက်ရှိ အဆိုပါ se me we 3 အင်တာနက်ဆက်ကြောင်းဖြင့်
နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး se me we 3 ၏ သက်တမ်းမှာ
နှစ်ပေါင်း ၃၀ ကျော် ၀န်းကျင်ဖြစ်ပြီး၊ ယခုအခါ နှစ် ၂၀ ကျော်လာပြီဖြစ်၍
ထိုကဲ့သို့ အင်တာနက်ဆက်ကြောင်း အသစ်ဖြင့်
ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ
တာဝန်ရှိသူကပြောသည်။
အဆိုပါ se me we 5 အင်တာနက်ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအရ cross border transmission capacity တိုးချဲ့ခြင်းနှင့် အဓိက ဖိုင်ဘာလမ်းကြောင်းများကို တည်ဆောက်ရန်အတွက် မူဆည်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ ဖိုင်ဘာဆက်ကြောင်းကို China Unicom နှင့် ပူးပေါင်း၍ တည်ဆောက်မည် ဖြစ်သည်။
7Day News Journal

No comments:
Post a Comment