| တစ်ချိန်က စာပေများကို စိစစ်မှုခံယူပြီးမှသာ ပုံနှိပ် ထုတ်ဝေခွင့်ရှိသော ကင်ပေတိုင်ရုံးသည်လည်း အဆင့်အလိုက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးခဲ့ရသည်။ ယင်းကြောင့်ပင်လျှင် ဆယ်စုနှစ် ငါးစု နီးပါး ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ စာရေးဆရာ၊ အယ်ဒီတာများနှင့် ကြက်ပျံမကျ စည်းကားခဲ့သည့် စာပေကင်ပေတိုင်ရုံးသည် တဖြည်းဖြည်းချင်း နိဋ္ဌိတံ အဆုံးသတ်မည့် အခြေအနေများသို့ ရောက်ရှိလာခြင်း ဖြစ်ပေတော့သည် . . . |
Wednesday, 16 May 2012
ကင်ပေတိုင့်မှာတမ်း(ရဲရင့်တင့်ဆွေ)
Subscribe to:
Post Comments (Atom)
တဖျတ်ဖျတ် လှုပ်ခတ်သံကြောင့် ပြတင်းတံခါးမှ အပြင်သို့ ကြည့်မိသည်။
သုံးရောင်ခြယ် ပိုးသားအလံမှာ လေ၌ တလူလူ လွင့်လျက်ရှိသည်။ စိမ်းစိုနေသော
သစ်ပင်၊ ခန့်ညားသော အဆောက်အဦ၊ ရုံးဝင်းနှင့် နိုင်ငံတော် အလံတို့မှာ
ပနံသင့်လှသည်။ ကားပါကင်၌ ကားအချို့ ရပ်ထားသည်ကို တွေ့ရသည်။ အစိမ်းရောင်
မာစတာဂျစ်နှင့် အပြာရောင် အီး-၂၀၀၀၊ လေးဘီးကားတို့သာရှိပြီး
အခြားမည်သည့်ကားကိုမျှ မတွေ့ရ။ ရုံးအ၀င်လမ်းနှင့် သစ်ပင်အောက်
သစ်သားခုံလေးများမှာလည်း လူသူအရိပ်အယောင် မမြင်ရ။ တိတ်ဆိတ်ခြောက်ကပ်လွန်းလှ
သည်။ ''ဆရာ . . . . ၀င်ခဲ့ပါရစေ'' ဟူသောအသံကြောင့် အခန်းအတွင်းသို့
ပြန်လှည့်ကြည့်မိသည်။
No comments:
Post a Comment