menu

Sunday 3 June 2012

မေလ တစ်လတာအတွင်း အခြေခံလစာနှင့်ပတ်သက်၍ ဆန္ဒပြစက်ရုံ ၂၀ ကျော်ရှိပြီး ညှိနှိုင်းပြေလည်မှု ရရှိသည့်စက်ရုံမှာ ၁၀ ရုံရှိ




မေလ တစ်လတာအတွင်း အခြေခံလစာနှင့်ပတ်သက်၍ ဆန္ဒပြစက်ရုံ ၂၀ ကျော်ရှိပြီး ညှိနှိုင်းပြေလည်မှု ရရှိသည့်စက်ရုံမှာ ၁၀ ရုံရှိ ဆန္ဒပြမှုများ ဆက်လက်မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် စက်ရုံလုပ်ငန်းရှင်များနှင့်  ပိုမိုထိရောက်စွာ ညှိနှိုင်းဆောက်ရွက်ဖြည့်ဆည်းပေးရန် အလုပ်သမားများမှ တောင်းဆို
မေလ တစ်လတာအတွင်း အခြေခံလစာနှင့် ပတ်သက်၍ ဆန္ဒပြစက်ရုံ ပေါင်း ၂၀ ကျော်ရှိပြီး ညှိနှိုင်းပြေလည်မှု ရရှိသည့် စက်ရုံမှာ ၁၀ ရုံသာ ရှိနေသေးကြောင်း၊ ဆန္ဒပြမှုများ ဆက်လက်မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် စက်ရုံလုပ်ငန်းရှင်များနှင့် ယခုထက် ပိုမိုညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေသော စက်ရုံအလုပ်သမားများက အလိုရှိနေကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ ဖြစ်ကြသော လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ(မြောင်းတကာ) စက်မှုဇုန်များရှိ စက်ရုံ ၂၀ ကျော်ခန့်မှာ မေလအတွင်း အခြေခံလစာနှင့် အခြားအလုပ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ယခုဆန္ဒပြခဲ့သော စက်ရုံ အလုပ်သမားများမှာ အခြေခံလစာနှင့် အခြားအခွင့်အရေးများ ရရှိရန် ဧပြီလမှစ၍ စက်ရုံတာဝန်ရှိသူများအား တင်ပြထားသော်လည်း စက်ရုံများဘက်မှ အကြောင်းကြားမှုများ မပြုလုပ်သောကြောင့် လှိုင်သာယာ စက်မှုဇုန် ၄ ၌ မေလ ၉ ရက်နေ့မှ စ၍ (Hi Mo) ဆံပင်တုစက်ရုံနှင့် UNNO Myanmar Yes အထည်ချုပ် စက်ရုံ ၊ ၁၄ ရက်နေ့တွင် ဇုန် ၄ ရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံ၊ ၁၅ ရက်နေ့တွင် ပုလဲအထည်ချုပ်စက်ရုံနှင့် ဇုန်(၅)ရှိ Global Footware  ဖိနပ်စက်ရုံ၊ မေလ ၁၆ ရက်နေ့တွင် ဇုန် ၄ ရှိ နေမင်းအောင် အထည်ချုပ်စက်ရုံ၊ မေလ ၁၇ ရက်တွင် ဇုန် ၄ ရှိ YJ အထည်ချုပ်စက်ရုံ၊ မေလ ၁၈ ရက်နေ့တွင် ဇုန် ၂ ရှိ  Mo Z (မိုဇီး)အထည်ချုပ် စက်ရုံ၊ မေလ ၂၂ ရက်နေ့တွင် ဇုန် ၄ ရှိ တိုးမြတ်အောင်ဇာထိုးပန်းထိုး စက် ရုံ၊ ၂၄ ရက်နေ့တွင်ဇုန် ၂ ရှိ lucky shoes ဖိနပ်စက်ရုံ၊ ဇုန် ၃ ရှိ Moon Crab  အထည်ချုပ်စက်ရုံ၊ ဇုန် ၄ ရှိ Miss Style(Drilliant star) ဖိနပ်စက် ရုံ၊ ဇုန် ၅ ရှိ ငွေကံ့ကော်အထည်ချုပ် စက်ရုံ၊ ၂၅ ရက်နေ့တွင် Asia Rose ဖိနပ်စက်ရုံ၊ ၂၈ ရက်နေ့တွင် Hall Marle  ဇိနပ်စက်ရုံ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ၊ ၂၉ ရက်နေ့တွင် စန္ဒီအထည်ချုပ်စက်ရုံများတို့တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း၊ ရွှေ ပြည်သာစက်မှုဇုန်ရှိ ဇုန် ၃ အတွင်း မေလ ၂၁ ရက်နေ့တွင် Grand Royal  အရက်ချက်စက်ရုံ၊ WorldFashion အထည်ချုပ်စက်ရုံ ၂၄ ရက်နေ့တွင် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ကမ္ဘာနှင့် အရှေ့တိုင်းရတနာအထည်ချုပ် စက်ရုံများ၊ ၃၀ ရက်နေ့တွင် ဇီးကွက်ဖြူ အထည်ချုပ်စက်ရုံနှင့် မှော်ဘီ (မြောင်တကာ)သံမဏိစက်ရုံတို့၌ ဆန္ဒပြအလုပ်သမား ၉၀၀၀ ကျော်ခန့် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

အလုပ်ရှင်နှင့် အလုပ်သမားများကြား ဆန္ဒပြမှုနှင့်ပတ်သတ်၍ ညှိနှိုင်းအဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါအဖွဲ့အစည်းအနေဖြင့် လက်ရှိအချိန်ထိ ဆန္ဒပြနေသော စက်ရုံများနှင့် လစာတိုးမြှင့်ပေးရန် အလုပ်ရှင်နှင့် ဆွေးနွေးလျက်ရှိသော စက်ရုံများအား လုပ်ငန်းရှင်များ လည်း မထိခိုက်အောင်၊ အလုပ်သမားများလည်း မနစ်နာအောင် ဆောင်ရွက်သွားမည်  .   .   .
အဆိုပါဆန္ဒပြစက်ရုံ ၂၃ ရုံတွင် UNNO Myanmar Yes အထည်ချုပ် စက်ရုံ စပယ်ပွင့်အထည်ချုပ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံနှင့် ဇုန်(၅) ရှိ Global Footware  ဖိနပ်စက်ရုံ၊ နေ မင်းအောင်အထည်ချုပ်စက်ရုံ၊  Mo Z  (မိုဇီး)အထည်ချုပ်စက်ရုံ၊ Asia Rose  ဖိနပ်စက်ရုံ၊ Grand Royal အရက်ချက်စက်ရုံ၊ Lucky Shoes   ဖိနပ်စက်ရုံ၊ မြောင်းတကာသံမဏိစက်ရုံတို့သာ ညှိနှိုင်းပြေလည်မှု ရရှိသေးကြောင်း၊ ကျန်ရှိနေသော ၁၃  ရုံတွင် ဆန္ဒပြအလုပ်သမား ၅၀၀၀ ကျော် ခန့်ကျန်ရှိနေသေးကြောင်း၊ အချို့စက် ရုံများမှာ ရက်ပေါင်းကြာမြင့်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ယခုအချိန်ထိ ပြေလည်မှုမရရှိသေးကြောင်း၊ လက်ရှိ ဆန္ဒပြလျက်ရှိနေသေးသော စက်ရုံများတွင် စက်ရုံလုံခြုံရေးများ၊ အလုပ်ရှင်များက ဆန္ဒပြ အလုပ်သမားများအား ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း ရှိနေကြောင်း၊ သက် ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများမှ စက်ရုံအချို့တွင် အကြိမ်ကြိမ် လုပ်ငန်း ရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သော်လည်း ဆန္ဒထုတ်ဖော်ပြသည့် အလုပ်သမားများ၏ အခွင့်အရေး အား အပြည့်အ၀ပေးနိုင်အောင် ဖြည့် ဆည်းပေးနိုင်ခြင်း မရှိသေးသော ကြောင့် ယခုအချိန်ထိ ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း၊ ဆန္ဒပြနေသော စက်ရုံ အလုပ်သမားများမှာ ထိုက်တန်သော လုပ်ခလစာသာ တောင်းဆိုထားသောလည်း အလုပ်ရှင်များဘက်မှ လိုက်လျောပေးခြင်း မရှိသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ဆန္ဒပြအလုပ်သမားများ တောင်းဆိုသော အချက်များအား ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ပေးရန် ယခုလက်ရှိ အချိန်ထိ ဆန္ဒပြနေသော အလုပ်သမားများက တောင်းဆိုထားကြောင်း သိရှိရသည်။
မတ်လအတွင်း ဆန္ဒပြခဲ့သော စက်ရုံအများစုမှာ နိုင်ငံခြားသားပိုင် ကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများမှ အများဆုံးဖြစ်ကြောင်း၊ ဆန္ဒပြခဲ့သော အလုပ်သမားအများစု၏ အခြေခံလစာမှာ ကျပ် ၈၀၀၀ မှ အများဆုံး ကျပ် ၃၀၀၀၀ ထိသာရရှိပြီး အချို့ စက်ရုံများမှာ ခွင့်ရက်မရှိ၊ တစ်လအ တွင်း ခွင့်တစ်ရက်ယူလျှင် ကျပ် ၇၀၀၀ မှ ၁၀၀၀၀ ကျပ်ထိ ဒဏ်ကြေး ကောက်ခံကြောင်း၊ အချိန်ပို OT ကြေးမှာလည်း နည်းလျက်ရှိကြောင်း သိရသည်။

''အရင် အစိုးရလက်ထက်မှာကတည်းက ဒီနိုင်ငံမှာ ပေါပေါချောင်ချောင်နဲ့ ဖွင့်လို့ရမယ်။ အလုပ်သမား ငှားရမ်းလို့ရတယ်ဆိုပြီး လာရင်းနှီး မြှုပ်နှံကြတာများတယ်။ အခုလို ပွင့် င်းတဲ့အချိန်မှာတော့ အလုပ်သမားတွေက ကိုယ်ရသင့်ရထိုက်တာကို တောင်းတဲ့အချိန်မှာ ပေါပေါချောင် ချောင်နဲ့ရလို့ တန်ရာတန်ကြေး ပေးရမယ်ဆိုတဲ့ အချိန်ကျတော့  ဝေ့လည်ကြောင်ပတ်ပြီး နေကြတယ်။ ဒါပေမယ့် အခုချိန်က ပေါပေါချောင်ချောင်နဲ့ ရတဲ့အချိန် မဟုတ်တော့ဘူးဆိုတာကို လက်ရှိမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေရော၊ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေရော အားလုံးကိုသိအောင် လုပ်ရမယ်။ လုပ်ရမယ်ဆိုတာကလည်း အကြမ်းဖက်ဖို့ကို မဆိုလိုဘူး။ ကိုယ်ရသင့်ရထိုက်တာကို ငြိမ်းအေးစွာ တောင်းသင့်ပါတယ်''ဟု ၃၀ ရက်နေ့က လှိုင်သာယာစက်မှုဇုန်သို့ ဒုတိယအကြိမ် အားပေးစကား လာရောက်ပြောဆိုသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
''အကြိမ်ဘယ်လောက် ဆွေးနွေးမှုတွေပဲလုပ်လုပ် အဖြေကထွက်လာလိုက်ရင် ကိုယ်မျှော်လင့်လို့၊ ရသင့်ရထိုက်လို့ တောင်းတဲ့အဓိက အချက်တွေ ပါမလာဘူး။ ရသင့်ရထိုက်တာ မရသေးသ၍တော့ ဆန္ဒထုတ်ဖော်မှုတွေကတော့ လုပ်ရဦးမှာပဲ''ဟု လုပ်သက်ငါးနှစ်ရှိ  Hi-Mo ဆံပင် တုစက်ရုံမှ မအေးမြတ်မွန်က ပြောကြားခဲ့သည်။

မေလကုန်ပိုင်းမှစ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလုပ်ရှင်နှင့်အလုပ်သမားများကြား ဆန္ဒပြမှုနှင့်ပတ်သတ်၍ ညှိနှိုင်းအဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါအဖွဲ့အစည်းအနေဖြင့် လက်ရှိအချိန်ထိ ဆန္ဒပြနေသော စက်ရုံများနှင့် လစာတိုးမြှင့်ပေးရန် အလုပ်ရှင်နှင့် ဆွေး နွေးလျက်ရှိသော စက်ရုံများအား လုပ်ငန်းရှင်များလည်း မထိခိုက်အောင်၊ အလုပ်သမားများလည်း မနစ်နာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းမှ သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis