menu

Wednesday 16 May 2012

၂၀၁၂ ဒီဇင်ဘာ ၂၁ တွင် အဆုံးမသတ်သော မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်တစ်ခုကို ထပ်မံတွေ့ရှိ





ယခင်တွေ့ရှိခဲ့သည့် မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်ကို ယနေ့ခေတ် ကမ္ဘာသုံးပြက္ခဒိန်နှင့် တိုက်ဆိုင်ကြည့်ခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ အဆုံးသတ်နေသောကြောင့် ယင်းနေ့တွင် ကမ္ဘာပျက်မည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ရသည်။

ယင်းကောလာဟလမှာ အခြေအမြစ်မရှိကြောင်း၊ ယင်းရက်တွင် အဆုံးသတ်နေခြင်းမှာ ပြက္ခဒိန်ဆံ့သလောက် ဖော်ပြခြင်းသာဖြစ်ပြီး နှစ် ၄၀၀ စက်ဝန်းဖြင့်တွက်သော နှစ်တွက်ချက်မှု ၁၃ ခု၏ အဆုံးသာဖြစ် ပီး ရက်ကုန်၊ နှစ်ကုန်သွားသည့် သဘောမဟုတ်ကြောင်း ပညာရှင်များက ရှင်းလင်းခဲ့ကြပြီး ဖြစ်သည်။

ယခုအခါတွင်မူ ယင်းတွေ့ရှိပြီး မာယာပြက္ခဒိန်ထက် ရှေးကျသော မာယာပြက္ခဒိန်သစ်ကို ထပ်မံတွေ့ရှိခဲ့ပြီး ယင်းပြက္ခဒိန်မှာ နောင်နှစ်ပေါင်းများစွာအထိ  ဖော်ပြထားကြောင်းကိုပါ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယခု ပြက္ခဒိန်တွင်  ယခင်ပြက္ခဒိန်ကဲ့သို့ နှစ် ၄၀၀ စက်ဝန်း ၁၇ ခု ဖော်ပြထား ခြင်းဖြစ်သည်။

ယင်းပြက္ခဒိန်ပါ နံရံဆေးရေးပန်းချီကို ဘော့စတွန်တက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင် ၀ီလျံဆက်တာနိုက ဂွာတီမာလာနိုင်ငံရှိ မာယာယဉ်ကျေးမှု ထွန်းကားခဲ့ရာ နေရာတစ်ခုတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

''မာယာပြက္ခဒိန်က အနာဂတ် နှစ်သန်းချီ၊ ဘီလျံချီ၊ ထရီလျံချီ ဆက်ရှိနေနိုင်တာပါ။ ကျွန်တော်တို့ ဂဏန်းနဲ့ ပြောမရတဲ့ကာလလောက်အထိ ဆက်တွက်သွားလို့ ရတာမျိုးပါ''ဟု  မာယာယဉ်ကျေးမှု ကျွမ်းကျင်သူ ဒေးဗစ်စတူးဝပ်ကလည်း သုံးသပ်သည်။
Ref: Daily Mail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis