ထိုင်းနိုင်ငံ၊ ခိုခန်းမြို့၊ ထိုင်းလာ အိုနယ်စပ်ရှိဒေးရှားဘားနစ်
ငါးဖမ်းပိုက်စက်ရုံ၌ အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများအနက်
ယာယီနေထိုင်ခွင့်လက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ်နှင့် ဗီဇာမရှိသူတို့အား
ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များက ဖမ်းဆီးတော့မည့်
သတင်းဖြစ်ပေါ်ခဲ့ရာ ထိုင်းလုပ်ငန်းရှင်မှ ထိုအလုပ်သမားများကို
ရှောင်တိမ်းခိုင်းခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်မေလ ၉ ရက်နေ့တွင်
မြန်မာအလုပ်သမား ၇၃၁ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုအထဲတွင် အမျိုးသား ၄၁၄
ဦးနှင့် အမျိုးသမီး ၃၁၇ ဦးတို့ ပါဝင်သည်။
ထိုသူတို့ကို ထိုင်းအာဏာပိုင်များက ၂၀၁၂ ခုနှစ်မေလ ၂၁ ရက်နေ့တွင်
အချုပ်ကားများဖြင့် တင်ဆောင်လာကာ မေလ ၂၃ ရက်နေ့တွင် မဲဆောက်ဘက်ရှိအမှတ် ၁၀
ဂိတ်သို့ မြန်မာဘက်သို့ အကြောင်းကြားခြင်းမရှိဘဲ ပြည်နှင်ခဲ့သည်။
သို့ကြောင့်လည်း မြန်မာဘက်ကမ်း ၉၉၉ ဂိတ်သို့ ပြန်ဝင်လာသူများမှာ
စားဝတ်နေရေးနှင့် သွားလာမှု အခက်အခဲများ ကြုံသည့်အတွက် မြန်မာဘက်ရှိ
ဒေသအာဏာပိုင်များမှ ကူညီပေးခဲ့ရသည်။
ထိုင်းနိုင်ငံသည် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအား
ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြည်နှင်ခြင်းတို့တွင် စနစ်တကျ
သတ်သတ်မှတ်မှတ် မူဝါဒမရှိချေ။ သို့ကြောင့်လည်း အလုပ်သမားများ၏
အခွင့်အရေးများကို ဆိုးဆိုးရွား ရွား ချိုးဖောက်ခံရခြင်း၊
လူကုန်ကူးခံရခြင်း၊ တစ်ခါထပ်မံ လူကုန်ကူးပြန်ခံရခြင်းနှင့် အကြွေးဖြင့်
နှောင်ဖွဲ့ခိုင်းစေခံရခြင်းတို့ ကြုံနေကြရသည်။ သို့ကြောင့်
နှစ်နိုင်ငံပြည်နှင်ရေး မူဝါဒရှင်းလင်းစွာရှိဖို့ လိုအပ်လာသည်။
ထိုပြန်ပို့ခံရသူ ပြည်နှင်ခံရသူများထဲမှ လူကုန်ကူးခြင်းခံရသည့်
သားကောင်များကို စိစစ်ရန်သည် အရေးကြီးဆုံး လုပ်ငန်းတစ်ရပ် ဖြစ်သည်။
သို့မှသာ ၎င်းတို့နစ်နာချက်များကို ဖော်ထုတ်ကာ လူပွဲစားများ၊
လူကုန်ကူးသူများကို တရားစွဲ အရေးယူနိုင်မည်ဖြစ်ပြီး ၎င်းတို့၏
လျော်ကြေးငွေများ၊ နစ်နာချက်များကို ဥပဒေကြောင်းအရ ပြန်လည်ခံစားရရှိကြမည်ဖြစ်သည်။
ပြည်နှင်မည်ဆိုပါက ၎င်းတို့၏ အလွှဲသုံးစားခံနေရမှုများကို ဖြေရှင်းပြီးမှသာ
ဆောင်ရွက်သင့်သည်ကို သတိပြုကြရပေမည်။ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရမှု
ထိန်းသိမ်းခံရမှုတို့၏ အခြေအနေကို စိစစ်ရမည်ဖြစ်သည်။ ထိုစိစစ်မှု
တွေ့ရှိချက်ပေါ်မူ တည်ကာ ပြည်နှင်ရေး၊ တရားဝင်ဖြစ်အောင်
ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ဥပမာ
တချို့ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ
တရားဝင်ရောက်ရှိလာသော်လည်း အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားစဉ်အတွင်း
