menu

Friday 14 September 2012

မြစ်ကြီးနားမြို့အနီး ရထားသံလမ်း ဗုံးကွဲ

 ၁၄ စက်တင်ဘာ ၂၀၁၂

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အ၀င် ရထားသံလမ်းမှာ ဒီနေ့ မနက် ၃ နာရီလောက်က မိုင်းဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးမြို့ ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

မြစ်ကြီးမြို့ အမှတ် ၂ ရဲစခန်းအပိုင်းမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲတာနဲ့ပတ်သတ်ပြီး အသေးစိတ်ကိုတော့ အမှတ် ၂ ရဲစခန်းက ပြောကြားခြင်း မရှိပါ။

ကချင်လွတ်မြောက်တပ်မတော

် ကေအိုင်အေ မြန်မာ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ဇွန်လကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ဖြစ်ပွားခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်းမှာ မြစ်ကြီးနား မန္တလေး မီးရထားလမ်းမှာ ရထားလမ်းကို ဗုံးခွဲတိုက်ခဲ့တာတွေကို ကေအိုင်အေက လုပ်ဆောင်ခဲ့တာလို့ မြန်မာအစိုးရ သတင်းစာတွေမှာ ရေးသာထားပြီး ပြီးခဲ့ စက်တင်ဘာ ၉ ရက်နေ့က ကချင်ပြည်နယ် ဟိုပင်ဘူတာ အနီးမှာလည်း ဗုံးတလုံးပေါက်ကွဲခဲ့ပြီး လူအသေပျောက် မရှိခဲ့ပါဘူး။

DVB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis