menu

Tuesday 24 July 2012

မော်လမြိုင်(အထက-၁၀)ကျောင်းကို ကျောက်တင်ကား ၀င်တိုက်မှုဖြစ်ပွား




bhs10
ဇူလိုင်လ ၂၄ ရက် (ယနေ့ နံနက်)  တွင် မော်လမြိုင်မြို့အ၀င်၊ ဆွမ်းအုပ်အ၀ိုင်းအနီး၊ (အထက-၁၀)ကျောင်းအား မုတ္တမဘက်မှ စကျင်ကျောက်တုံးများ တင်လာသော ကျောက်တင်ကားတစ်စီး ၀င်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း၊ သတင်းရရှိပါသည်။
“ကျောင်းတက်ကာစ မိုးရွာနေတဲ့ချိန်ပေါ့၊ နံနက်(၉)နာရီမိနစ်(၂၀)လောက်ရှိမှာ၊ ၀ုန်းဝုန်းဒိုင်းဆိုပြီး မိုးချုန်းသံလို ကြားလိုက်ရတော့ ကြည့်တဲ့အခါမှာ ကျောက်ကားတစ်စီး ကျောင်းခြံစည်းရိုးကို ၀င်တိုက်ပြီး၊ ကျောင်းနံရံကို ၀င်ဆောင့် တာတွေ့ရပါတယ်၊ ကျွန်မက အပေါ်ထပ်ကနေ စာပြနေလို့ လှမ်းမြင်တာပါ။ အုတ်ခဲစင်တာတွေကြောင့်  ဆရာမ၊ ကျောင်းသားတချို့ ဒဏ်ရာရလို့ အခုဆေးရုံပို့ထားတာပါ။ အဖော်ကျောင်းသားတွေပါ လိုက်သွားရတော့ အရေအတွက် မခန့်မှန်းနိုင်သေးပါ" ဟု အခင်းဖြစ်ပွားမှုကို မြင်တွေ့သူ ဆရာမတစ်ဦးက ပြောပါသည်။

bhs10a
ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် ကျောက်တင်ကားသည် ဘရိတ်ပေါက်(ကနဦးထင်မြင်ချက်)၍ သံလွင် တံတားမှ အဆင်းအရှိန်ဖြင့် လမ်းကြောင်းမှားကာ လမ်းလယ်ကျွန်း၊ ကျောင်းခြံစည်းကို ထိုးဖောက်ကာ ကံ့ကော်ဆောင်၊ ဒဿမတန်း(က)အခန်းသို့(၃)ပေခန့်ကျွံဝင်သွားခြင်း ဖြစ်ကြောင်း၊  အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ လိုအပ်သောစစ်ဆေးမှုများ၊ အခင်းဖြစ်ယာဉ်အား အန္တရာယ်ကင်းစွာ ဖယ်ထုတ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည် ဟုသိရှိရသည်။
bhs10b
အဆိုပါယာဉ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုကို မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကိုယ်တိုင် ကြည့်ရှုအားပေးခဲ့သည်ဟု သိရှိရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis