menu

Friday 14 September 2012

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမည့် iPhone 5

Photo: စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမည့် iPhone 5 ကို အာရှနိုင်ငံများအနက် စင်ကာပူ၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံများတွင် ပထမဦးဆုံး တင်ပို့ရောင်းချမည်ဟု သိရသည်။

အဖြူရောင်နှင့် အနက်ရောင်တို့ဖြင့် တင်ပို့ရောင်းချမည့် iPhone 5 ကို အမေရိကန်နိုင်ငံတွင် နှစ်နှစ်စာချုပ်ဖြင့် 16GB အတွက် US$ 199, 32GB အတွက် US$ 299, 64GB အတွက် US$ 399 ကျသင့်မည်ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် iPhone 5 ကို စာချုပ်မဟုတ်သည့် လက်လီဈေးဖြင့် ရောင်းချမည်ဖြစ်ပြီး 16GB အတွက် US$ 772, 32GB အတွက် US$ 886, 64GB အတွက် US$ 1,008 အသီးသီး သတ်မှတ်ထားသည်။

ဟောင်ကောင်တွင်လည်း unlock ဖြင့် ရောင်းချမည်ဖြစ်ပြီး တန်ဖိုးအနေနှင့် US$ 720 ကျသင့်မည်ဖြစ်သည်။ ဂျပန်နိုင်ငံအတွက် ဈေးနှုန်းကိုမူ မသိရသေးပေ။

ထို့အပြင် Apple ကုမ္ပဏီသည် စက်တင်ဘာလ ၂၈ ရက်တွင် အခြားနိုင်ငံ ၂၂ နိုင်ငံထံ ထပ်မံတင်ပို့ရောင်း ချမည်ဖြစ်သော်လည်း ၎င်းနိုင်ငံများတွင် အာရှနိုင်ငံများ မပါဝင်ကြောင်း သိရသည်။
Ref: ZDNet
news from..Internet Journal
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမည့် iPhone 5 ကို အာရှနိုင်ငံများအနက် စင်ကာပူ၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံများတွင် ပထမဦးဆုံး တင်ပို့ရောင်းချမည်ဟု သိရသည်။

အဖြူရောင်နှင့် အနက်ရောင်တို့ဖြင့် တင်ပို့ရောင်းချမည့် iPhone
5 ကို အမေရိကန်နိုင်ငံတွင် နှစ်နှစ်စာချုပ်ဖြင့် 16GB အတွက် US$ 199, 32GB အတွက် US$ 299, 64GB အတွက် US$ 399 ကျသင့်မည်ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် iPhone 5 ကို စာချုပ်မဟုတ်သည့် လက်လီဈေးဖြင့် ရောင်းချမည်ဖြစ်ပြီး 16GB အတွက် US$ 772, 32GB အတွက် US$ 886, 64GB အတွက် US$ 1,008 အသီးသီး သတ်မှတ်ထားသည်။

ဟောင်ကောင်တွင်လည်း unlock ဖြင့် ရောင်းချမည်ဖြစ်ပြီး တန်ဖိုးအနေနှင့် US$ 720 ကျသင့်မည်ဖြစ်သည်။ ဂျပန်နိုင်ငံအတွက် ဈေးနှုန်းကိုမူ မသိရသေးပေ။

ထို့အပြင် Apple ကုမ္ပဏီသည် စက်တင်ဘာလ ၂၈ ရက်တွင် အခြားနိုင်ငံ ၂၂ နိုင်ငံထံ ထပ်မံတင်ပို့ရောင်း ချမည်ဖြစ်သော်လည်း ၎င်းနိုင်ငံများတွင် အာရှနိုင်ငံများ မပါဝင်ကြောင်း သိရသည်။
Ref: ZDNet
news from..Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis