menu

Tuesday 1 May 2012

ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်များအနက်မှ တစ်စီးကို လေလံတင်မည်





ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်များအနက်မှ တစ်စီးဟုဆိုနိုင်မည့် လွန်ခဲ့သော နှစ် ၁၀၀ ကျော် ၀ိတိုရိယခေတ်မှ မော်တော်ဆိုင်ကယ်တစ်စီးကို လေလံတင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဆိုင်ကယ်မှာ စက်ဘီးနှင့် အသွင်များစွာ ကွဲပြားခြင်းမရှိဘဲ  နောက်ဘီးတွင် အင်ဂျင်တပ်ထားခြင်း၊ ဘားတန်းတွင် ဆီကန်တပ်ထားခြင်းသာ ကွဲပြားသည်။ ၁၈၉၉ ခုနှစ်က 'Motor Wheel' အမည်ဖြင့် မှတ်ပုံတင်ခဲ့သည့် ယင်းဆိုင်ကယ်များသည် ဂန္ထ၀င်ဆင်းဂါးစက်ဘီးကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်သည်။


ယခုလေလံတင်မည့် ဆိုင်ကယ်မှာ ၁၉၂၇ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်လေးဦးသာ ပြောင်းသေးသည်ဟု သိရသည်။

အက်ဒ၀င်ပါ့ခ်နှင့် ဟားရိုးလ် ဘာ့ခ်ျတို့က ယင်းဆိုင်ကယ်ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အလွိုင်းဘီးကို သွန်းလုပ်သူများလည်း ဖြစ်သည်။ ယခုလေလံတင်မည့် ဆိုင်ကယ်မှာ ရှားရှားပါးပါး ကြွင်းကျန်ခဲ့သည့် ပစ္စည်းဖြစ်ပြီး ထိုခေတ်အခါက ၆၃ ပေါင်တန်သည့် ပစ္စည်းဖြစ်သည်။ ယနေ့ခေတ်ငွေ တန်ဖိုးအျရ ပေါင် ၂၁၀၀၀ ခန့် တန်ကြေးရှိနေပြီး လေလံတွင် ယင်းထက်မနည်းသော တန်ကြေးရရန် မျှော်လင့် ထားခဲ့သည်။

အင်ဂျင်တပ်ထားသည်ဟု ဆိုသော်လည်း ပုံမှန်စက်ဘီးနင်းသည့် အမြန်နှုန်းခန့်ဖြင့်ပင် သွားနိုင်မည်ဖြစ်ပြီး ဘားတန်းတွင်တပ်ထားသော ဆီတိုင်ကီမှာ တစ်ခါထည့်ပြီးပါက မိုင် ၅၀ နီးပါးစီးနင်းနိုင်သည်ဟု သိရသည်။

သို့ရာတွင် လမ်းကြမ်းသော နေရာများတွင် ဆီတိုင်ကီက ဆောင့်သောကြောင့် စီးနင်းရအဆင်ပြေမည် မဟုတ်ပေ။
Ref: Daily Mail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis