menu

Saturday 30 June 2012

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးစင်ကာပူ ကုမ္ပဏီ ကန်ဒေါ်လာ ၁၀ သန်းအကုန်အကျခံ ဆောင်ရွက်မည်


ဓမ္မစေတီ ခေါင်းလောင်းကြီးရှာဖွေရေးအတွက် စင်ကာပူနိုင်ငံ
SD Mark International LLP ကုမ္ပဏီမှ ကန်ဒေါ်လာ ၁၀ သန်းအကုန်အကျခံ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ခေါင်းလောင်းကို ရှာဖွေဆယ်ယူပြီး ရွှေတိဂုံစေတီပေါ်အထိ တင်ဆောင်ပေးကာ နိုင်ငံတော်သို့ အပ်နှံမည်ဖြစ်ကြောင်း၊
ယင်းအတွက် တစ်စုံတစ်ရာ အကျိုးအမြတ်ရယူမည်မဟုတ်ဘဲ
နိုင်ငံတော်က ချီးမြှင့်သမျှကိုသာ လက်ခံမည်ဟု အဆိုပြုကြောင်း
ယနေ့ ဇွန်လ ၃၀ ရက် ကပြုလုပ်သော ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူမှု သုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။



သမိုင်းမှတ်တမ်းများအရ ဓမ္မစေတီခေါင်းလောင်းကြီးအား
၁၆၁၂ ခုနှစ်တွင် သန်လျင်မြို့စား ပေါ်တူဂီလူမျိုးငဇင်ကာက အမြောက်သွန်းလုပ်ရန်ရည်ရွယ်၍ ရွှေတိဂုံစေတီတော်ရင်ပြင်မှ
သန်လျင်သို့ သယ်ဆောင်စဉ် ငမိုးရိပ်ချောင်းဝ ပန်းအလွှဲမြစ်ထဲ၌
ပြုတ်ကျ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး တန်ချိန် ၂၉၀ ရှိ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးဖြစ်သည်။
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis