လူတွေကို ငိုအောင်လုပ်ဖို့ လွယ်သလောက် ရယ်အောင်လုပ်ဖို့ ခက်ပါတယ်။
စာပေမှာလည်း အလွမ်းဝတ္ထု၊ အချစ်ဝတ္ထုရေးတာက ဟာသ၀တ္ထုရေးရတာ ထက် ပိုလွယ်ပါတယ်။
ဟာသအတတ်ပညာကို အဆင့်မြင့်ပညာရပ် တစ်ခုအဖြစ်တောင် သတ်မှတ်ကြပါတယ်။
နိုင်ငံတကာမှာလည်း လူပြက်တို့၊ လူရွှင်တော်တို့ ပေါပေမယ့်
ဟာသပညာရှင်ရှားပါတယ်။ စာပေမှာလည်း ဟာသစာပေရှားပါတယ်။ ရယ်စရာ
စာတွေသာများတာပါ။
သမားစဉ်ကျင့်ဝတ်ရှိတယ်
မြန်မာနိုင်ငံမှာလည်း
ရယ်စရာ စာအုပ်တွေများပေမယ့် ဟာသစာပေ ရှားသထက်ရှားလာပါတယ်။ ဒီနှစ်
အတွင်းမှာ ရယ်စရာစာအုပ်တွေနဲ့ ရယ်စရာရုပ်ရှင်၊ ဗီဒီယိုတွေအထွက်
များတာကိုကြည့်ပြီး ဟာသပညာ ထွန်းကားတယ်လို့ တော့မဆိုနိုင်ပါ ဘူး။
သတိထားမိသလောက် အများစုက ဟာသပညာလို့ ပြောဖို့ခက်တာ မျိုးတွေဖြစ်ပါတယ်။
ရယ်စရာအဆင့်တောင် မရှိတဲ့ဗရုတ်သုက္ခတွေလည်း တွေ့ရပါတယ်။ တချို့ဆို
မလှောင်အပ် မပြောင်အပ်တာတွေကိုတောင် စောင့်စည်းရမှန်းမသိဘဲ
သရော်လှောင်ပြောင်ပြကြတာ တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာချို့ယွင်း
ချက်တစ်ခုခုကို ဘယ်တော့မှ မလှောင်ရ၊ မပြောင်ရဆိုတဲ့ ရှေးသမားစဉ်
ကျင့်ဝတ်ရှိပါတယ်။ မျက်စိတစ်လုံး ပျက်နေသူကို 'ဟဲ့ငကန်း' လို့ခေါ်တာ မျိုး၊
ခြေတစ်ဖက်ဆာနေသူကို 'င ကျိုး' လို့ခေါ်တာမျိုးမလုပ်အပ်ပါ ဘူး။ ဒီခေတ်မှာ
သိပ်ပြီးမစောင့်စည်းကြတော့တာ သတိထားမိတယ်။
မျက်နှာပူရမယ့်ကိစ္စတွေ
ဒါထက်ဆိုးတဲ့
မလှောင်အပ်၊ မပြောင်အပ်တဲ့ကိစ္စဆိုရင် ရယ်စရာ၊ စာတိုင်းလိုလို၊
ရုပ်ရှင်တိုင်းလိုလိုမှာကို မြင်တွေ့နေရပါတယ်။ အဲဒါကတော့ 'ခယ်မနဲ့ခဲအို'
ကိစ္စနဲ့ 'ယောက္ခမနဲ့သမက်' ကိစ္စများကို ရယ်စရာလို လို၊ အတည်လိုလိုနဲ့
ပြောဆိုရေးသား နေကြတာဖြစ်တယ်။ မိသားစုတိုင်း မှာခယ်မနဲ့ခဲအို ရှိကြပါတယ်။
အရင်း မရှိတောင် တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ၊ ရှိကြပါတယ်။ မြန်မာ့ဓလေ့အတိုင်း
မိဘအိမ်မှာ တစ်စုတစ်ဝေးနေလေ့ရှိ ပါတယ်။ ခယ်မနဲ့ခဲအိုကို ရယ်စရာ သမားတိုင်းက
တွဲပြီးပြက်လုံးထုတ် လေ့ရှိပါတယ်။ တစ်အိမ်တည်းအတူ နေကြရတဲ့ ခယ်မနဲ့
ခဲအိုတွေ ဘယ်လောက်အနေခက်ကြမလဲ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်
မျက်နှာပူလိုက်ကြမလဲ စဉ်းစားကြည့်သင့်ကြပါတယ်။ ခယ်မကိုကြံတဲ့
ခဲအိုမရှိဘူးလို့ မပြောပါဘူး။ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းတော့ အဲဒီလို
အကျင့်ပျက်နေကြတာ မဟုတ်ပါ ဘူး။ ဖြစ်တတ်တဲ့ ဓမ္မတာသဘောဆိုပေမယ့်
ဒီကိစ္စမျိုးက သမီးရှင်တွေ တိုးတိုးတိတ်တိတ်ကျိတ်ပြီးဆုံးမရ မယ့်ကိစ္စပါ။
အဂါရ၀တွေ
နောက်တစ်မျိုးက
'ယောက္ခမနဲ့ သမက်' ကိစ္စ။ တချို့က သမက်နဲ့ ယောက္ခမဘုကျကြတဲ့ အကြောင်း
ရယ်စရာလုပ်တယ်။ တချို့က ယောက္ခမဆိုးနဲ့ သမက်အကြောင်း ရယ်စရာလုပ်တယ်။
ရယ်စရာလုပ် ရင်းလွန်ကဲပြီး လူကြီးသူမများကို 'အဂါရ၀' စော်ကားမော်ကား
ပြုမူပြောဆိုတာတွေ အများကြီးပါလာကြပါ တယ်။ လောကမှာမကောင်းတဲ့
ယောက္ခမရှိသလို၊ ဆိုးသွမ်းမိုက်မဲတဲ့ သမက်တွေလည်း ရှိတာပါပဲ။ ဘာပဲ ဖြစ်ဖြစ်
ယောက္ခမဆိုတာ ကိုယ့်ဇနီး ရဲ့မိဘဖြစ်တယ်။ ကိုယ့်မိဘကို ကိုယ် လေးစားသလို
သူလည်းသူ့မိဘကို လေးစားမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ် ရှိရပါမယ်။
ကိုယ့်အကြောင်းနဲ့ ကိုယ် မလေးစားနိုင်ရင်တောင် စော်ကားမော်ကားတော့
မလုပ်ပါနဲ့။ ပြက်ချော်ချော်နဲ့ သရော်လှောင်ပြောင်လည်း မလုပ်ပါနဲ့ ။
ရိုင်းစိုင်းတဲ့အမူအယာ၊ အပြောအဆိုတွေမပါဘဲနဲ့ ရယ်အောင် လုပ်နိုင်မှ ဟာသပညာ
ခေါ်နိုင်ပါ တယ်။
ဝေါဟာရကြွယ်ပါတယ် 'အောက်ပိုင်းပါမှ ရယ်ရတယ်' ဆိုတဲ့
အယူအဆကို ဒီခေတ်ပညာတတ် လူငယ်လေးတွေခေတ်မှာ လုံးဝစွန့်
ပစ်လိုက်ကြသင့်ပါပြီ။ ရှေးကလို မှောင်ထဲကနေပွဲကြည့်၊ ရုပ်ရှင်ကြည့်တဲ့ခေတ်
မဟုတ်တော့ဘူး။ ဧည့်ခန်းထဲက မီးရောင်အောက်မှာ အဖိုးအဖွားရော၊
မြေးကလေးတွေရော၊ အိမ်ရှိလူကုန်ဝိုင်းထိုင်ပြီး ရုပ်မြင်သံကြား
ကြည့်တဲ့ခေတ်ပါ။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ မိဘနဲ့ သားသမီး၊
မောင်နဲ့နှမ၊ ခဲအိုနဲ့ခယ်မ တစ် ယောက်မျက်နှာ တစ်ယောက်မကြည့် ၀ံ့အောင်
မလုပ်သင့်ပါဘူး။ မြန်မာ စကားဟာ ဝေါဟာရ အင်မတန်ကြွယ် ပါတယ်။ ယဉ်ယဉ်ကလေးနဲ့
လူတစ်ယောက်ငိုအောင် ပြောလို့ရသလို ရယ်အောင်လည်းပြောလို့ရပါတယ်။ ခေတ်ကြီး
တိုးတက်လာတာနဲ့အမျ လူ့လောကကြီးဟာလည်း ပိုပိုပြီး ရှုပ်ထွေးပွေလီလာပါတယ်။
အဲဒီတော့ လှောင်စရာ ပြောင်စရာရယ် သွမ်းသွေးစရာ ကိစ္စတွေလည်း အများကြီး
ရှိလာပါတယ်။ အောက်ပိုင်းကိစ္စ တွေမပါဘဲနဲ့ ရယ်အောင်လုပ်စရာတွေ
များမှများပါပဲ။
ဟာသဉာဏ်ရွှင်တဲ့လူမျိုး
ခေတ်က
တက်သုတ်ရိုက်အမြန် ခေတ်ဆိုတော့ လူတိုင်းဖတ်ဖတ်မော လှုပ်ရှား
ရုန်းကန်နေကြရပါတယ်။ စိတ်ညစ်စရာတွေလည်း များပါ တယ်။ အဲဒီတော့
မွန်းကျပ်မှုတွေ ပြေလျော့စေဖို့ ဟာသကိုပိုပြီး လိုအပ် လာပါတယ်။
မြန်မာလူမျိုးဟာ ဗီဇ ကို ဟာသဉာဏ်ရွှင်တဲ့လူမျိုးဖြစ် တယ်။
ဘယ်လိုဒုက္ခမျိုးကြုံကြုံ ရယ်သွမ်းပြီး ဖြေဖျောက်ပစ်ဖို့ ၀န် မလေးကြဘူး။
ဒါကြောင့်လည်း အနောက်နိုင်ငံတွေမှာလို စိတ်ရောဂါကု ဆရာဝန်တွေများများစားစား
လိုအပ်မနေတာလို့ ထင်ပါတယ်။ လူတိုင်းမှာဟာသ အခြေခံရှိကြလေတော့
တော်ရုံတန်ရုံ ပြက်လုံးမျိုး မတိုးနိုင်ဘူး။ ဟာသစာရေးဆရာ တွေနဲ့
လူရွှင်တော်တွေ ကြိုးစားနိုင်လွန်းမှ ပရိသတ်က လက်ခံတာ။ နောက်ပြီးတော့
မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်နဲ့ ယဉ်ကျေးမှုကအနောက်တိုင်းနဲ့ မတူတာတွေ
အများကြီးရှိ တယ်။ ဒီခေတ်အနောက်တိုင်းက လူတွေက လွတ်လပ်ခွင့်ကို အကြွင်းမဲ့၊
အကန့်အသတ်မဲ့အသုံးချတာ ကိုသိပ်ဦးစားပေးကြတယ်။
ပွင့်လင်းတိုင်းမကောင်း
မြန်မာ့လူ့အဖွဲ့အစည်းကတော့
မပြုအပ်၊ မမြင်အပ်တဲ့ကိစ္စ၊ မကြားဝံ့မနာသာကိစ္စဆိုတာမျိုးတွေ ဆို
စောင့်ထိန်းကြတယ်။ လုပ်ချင်တိုင်း မလုပ်ဘူး။ လူကြီးသူမ များကို လည်း
နတ်နေကိုင်းချန်သလို၊ ဝေဖန် ပုတ်ခတ်တာ၊ သရော်လှောင်ပြောင် တာမလုပ်ဘဲ
ချန်လှပ်ထားလေ့ရှိ တယ်။ စောင့်ထိန်းသင့်တာစောင့် ထိန်း၊ ချုပ်တီးသင့်တာ
ချုပ်တီးတာ မျိုးကို မြန်မာလူမျိုးက ယဉ်ကျေးမှု လို့သဘောထားတယ်။ လောကမှာ
လူမြင်၊ သူမြင် မပြုအပ်တဲ့ကိစ္စတွေနဲ့ လူကြားသူကြား မပြောအပ်တဲ့
စကားတွေကိုလည်း ရှောင်ကြဉ်ကြ တယ်။ ပွင့်လင်းလွတ်လပ်မှုကိုနေရာ
တိုင်းကျင့်သုံးလို့ မဖြစ်ဘူးလို့ ယူဆ ကြတယ်။ အနောက်ယဉ်ကျေးမှုက
ပွင့်လင်းလွတ်လပ်မှု အလေးထားတာလွန်ကဲပြီး နေရာတိုင်း 'ဒါလူ့ သဘာဝပဲ' ဆိုပြီး
ထိန်းချုပ်မှု နည်း နည်းမှ လုပ်ချင်ကြတာမဟုတ်ဘူး။
မေတ္တာရပ်ခံချက်
အခြေခံယဉ်ကျေးမှု
စံနှုန်းတွေနဲ့ တန်ဖိုးထားမှုတွေက အများကြီးကွာ ခြားလွန်းတော့ နေရာတကာမှာ
အနောက်ရဲ့ပုံစံတွေကို အတုယူပြီးလုပ်လို့၊ ပြောလို့မဖြစ်နိုင်ဘူး။ အဲဒါ
ကြောင့် ရယ်စရာရေးတဲ့သူတွေ ရယ်စရာလုပ်ပြသူတွေ အနေနဲ့လည်း မမြင်အပ်၊
မကြားအပ်တဲ့ကိစ္စ၊ မပြုအပ်တဲ့ကိစ္စမျိုးတွေကို ရှောင်ရှားပြီး မောင်နဲ့နှမ၊
သားနဲ့အမိအတူ ၀ိုင်းထိုင်ပြီးရဲရဲကြည့်နိုင်တဲ့ ရယ်စရာတွေ ပဲ
ဖန်တီးကြပါလို့ မေတ္တာရပ်ခံလိုက်ချင်ပါတယ်။
EMG |
No comments:
Post a Comment