menu

Tuesday 24 July 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ၁၄ရက်မြောက် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတီခွန်မြတ်တင်သွင်းသည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည
့် ဥပဒေ ရေးဆွဲပြဋ္ဌာ န်းရေးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ပြည်သူ့လွှတ်တော် ၁၄ရက်မြောက် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။
ယင်းအဆိုကို ဇူလိုင်၂၄ရက် လွှတ်တော်အစည်းအဝေးတွင် စတင်ဆွေးနွေးခဲ့ကာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ပါဝင်ဆွေးနွေးရန် စာရင်းပေးသွင်းထားသည်။

ထိုအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များမှာ မဟာအောင်မြေ မြို့နယ်မှ ဦးအုန်းကြိုင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟ၊ ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးမင်းသူတို့ဖြစ်ကြောင်းသတင်းရရှိ သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis