menu

Friday 14 September 2012

ဖားကန့်မြို့ပေါ်တိုက်ပွဲကြောင့် န၀မတန်းကျောင်းသူ မဆိုင်းဂျာအိမ် သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်တွင် ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် န၀မတန်းကျောင်းသူတစ်ဦး အသက်ဆုံးရှုံး ခဲ့ရပြီး၊ ကျောင်းသားကျောင်းသူနှင့်အရပ်သား(၈)ဦးအထိ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“မနေ့က မြို့ပေါ်တိုက်ပွဲကြောင့် မော်ဝမ်းအုပ်စု(၁)က ကိုးတန်းကျောင်းသူ မဆိုင်းဂျာအိမ် ကျောင်းကအပြန်မှာ သေနတ်မှန်ပြီး သေသွားတယ်၊ နောက်အရပ်သား(၅)ဦးကိုတော့ ဆေးရုံတင်ထားရတယ်”ဟု ဖားကန့် NLD ပါတီမှ ဦးလဆိုင်းက ပြောသည်။

စက်တင်ဘာလ(၁၃)ရက်နေ့ နေ့လည်(၁)နာရီမှ (၃)နာရီဝန်းကျင်အထိ ဖားကန့်မြို့လယ် မော်ဝမ်းကြီး၊ မော်ဝမ်းလေးရပ်ကွက်နှင့် ဧရာဦးဆေးဆိုင်ရှေ့တွင် တပ်မ(၃၃)နှင့် KIOအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း
ဒေသခံများထံက သိရသည်။

အဆိုပါ အဖဦးဘရမ်ရှောင်၏ သမီး မဆိုင်းဂျာအိမ်မှာ မော်ဝမ်းရပ်ကွက်စာသင်ကျောင်းဝန်
းအနီးတွင် ကျလာ သည့် လက်နက်ဆံထိမှန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စာသင်ကျောင်းအနီးတွင်လည်း ထိခိုက်ဒဏ်ရာရရှိသော ဒေသခံ(၈)ဦး အထိရှိကြောင်းကိုလည်း ဒေသခံတစ်ဦးထံက သိရှိရသည်။

´´ဖားကန့်မှာ မနေ့က နေ့လည်က မော်ဝမ်းကြီးနှင့်မော်ဝမ်းလေးရပ
်ကွက်နဲ့ ဧရာဦး ဆေးဆိုင်ရှေ့မှာ တိုက်ပွဲဖြစ်တယ် အဲဒါကြောင့်မို့လို့နဲ့တူတယ် ဆန်ဈေးက ချက်ခြင်းကို တစ်အိတ်ကို ငါးသောင်းဖြစ်သွား တယ်”ဟု ဒေသခံ ကိုအာတီးက အတည်ပြုပြောဆိုသည်။

ကချင်ပြည်နယ်၊ဖားကန့်မြို့ အနီးပတ်ဝန်းကျင်ဒေသများတွင် သြဂုတ်လ(၂၂)ရက်နေ့စပြီး တိုက်ပွဲများဖြစ်ပွား ခဲ့ရာမှ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ဖားကန့်မြိုလယ်၌ ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


အဆိုပါတိုက်ပွဲရလဒ်ကြောင့် ဖားကန့်မြို့တွင် စစ်ဘေးဒုက္ခသည်ပေါင်း လူဦးရေ(၃၀၀၀၀)ကျော် အထိများ လာခြင်းကြောင့် စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးအတွက်ဆန်လုံလောက်မှုမ
ရှိကြောင်းကိုလည်း သိရသည်။

ထိုကဲ့သို့ ဆန်မလုံလောက်မှုများကြောင့် ဖားကန့် NLDရုံးမှတာဝန်ရှိသူများအနေဖြင်
့ ကချင်ပြည်နယ် ရထားလမ်းဘေး NLDရုံးများ တည်ရှိရာမြို့များသို့ ဆန်အကူအညီတောင်းထားကြောင်း သိရှိရသည်။

´´ဖားကန့်မှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ စစ်ဘေးဒုက္ခသည် လူဦးရေက တိုးလာတယ်၊အခုဆို သုံးသောင်းတောင်ကျော်လာပြီ၊ သူတို့အတွက်စားဝတ်နေရေးက မလုံလောက်တော့ဘူး အခု ကချင်ပြည်နယ် ရထားလမ်းဘေးမှာရှိတဲ့ NLDရုံးတွေကို ဆန်လှူဖို့အတွက် အကူအညီတောင်းထားတယ်``ဟု မိုးညှင်းမြို့ NLDပါတီက ဦးတင်ဝယ်က ပြောသည်။


ဖားကန်မြို့ပေါ်တွင် ဆန်းဈေးမှာလည်း တစ်အိတ်လျှင် ကျပ်(၅၀၀၀၀)အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်
း ကိုလည်း သိရသည်။

လက်ရှိအချိန်တွင် ဖားကန့်မြို့သို့ ကားလမ်းခရီးများ ပိတ်ထားပြီး ကားမိုင်းအထိသာ ကားများသွာလာ၍ ရကြောင်း ဖားကန့်မြို့ခံတစ်ဦးက ဆိုသည်။


ကချင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးဒုက္ခသည်လူဦးရေ စုစုပေါင်း(၃၀၀၀၀၀)သိန်းကျော်ရှ
ိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

by Myit Makha Mediagroup on 14 Sep, 2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis