menu

Tuesday 24 July 2012

မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်သတ်၍ မန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရှင်းလင်း

မန္တလေးမြို့ပေါ်အပါအ၀င် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင် များဖွင်လှစ် ရောင်းချခွင့်ပြုနေခြင်းနှင့်ပတ်သတ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊စက်မှုလက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ မြင့်ကြူက မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ယခင် တ.ရ.က ရုံးဟောင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ၀န်ကြီးက အစိုးရသစ်လက်ထပ် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရောင်းချခွင့်ပြုနေခြင်းနှင့် ပတ်သတ်၍ စက်သုံးဆီဆိုင် ရောင်းချခွင့်လိုင်စင်ချထားပေးမှု၊စက်သုံးဆီဆိုင်ဖွင့်လှစ်ခွင့် လိုင်စင်ရရှိရန် လိုအပ်သော အချက်များစသည်တို့ကို အသေးစိတ်ရှင်းလင်းပြောပြသည်။ “မန္တလေးမြို့ပေါ်အပါအ၀င် မန္တလေးတိုင်းမှာ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချပြီး လိုတယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ကိုက်ညီရင် စက်သုံးဆီဖွင့်လှစ်ရောင်းချခွင့်ရပါမယ်” ဟု ၀န်ကြီးဒေါက်တာမြင့်ကြူက ပြောသည်။
စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ရရန်အတွက် အန္တရာယ်ကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ် ခရိုင်ထောက်ခံချက်၊မီးသတ်ဦးစီးဌာန ၏ ထောက်ခံချက်၊သတ္တုတွင်း ၀န်ကြီးဌာန၏ ထောက်ခံချက် ၁နှစ် ၀န်ကြီးဌာန၏ထောက် ခံချက်၊မြို့နယ် ၊ခရိုင် စည်ပင်ထောက်ခံချက် စသည့် မူလိုအပ်မည်ဖြစ်ပြီးစည်းကမ်းချက်တွင်းနှင့် ညီညွှတ်လျှင် ဓါတ်ဆီဆိုင်ဖွင့်လှစ်ရန်မည်သူမဆို လျှောက်ထားနိုင်ကြောင်းဝန်ကြီးကပြောသည်။ အခမ်းအနားသို့ ၀န်ကြီးနှင့်အတူ မန်းတိုင်းမီးသတ်ဦးစီးဌာနများ၊သတ္တုတွင်းဝန်ကြီး ဌာန၊စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံနှင့် လောင်စာဆီတင်သွင်းရောင်းချမှုများ စစ်ဆေးရေးအဖွဲ့စသည့်စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင်သက်ဆိုင်သောဌာန ဆိုင်ရာ တာဝန်ရှိသူများလည်းတတ်ရောက်ခဲ့ကြပြီး ၄င်းတာဝန်ရှိသူများမှလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခွင့်ရရှိရေး လိုအပ်သော စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောပြခဲ့ကြသည်။
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis