menu

Friday 14 September 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ တို့တွေ့ဆုံ




5248
နိုင်ငံတ်ာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာတို့ တွေ့ဆုံစဉ်
ဓါတ်ပုံ- နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုဒ်

နိုင်ငံတ်ာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ တို့သည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ တွေ့ဆုံမှုတွင်  အစိုးရသစ် လက်ထက်၌် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ အကြား ပိုမိုပူးပေါင်း ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ရှင်သန်ဖွံ့ရေးအတွက်  တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွား ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အလေးပေး ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်ဝစေရန် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များနှင့်  ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့များ ပူးပေါင်းပြီး ကူညီထောက်ပံ့ရေး ဆောင်ရွက်ပေးနေမှုများ၊ တူရကီ၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် OIC  ရှေ့ပြေးအဖွဲ့ စသည့် နိုင်ငံတကာ လေ့လာရေးအဖွဲ့များအား ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့မှုများ၊
ရခိုင်ပြည်နယ်အတွင်း အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို အလေးထား ဆောင်ရွက်နေမှုများ၊ ဒုက္ခသည်များ၏ လတ်တလော စားဝတ်နေရေး၊ ကျန်းမာရေး၊ မိုးလုံလေလုံ နေထိုင်နိုင်ရေးတို့ အတွက် ဆောင်ရွက်ပေးနေမှုများ၊ လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုတိုးမြှင့် ကူညီ ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များ၊  (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

5248a
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များနှင့် ဗီဂျေးနမ်ဗီယာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့
ဓါတ်ပုံ- နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုဒ်


ဗီဂျေးနမ်ဘီယာသည် စက်တင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း၊ ခရီးစဉ်နှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနမှ အရာရှိတစ်ဦးက ပြောပါသည်။ ဗီဂျေးနမ်ဘီယာသည် ပြီးခဲ့သည့် ဇွန်လအတွင်းက Peace Donor Support Group အဖွဲ့နှင့် အတူ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။

နိုင်ငံတော် သမ္မတ အနေဖြင့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ General Debate အစီအစဉ်သို့ တက်ရောက်မည် ဖြစ်ပါသည်။ ထိုမှာ သုံးရက်ကြာမြင့်မည် ဖြစ်ပြီး အမေရိကန် သမ္မတ ဘားရတ်အိုးဘားမား ရုံးစိုက်ရာ ၀ါရှင်တန် ဒီစီသို့ သွားရောက်ရန် အစီအစဉ်မှာ လတ်တလောအနေဖြင့် မပါဝင်သေးကြောင်း သိရပါသည်။

နိုင်ငံတော် သမ္မတသည် အမေရိကန် ခရီးစဉ်မတိုင်မီ အချိန် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ သမ္မတ၏ တရုတ် ခရီးစဉ်မှာလည်း သုံးရက်ကြာမြင့်မည် ဖြစ်ကာ ထိုခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက်ရင်း သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရပါသည်။  EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis