menu

Wednesday 16 May 2012

Huawei S8520



Huawei ရဲ့ဖုန်းအမျိုးအစားသစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်တယ်လို့ဆိုနိုင်ပြီး အသုံးပြုနိုင်ခြင်းကလည်း ကောင်းမွန်တယ်လို့ဆိုပါတယ်။ နည်းပညာမြင့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Touch Screen ဖုန်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ ပါးလွှာတဲ့ပုံစံဒီဇိုင်းမျိုးနဲ့ အသုံးပြုသူတွေကို စိတ်ကျေနပ်မှုရရှိစေနိုင်မှာပါ။

ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက် ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သုံးပျော်တယ်လို့ဆိုရမယ့် ဖုန်းပါပဲ။ Touch စနစ်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း Huawei ဟာ Touch စနစ်ပိုင်းနဲ့ Android OS ကို အဆင့်မြှင့်တင်မှုမှာ ကောင်းမွန်လာတယ်လို့ ဆိုရမှာပါပဲ။ Touch စနစ်ပိုင်းက Motorola နဲ့ဆင်တူလာပါတယ်။


အသုံးပြုနိုင်မှုကွန်ရက်
အသုံးပြုနိုင်တဲ့ကွန်ရက်တွေကတော့ GSM စနစ်နဲ့ CDMA စနစ်နှစ်မျိုးစလုံးကို တွဲဖက်အသုံးပြုနိုင်မယ့် ဖုန်းပါပဲ။ GSM စနစ်အတွက်တော့ GSM 850/900/1900/2100 ကွန်ရက်တွေမှာ ချိတ်ဆက်နိုင်မှာဖြစ်တဲ့ GSM 3G ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး CDMA စနစ်အတွက်တော့ CDMA 800 MHz စနစ်ကို အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် CDMA 2000 1X EVDO စနစ်ကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ကွန်ရက်နှစ်ခုစလုံးအတွက် အဆင်ပြေစေနိုင်တဲ့ဖုန်းပါပဲ။ Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းကတ်နှစ်ခုစလုံးကို တစ်ပြိုင်နက် ထည့်သွင်းအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Sim Card တွေအတွက်လည်း CDMA နဲ့ GSM ခွဲခြားပေးထားတာကို တွေ့ရပါတယ်။ 3G အင်တာနက်စနစ်အပြင် ၀ါယာလက်အင်တာနက်စနစ်အတွက်လည်း WiFi စနစ်ကို အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ မိုဘိုင်ဖုန်းအသုံးပြု တခြား Accessories ပစ္စည်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်လည်း Bluetooth 2.0 စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဖုန်းတွင်းမှတ်ဉာဏ်
ဖုန်းတွင်းမှတ်ဉာဏ်စနစ်ပိုင်းအတွက်တော့ Internal Memory 512MB ROM စနစ်နဲ့ 128MB RAM စနစ်တွေပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုနိုင်ဖို့အတွက်တော့ Micro
SD Card 32GB ထိ ထပ်တိုးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဖုန်းတွင်းမှတ်ဉာဏ်စနစ်ပိုင်းအတွက်လည်း အဆင်ပြေပါတယ်။

Music & Multimedia

Music ပိုင်းနဲ့ Multimedia စနစ်ပိုင်းတွေအတွက်တော့ MP3, WMA, FLAC player, MP4, WMV player, Organizer, Document viewer, Voice memo/dial, Predictive text input စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Music ပိုင်း Multimedia စနစ်ပိုင်းတွေအတွက်လည်း ကောင်းမွန်တဲ့ဖုန်းပါပဲ။

ကင်မရာ
ကင်မရာစနစ်ပိုင်းအတွက်တော့ 3.5 Mega Pixel ရှိတဲ့ကင်မရာပါဝင်ပြီး ကင်မရာစနစ်ပိုင်းတွေအနေနဲ့တော့ LED flash, check quality, Geo-tagging, face detection, image stabilization အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ကင်မရာစနစ်ပိုင်းအတွက်လည်း ပြည့်စုံတဲ့ဖုန်းပါပဲ။ ဒီဖုန်းမှာ ထည့်သွင်းအသုံးပြုပေးထားတဲ့ OS စနစ်ကတော့ Android OS Version 2.2.2 စနစ်ကို ထည့်သွင်းအသုံးပြုပေးထားတာ တွေ့ရပါတယ်။ CPU စနစ်အနေနဲ့ကတော့ 600MHz CPU စနစ်ကို အသုံးပြုပေးထားတာ တွေ့ရပါတယ်။ GPS စနစ်အတွက်လည်း AGPS စနစ်ကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီဖုန်းကို ၀ယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ AMT မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၃၇၁၉၂၄ မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ရေးသားသူ - ကိုသက်
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis