menu

Wednesday 16 May 2012

အခြေခံလစာ ပြဿနာ


 
အလုပ်သမားများ၏ အခြေခံ  လစာသည် ဒေသအတွင်းနိုင်ငံများ  အနက်မြန်မာနိုင်ငံသည် အနိမ့်ဆုံး  လစာအဖြစ်ရှိခဲ့သည်။ ဤအကျိုး ဆက်အနေနဲ့ အလုပ်သမားများ အနေဖြင့် တောင်းဆိုမှုများအဆက်   မပြတ်ဖြစ်ပေါ်ခဲ့လေသည်။
တရုတ်ထိုင်ဝမ်တိုရီဖိနပ်စက် ရုံမှ အလုပ်သမား (၁၈၆၃)ဦးက နေ အခြေခံလစာနှင့် အခြားအခွင့် အရေးပါဝင်ခဲ့သည်။ ဖေဖော်ဝါရီ လ (၃၀) ရက်နေ့တွင် ထပ်မံ၍ ဖြစ်ပွားပြီး နံနက် (၇)မှနာရီမှနေ နေလယ်အထိအလုပ်သမားနှင့် အလုပ်ရှင်ကြား (၁)နာရီ ၇၅ကျပ်  အစား ၁၂၀ကျပ်ဖြင့် ပြေလည်မှု  ရရှိခဲ့ကြောင်း သိရသည်။
ဆန္ဒပြမူသည် ၂လကြာပြီး ခဲ့ပြီးနောက် လှိုင်သာယာစက်မှုဇုန်  (၄) High-Art ဆံပင်တုစက်ရုံ (A) (B) နှင့် ဇုန် (၃)ရှိ UNNO Mynamar Yes အထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြအလုပ် သမားများသည် လှိုင်သာယာဆံပင် တုစက်ရုံမှတစ်ဆင့် မရမ်းကုန်မြို့ နယ်ရှိ အလုပ်သမားရုံးသို့ရောက် ရှိကာ တောင်းဆိုမှုများပြုလုပ်ခဲ့ ကြလေသည်။ High-Artဆံပင် တုစက်ရုံသည် တရုတ်ကိုရီးယား ဖက်စပ်လုပ်ကိုင်သည့် စက်ရုံဖြစ် ပြီး ၂၀၀၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ကြောင်း ယနေ့အချိန်ထိ ပဋိပက္ခ (၃)ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

အလုပ်သမားများ၏ မူလရရှိ  သော အခြေခံလစာ (၈၀၀၀) ရှစ်ထောင်ကျပ်ကို (၃၀၀၀၀)သုံး သောင်းကျပ်ထိ တိုးမြင့်ပေးရန် တောင်းဆိုမှုအပါအ၀င်အခြေခံ တောင်းဆိုချက်များကို ခေါင်းဆောင် (၇)ဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ်  ဒေါ်နန်းသောင်းရင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနညွန်ကြားရေးမှူးဦးဝင်းရှိန် တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး၍  သဘောတူညီမှုရရှိခဲ့သည့်ကုမ္ပဏီ များရှိသလိုသဘောတူညီမှုမရရှိ သေးသည့်ကုမ္ပဏီများရှိကြောင်း သိရှိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍  စက်ရုံအတွင်း၌ အလုပ်သမားတို့ သည် မိမိတို့အားဖိအားပေးစေခိုင်း မှုများ၊ ရာထူးလျှော့ချခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများမကြာခဏ ကြုံတွေ့ရသည်။ မိမိတို့အလုပ် သမားဘ၀များမှာ ကျန်းမာရေး စောင့်ရှောက်မှုနည်းပါးပြီး အသွား အပြန်ကြို/ပို့ လုပ်ငန်းများတွင် အချိန်မမှန်၊ ကျန်းမာရေးအရ အန္တရာယ်ဖြစ်စေနိုင်သော ကယ်မီကယ်ပစ္စည်းများအလွန် အကျွံသုံးခြင်း၊ အလုပ်သမားတွေ ရဲ့ အခြေခံလစာအပြင် OT ခေါ်  အချိန်ပိုကြေးသည်လည်း မိမိတို့  တောင်းဆိုသည့်အချက်များအပေါ်  လိုက်လျှော့ခြင်းမရှိသည့်အတွက် ကြောင့် ဆန္ဒပြမှုအမျိုးမျိုးဖြစ်ပေါ်  စေခဲ့သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမည်မဖော်လိုသူတာဝန်ရှိသူ အလုပ်သမား၊ အလုပ်ရုံဥပဒေစစ် ဆေးရေးအရာရှိအား မေးမြန်းရာ ““ပြဿနာကဗျာ။ အစိုးရကနေ အခြေခံလစာသုံးသောင်းတိုးပေး တာကနေဖြစ်ပွားလာတာပါ။ အစိုးရကတိုးပြီဆိုတော့ ကုမ္ပဏီ တွေမှာရှိတဲ့ဝန်ထမ်းတွေကထပ်တိုး ပေးဖို့ဖြစ်လာတယ်။ ကုမ္ပဏီမှာရှိ တဲ့ကလေးတွေက တောင်းဆိုလာ မှာပဲ။ ကုန်ဈေးနှုန်းကိုကြည့်တော့ လည်း အပြောင်းအလဲတွေဖြစ်လာ  တယ်။ အလုပ်သမားတွေတောင်း ဆိုတာက အစိုးရပေးမည့် (၃၀၀၀၀) ပေးရမယ်လို့ပါတယ်။ အလုပ်သမား တွေက သူတို့သူဌေးတွေဘာလုပ် ထားလဲဆိုတော့ အခြေခံလစာ ငွေ (၈၀၀၀) ပေးထားလို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးပေါ့ ဗျာ၊ နောက်ခေါင်းစဉ်အမျိုးမျိုး တပ်ပြီးရက်မှန်ကြေး OT ကြေး တို့ ပေါင်းပြီးတော့မှာ (၇၀၀၀၀၊ ၈၀၀၀၀) လုပ်ထားတယ်။တကယ် လို့ သုံးလစာပေးတယ်ဆိုရင် (၂၄၀၀၀) ဖြစ်သွားတယ်။ ဒါက ဟိုတုန်းကမှန်တယ်၊ ခုကျမှဖြစ် တာ။ အစိုးရက (၃၀၀၀၀) ဆိုမှ ပြဿနာတက်တာ။ အစိုးရက မူရင်းလစာပါတိုးလာတဲ့အတွက် OT ကြေးပါတက်လာတယ်။ ရက်မှန်ကြေးတက်တယ်အကုန်တက် ရမည်ဆိုတော့ အကုန်ပေးရတော့ မှာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော် တို့ ကြားချပြီးကြည့်လိုက်မယ်ဆိုရင်  ကုမ္ပဏီတွေဘက်က အကုန်လုံး တော့မဖြစ်နိုင်ဘူးပေါ့ဗျာ။ မလို အပ်တဲ့ လူကြီးတွေက ငါ့လူလာ တယ်ကွာ၊ ပေးလိုက်ပါဦးဆိုတဲ့ခြ စားတဲ့ ပြဿနာတွေလည်း ပါတာ  ပေါ့။ ဒါတွေလည်းလျှော့ချရမယ်။ အရင်တုန်းက (၁၀) ပေးရင် အခု (၅) ကျပ်တော့ပေးရမယ်။ ကုမ်္ပဏီ ဘက်ကိုလည်းမျှကြည့်ရမယ်။ ဒါကြောင့် ပြဿနာတွေဖြစ်လာ ပြီဆိုရင် အလုပ်သမား၊ အလုပ်ရှင် က အဓိကကျပါတယ်။ လေဘာ ကလည်း ခုနကပြောသလို အလုပ်  သမားဘက်က အားသာမယ်ဆို ရင်လုပ်ပေးမယ်။ ကုမ္ပဏီဘက်က အားသာမယ်ဆိုလည်း ကုမ္ပဏီဘက်  လုပ်တာပဲ။ ဒါကတော့ထုံးစံပါပဲ ဗျာ။ အခုခေတ်တော်တော်များများ အမြင်တွေက မမျှမတမြင်ကြ တယ်။ တချိုကခေါက်ရိုးကျိုး ပုံစံ အတိုင်း ဆက်လုပ်တယ်။ အမြင်  တွေမပြောင်းသရွေ့ဒီပြဿနာတွေ ဆက်ဖြစ်နေဦးမှာပဲ””ဟု ပြောကြား  သွားပါသည်။
အလုပ်သမားလစာနှင့်ပတ် သက်ပြီး ဒေသတွင်းနိုင်ငံများ အနက် အနိမ့်ဆုံးလစာဖြစ်နေသ လို အလုပ်သမားများ၏ အသက် မွေးဝမ်းကျောင်းမှုများသည် ၀င် ရောက်လုပ်ကိုင်နေရသော အနေ အထားမျိုး၌ ရွေးချယ်နိုင်ခွင့်မရှိ သူများအပေါ် အကာအကွယ် ပေးနိုင်ရန်အတွက် လိုအပ်ချက် များစွာရှိနေဦးမည်ဟုသိရှိရပါသည်။
Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis