menu

Thursday 4 October 2012

မြန်မာအလှမယ် မစ္စမြန်မာအင်တာနေရှင်နယ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်


မနန်းခင်ဇေယျာ
အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ ကျင်းပ မယ့် Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြ
ိုင်မှာ ဖြစ်ပါတယ်။

(၅၂)ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီပွဲကြီးမှာ ပါဝင်ဖို့အတွက် Miss Myanmar International ဆုရှင် မနန်းခင်ဇေယျာဟာ
အောက်တိုဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါပြီ။

ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော် မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ် ပြီး မြန်မာနိုင်ငံကိုလည်း ပါဝင်ဖို့အတွက် International
Cultural Association မှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မယ့် မနန်းခင်ဇေယျာက ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်သိပ်မရခဲ့ဘူး
လို့ ဂျပန်နိုင်ငံကို မထွက်ခွာခင်မှာ ပြောခဲ့ပါတယ်။

"ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီပွဲ အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်းလှမ်းတယ်။ ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင်ချိန်
သိပ်မကျန်တော့ဘူး"လို့ အသက် ၂၃ အရွယ် မြန်မာကိုယ်စားပြု
အလှမယ်လေးက ပြောပါတယ်။

ယဉ်ကျေးမှုအသားပေး ပြိုင်ပွဲဖြစ် တာကြောင့် ရတဲ့အချိန်တိုအတွင်းမှာပဲ
မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်မယ့် ဆင်ယင်မှုတွေ ကို ပြင်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လိုအပ်တဲ့ ၀တ်စုံ တွေကို ဒီဇိုင်နာပြည်စိုးအောင်၊ မမဉ္ဇူနဲ့ မသွင်စုထွေးတို့က စီစဉ်ပေးကြပြီး ၀တ်စုံခုနစ်စုံ ၀တ်ဆင်မယ်လို့လည်း ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ဓလေ့အတိုင်း ဆွမ်းအုပ်လေးကိုင်မယ်။ ကုန်းဘောင်ခေတ်ပုံစံ
မြန်မာဝတ်စုံလေးကို ၀တ်မယ်။ ကျွန်မက တစ်ယောက် တည်းသွားရမှာ ဆိုတော့ မိတ်ကပ်လည်း ကိုယ်တိုင်ပြင်ရမှာပါ"လို့ ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့
မနန်းခင်ဇေယျာက ပြောပါတယ်။

အင်္ဂလိပ်နဲ့ ဂျာမန်စကားပြန်အဖြစ် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့ဖူးတဲ့ အလှမယ် လေးက အနုပညာအလုပ်တွေကို အရင်က တစ်ခါမှမလုပ် ခဲ့ဖူးဘူးလို့လည်း ဆိုပါ တယ်။

"အနုပညာကိုတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဒါပေမယ့်
လျှောက်လှမ်းရမယ့်ဘ၀အတွက် ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင်
ဂိုက်လုပ်တာပါ။ ဂိုက်လုပ်ရင်းနဲ့မှ Miss Myanmar International 2012ကို ၀င်ပြိုင်ဖြစ်သွားပြီး မမျှော်လင့်ဘဲ ဆုရခဲ့ တာပါ။ အဲဒါကြောင့် ဂိုက်မှာလည်း အချိန်ပေးပြီး စာကိုမနည်းဖတ်ပြီး လေ့လာထားရတယ်။ အခုဆိုလည်း မစ္စမြန်မာအင်တာနေရှင် နယ်ဆုကို လည်း ခက်ခက်ခဲခဲနဲ့ ရခဲ့တယ်။ အဲဒါကြောင့် နှစ်ခုစလုံးကိုတော့ မစွန့်လွှတ်ချင်ဘူး"လို့ အလုပ်နဲ့ အနုပညာအပေါ် ထားတဲ့ သူရဲ့ခံယူချက်ကိုပြောပါတယ်။

ပြိုင်ပွဲမှာ Miss International၊ 1st Runner-Up ၊ 2nd Runner-Up ဆု တွေအပြင် တခြားဆုတွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါ တယ်။

ထူးခြားတဲ့ ဆုတစ်ခုကတော့ Miss Internet ဆု ဖြစ်ပြီး ကိုယ့်အကြိုက်ဆုံး
အလှမယ်ကို အင်တာနက်ကနေ မဲပေးကြရမှာဖြစ်ပါ တယ်။ မဲအများဆုံး
ရရှိတဲ့ အလှမယ်က ဒီဆုကို ရရှိမှာဖြစ်တာကြောင့် မြန်မာပြည်သူ၊
ပြည်သားများလည်းမနန်းခင်ဇေယျာ အတွက် ပါဝင်မဲ ပေးနိုင်ကြပါတယ်။

ပြိုင်ပွဲနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ သိချင်တယ်ဆိုရင် လည်း www.miss-international. org မှာ ၀င်ရောက်လေ့ လာနိုင်ပါတယ်။

နွမ်ဘွိုင်း

Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis