မြန်မာနှင့်ထိုင်းအစိုးရတို့အကြ
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့
သောစစ်ဘေးဒုက္ခကြောင့် ရှမ်းနှင့်ကရင်တိုင်းရင်းသားများသည် ထိုင်းနိုင်ငံနယ်စပ်တလျောက်တွင် စခန်းချနေထိုင်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်လာပြီးနောက်ပို င်းတွင် မြန်မာနိုင်ငံသို့ပြန်လာရန်မျော်လင့်ချက်များရှိလာခဲ့သည်။
ထိုင်းနိုင်ငံနယ်စပ်တွင်ရောက်ရှိနေသောမြန်မာဒုက္ခသည်များ တစ်နှစ်အတွင်းပြန်လာနိုင်ရန် မြေမြှုပ်မိုင်းများရှင်းလင်းခြ င်း၊နေရာထိုင်ခင်းများပြင်ဆင်ခြ င်း၊အခြေခံဆောက်အဦိများတည်ဆောက်ခြင်းတို့ကို မြန်မာအစိုးရကပြုလုပ်လျက်ရှိကြောင်း ထိုင်းအမျိုးသာလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှုး Wichean Potephosree ကိုကိုးကား၍ NSC ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လွန်ခဲ့သောသီတင်းပတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မြို့တော်နေပြည်တော်သို့သွားရော က်၍ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထိုင်းနိုင်ငံရှိမြန်မာဒုက္ခသည်များပြန်လာနိုင်ရန် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ လုပ်ငန်းခွင်ဝင်နိုင်ရန်လေ့ကျင့် သင်ကြားမှုများပြုလုပ်ပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်ဟု ထိုင်းအမျိုးသားလုံခြုံရေးကောင် စီအထွေထွေအတွင်းရေးမှုး Wichean Postphosree ကပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ပြန်လာသောဒုက္ခ သည်များအတွက် အလုပ်အကိုင်ရရှိစေရန် မြန်မာနိုင်ငံတွင် ထိုင်းစက်ရုံများတည်ဆောက်ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရကလိုလားလျက်ရှိကြော င်းကိုလည်း NSC ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံနယ်စပ်တွင်ရောက်ရိ
လွန်ခဲ့သောသီတင်းပတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မြို့တော်နေပြည်တော်သို့သွားရော
ထို့ပြင် မြန်မာနိုင်ငံသို့ပြန်လာသောဒုက္ခ
The Voice Weekly
No comments:
Post a Comment