ထိုင်းရဲများ၏ ရှောင်တခင် ဖမ်းဆီးခံရမှုမျိုးတို့ကို ဆိုလိုသည်။
ထိုင်းနိုင်ငံအတွင်းဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့်
ပြည်နှင်ခြင်းတို့ သတင်းများနှစ်နိုင်ငံ တာဝန်ရှိသူများ အချိန်မီသိရှိရန်
ထောက်လှမ်းရေး ပိုက်ကွန်ဖြန့်ကြက်ထားရမည်၊ သတင်းဖလှယ်ရေးစနစ်များ
ထားရှိရမည်၊ အလုပ်သမားများ အရေးဆောင်ရွက် သည့် အဖွဲ့အစည်းအမျိုးမျိုးနှင့်
ချိတ်ဆက်ထားရမည်ဖြစ်သည်။ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်
လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် လူကုန်ကူးမှုဖြစ်စဉ်သတင်းမျိုးတို့
သိရှိရန်အတွက် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွက် ထိုင်းနိုင်ငံခြား
ရေးဝန်ကြီးဋ္ဌာန၊ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဋ္ဌာန၊
မြန်မာဘက်မှ ပြည်ထဲရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ နိုင်ငံခြားရေး စသည့် ၀န်ကြီးဋ္ဌာနများမှ ပူး ပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်နှင်လျှင်လည်း တရားဝင် နယ်စပ်ဂိတ်များမှသာ လူသိထင်ရှား
အသိပေးလွှဲပြောင်းမှုမျိုးဖြင့် ဆောင်ရွက်ကြရမည်။ နေ့အချိန်မျိုး ဖြစ်ရမည်။
ယခင်က ပြည်နှင်မှုများသည် ညအချိန်များတွင်သာ ထိုင်းဘက်မှ
တရားမ၀င်ဂိတ်များသို့ ပြည်နှင်လေ့ ရှိသည်။ သို့ကြောင့်လည်း
လူမှောင်ခိုမှုများဖြစ်ကာ လူကုန်ကူးမှု ပြန်လည်ခံစားကြရသည်များ ရှိခဲ့သည်။ ရနောင်းဘက်တွင် ပင်လယ်ပြင်၌ပင် လူပွဲစားများမှ လှေများဖြင့် ပြန်လည်ရောင်းဝယ်မှုများ
ရှိခဲ့သည်။ ဘ၀ရပ်တည်ရန် ခက်ခဲသည့် အသိုင်းအ၀ိုင်းများသည် အထူးသဖြင့်
အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်နှင်ခံကြရသည့်
အလုပ်သမားများဖြစ်ကြသည်။ ထိုအလုပ်သမားထဲမှ လူကုန်ကူးခြင်းခံရသူများကို
စိစစ်ရန် လိုအပ်သည်။
ထိုလုပ်ငန်းစဉ်သည် ပြည်နှင်သည့် လုပ်ငန်းစဉ်တွင် အရေးကြီးသော
အစိတ်အပိုင်းဖြစ်သည်။ လူကုန်ကူးခြင်းခံရသူများ၏ စိတ်နှင့်ကိုယ်
ခန္ဓာပိုင်းဆိုင်ရာများတွင် ရေရှည်မဟုတ်သော်လည်း ပြင်းထန်သော ကျန်းမာရေး
ပြဿနာများ ရှိနိုင်သည်။ ထိုပြဿနာများကို မကုသဘဲ နေပါက ကိုယ်ခန္ဓာနှင့်
စိတ်ပိုင်းဆိုင်ရာပြဿနာများသည် ပိုမိုပြင်းထန်လာနိုင်ပြီး နာတာရှည်ရောဂါ
ဖြစ်သွားနိုင်ပါသည်။
ပြည်နှင်ခံရသည့် အလုပ်သမားများထဲမှ အထူးအလေးထားသင့်သူများမှာ
ကလေးများဖြစ်ကြသည်။ ကလေးသူငယ်များသည် လူကုန်ကူးခံရခြင်းကြောင့်
ဖြစ်ပေါ်လာသော ရေရှည်စိတ်ပိုင်းဆိုင်ရာ ပျက်စီးထိခိုက်မှုများကို အလွယ်တကူ
ခံရနိုင်သူများဖြစ်ကြသည်။ အကြမ်းဖက်ခြင်း၏ အကျိုးသက်ရောက်မှုများသည်
လူကြီးနှင့်ကလေးအပေါ် သက်ရောက်ပုံခြင်း မတူညီပေ။ အကြောင်းမှာ ကလေးများ၏
ဦးနှောက်နှင့် သိမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များမှာ
ပြည့်စုံစွာ ရင့်ကျက်မှု မရှိသေးခြင်းကြောင့် ဖြစ်သည် . . .
|
လူကုန်ကူးခံရသူအများစုသည် လူကုန်ကူးခြင်းခံရသော တာဝန်ရှိမှု
အမျိုးမျိုးနှင့် ကြီးမားသော အရှက်တို့ကို ထုံးစံအတိုင်း ခံစားရလေ့ရှိသည်။
ထိုသူတို့တစ်ဦးချင်းစီ၏ အတိုင်းအတာ၊ ပုံစံအမျိုးမျိုးဖြင့်
ခေါင်းပုံဖြတ်ခံရပြီး ၎င်း၏ အကျိုးသက်ရောက်မှုမှာ တစ်ဦးနှင့်တစ်ဦး
ကွဲပြားခြားနားသည်။
၎င်းတို့၏ ခန္ဓာကိုယ်၊ လိင်မှုဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို
ထိခိုက်စေသော ဆိုးရွားပြင်းထန်သည့် အခြေအနေများကို ရေရှည်ခံစားခဲ့
ကြရသူများဖြစ်သည်။ လူသားမဆန်သည့် နေရာဝန်းကျင်တွင် နေထိုင်ခဲ့ရမှု၊
အာဟာရလုံလောက်စွာ မရမှု၊ တစ်ကိုယ်ရေသန့်ရှင်းခြင်း မရှိမှု၊ လူကုန်ကူးသူတို့၏
လက်ထဲတွင်ပြင်း ထန်ရက်စက်စွာ ထိုးနှက်ခံခဲ့ရသော ခန္ဓာကိုယ်နှင့်
စိတ်လှုပ်ရှားမှုဆိုင်ရာများ၊ လုပ်ငန်းခွင်တွင် ကြုံတွေ့နိုင်သည့်
အန္တရာယ်များ၊ ကျန်းမာရေးဝန်ဆောင်မှု မကောင်းခြင်း၊ အစာရေစာ
ငတ်မွတ်မှုကြုံရနိုင်ခြင်းနှင့် အသက်ရှူမွန်းကျပ်၍ သေနိုင်သည့်
အန္တရာယ်များနှင့် ကြုံတွေ့နိုင်ကြသည်။
လွန်ခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က မြန်မာအလုပ်သမား ၆၂ ဦးကို
မဲဆောက်မြို့ဘက်မှတစ်ဆင့် ပြည်နှင်ခဲ့ရာ ၎င်းတို့ တင်ပို့သည့်ကားနောက်ခန်းမှာ
အလုပ်သမားနှစ်ဦး သေဆုံးနေသည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ပြည်နှင်ခံရသူ
မြန်မာအလုပ် သမား ၆၂ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း၊ Songkhla Province,
Sadao Immigration office မှ မဲဆောက်ဘက်မှတစ်ဆင့် မြန်မာပြည်ဘက်သို့ပို့ရန်
ပြည်နှင်ခံရသူများ ဖြစ်ကြသည်။ ထိုသို့ မြန်မာအလုပ်သမားနှစ်ဦး
သေဆုံးရခြင်းသည် ဧပြီလ ၁၆ ရက်နေ့က Sadao Immigration office မှ
စတင်ထွက်ခွာလာရာ၌ အဆမတန် ပြည့်ညပ်အောင်
ကျပ်သိပ်တင်ဆောင်ခြင်းကြောင့်ဖြစ်ပြီး၊ လမ်းခရီးတစ်လျှောက်
ရာသီဥတုအပူဒဏ်ကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု အခြားသတင်းများက ဝေဖန်ထား
ကြသည်။
ထိုင်းနိုင်ငံ အခြေစိုက်အလုပ်သမား အခွင့်အရေး ကာကွယ်သူများ
အဖွဲ့အစည်းအချို့ကမူ ထိုသေဆုံးမှုအတွက် မဲဆောက်တရားရုံးတွင် ဖျားနာသည့်
အလုပ်သမားများကို စနစ်တကျ သယ်ဆောင်လာခြင်း မရှိသည့်အတွက် လူ့အခွင့်အရေးအရ
အမှုဖွင့် ရန်နှင့် တာဝန်ပေါ့လျော့သော ၀န်ထမ်းများကို တရားစွဲလျော်ကြေး
တောင်းရန်တို့ကို ဥပဒေကြောင်းအရ တရားစွဲရမည်ဟု အကြံပြုထားကြသည်။
ပြည်နှင်ခံရသည့် အလုပ်သမားများထဲမှ အထူးအလေးထားသင့်သူများမှာ
ကလေးများဖြစ်ကြသည်။ ကလေးသူငယ်များသည် လူကုန်ကူးခံရခြင်းကြောင့်
ဖြစ်ပေါ်လာသော ရေရှည်စိတ်ပိုင်းဆိုင်ရာ ပျက်စီးထိခိုက်မှုများကို အလွယ်တကူ
ခံရနိုင်သူများ ဖြစ်ကြသည်။ အကြမ်းဖက်ခြင်း၏ အကျိုးသက်ရောက်မှုများသည်
လူကြီးနှင့်ကလေးအပေါ် သက်ရောက်ပုံခြင်း မတူညီပေ။ အကြောင်းမှာ ကလေးများ၏
ဦးနှောက်နှင့်သိမှုဆိုင်ရာ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များမှာ ပြည့်စုံစွာ
ရင့်ကျက်မှုမရှိသေးခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ပြည်နှင်ခြင်းလုပ်ငန်းစဉ်တွင် လူကုန်ကူးခံရသူများကို စိစစ်ခြင်းလုပ်ငန်းနှင့် လူကုန်ကူးခြင်းခံရသူများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များသည် ဆက်စပ်မှု အလွန်ရှိနေပေသည်။ ထိုသို့ စိစစ်ကြရာတွင်လည်း ကျား၊ မနှင့် ကလေး များ၏ လိုအပ်ချက် ပြန်လည်နှစ်သိမ့်မှု၊ ပြန်လည်ထူထောင်မှုများသည် မတူညီကြသည်ကိုပါ ဂရုပြုခွဲခြားသိမြင်နိုင်ဖို့ လိုအပ်နေမည်ဖြစ်သည်။
EMG |
No comments:
Post a Comment