menu

Tuesday 1 May 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်နေရာ၌ ပါဝင်သရုပ်ဆောင်မည့်သူအား ထပ်မံဖိတ်ခေါ်




e7301
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် ပါဝင်သရုပ်ဆောင်ရန် ပထမအကြိမ် လူတွေ့စစ်ဆေးစဉ်
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်နေရာ ၌ ပါဝင် သရုပ်ဆောင်နိုင်ရန် အတွက် ဗိုလ်ချုပ်နှင့် ရုပ်ချင်းဆင်တူသည့် သရုပ်ဆောင်သစ်များကို ထပ်မံ ဖိတ်ခေါ်ထားကြောင်း သိရှိရပါသည်။
ထပ်မံဖိတ်ခေါ်မှုအတွက် လျှောက်လွှာပေးပို့မှုကို ဧပြီလ ၂၅ ရက်နေ့မှ စတင်ကာ မေလ ၇ ရက် နောက်ဆုံးထားပြီးပေးပို့ရမည် ဖြစ်ပါသည်။

“ပထမအကြိမ်လျှောက်လွှာ ခေါ်ယူမှုကနေ ဧပြီလ ၇ ရက်နေ့မှာ လူတွေ့စစ်ဆေးပြီး  အနီးစပ်ဆုံးဖြစ် နိုင်မယ့်သူ သုံးဦးကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမယ့် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင်တွေ အနေနဲ့ စိတ်ကျေနပ်မှု မရှိသေးတာကြောင့် ဒုတိယအကြိမ် လျှောက်လွှာခေါ်ဖို့ စီစဉ်ဖြစ်ခဲ့တာပါ”ဟု ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့၊ ရုပ်တူသရုပ်ဆောင်ရွေးချယ်ရေး အဖွဲ့ဝင်ဦးဇင်ဝိုင်းကရှင်းပြခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနေရာ တွင် ပါဝင်သရုပ်ဆောင်လိုသူများ အနေဖြင့် မျက်နှာပိုင်းနှင့် ကိုယ်လုံးပေါ် ဓာတ်ပုံများနှင့်အတူ ဗိုလ်ချုပ်နေရာ တွင်ပါဝင်သရုပ်ဆောင်လိုသည့် အကြောင်းတို့ကို စာကြောင်းရေ ၃၀ ရေးသားကာ မိမိတို့ကိုယ်ရေးရာဇ၀င် နှင့်အတူ ဓမ္မစေတီလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်းသို့လျှောက်ထားရမည် ဖြစ်သည်။ အီးမေးလ်ဖြင့် လျှောက်ထားလိုသူများအနေဖြင့် bogyokeaungsanmovie@gmail.com သို့ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။
ပထမအကြိမ် ခေါ်ယူခဲ့မှုတွင် လာရောက်လျှောက်ထားသူ ၁၅၇ ဦး အနက် ၁၄ ဦးကို ဓာတ်ပုံကြည့် ရွေးချယ်ခဲ့သည်။ အဆိုပါ ၁၄ ဦးကို  လူတွေ့စစ်ဆေးမှုသို့ ၁၃ ဦးလာရောက်ခဲ့ပြီး ယင်းတို့အနက်မှ သုံးဦး ကိုရွေးချယ်ခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis