menu

Tuesday 1 May 2012

Samsung Exhibit II 4G



Samsung Exhibit II 4G ဟာ ယခင်ဖုန်းနဲ့ အမည်ခြင်းဆင်တူပေမယ့် ဖုန်းရဲ့ဒီဇိုင်းကတော့ အနည်းငယ်သာဆင်တူပါတယ်။ အရွယ်အစားကတော့ အမြင့် ၄.၅၄ လက်မ၊ အကျယ် ၂.၃၅ လက်မနဲ့ အထူ ၀.၄၅ လက်မဖြစ်ပါတယ်။ အတော်အသင့်ပါးလွှာပြီး ကျစ်လျစ်တဲ့ဖုန်းဖြစ်ပါတယ်။

အလေးချိန် ၄ အောင်စသာရှိတာကြောင့် အိတ်ကပ်ထဲအလွယ်တကူထည့်ကာ သယ်သွားနိုင်ပါတယ်။ ၃.၇ လက်မအရွယ် TFT LCD WVGA (480x800-pixel resolution ကို အရောင် ၁၆ သန်းနဲ့ ဖော်ပြပေးနိုင်ပါတယ်။ ယင်း screen ဟာ အရောင်အသွေးစုံလင်ပြီး တောက်ပကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို ဖော်ပြပေးနိုင်ပေမယ့် နေရောင်ထဲ တိုက်ရိုက်သုံးတဲ့အခါမှာတော့ အခက်တွေ့နိုင်ပါတယ်။ Android 2.3 Gingerbread operating system ကို Samsung ရဲ့ TouchWiz interface နဲ့အတူအသုံးပြုထားတဲ့ Exhibit II 4G ကို စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်တဲ့ home screen 7 ခုဖြင့်အသုံးပြုပါတယ်။
Screen ရဲ့အောက်ဘက်မှာတော့ touch-sensitive ခလုတ်လေးခုကိုတွေ့ရမှာဖြစ်ပြီး ၃.၅ မီလီနားကြပ်ပေါက်နဲ့ Micro-USB အားသွင်းပေါက်ကိုတော့ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ အသံအတိုးအကျယ်ပြုလုပ်နိုင်မယ့် volume rocker ခလုတ်ကိုတော့ ဖုန်းရဲ့ဘယ်ဘက်ဘေးမှာတပ်ဆင်ပေးထားပြီး power ခလုတ်ကိုတော့ ဖုန်းရဲ့ညာဘက်ဘေးမှာ တပ်ဆင်ပေးထားပါတယ်။ ကင်မရာခလုတ်ကိုတော့ တပ်ဆင်ပေးထားခြင်းမရှိပါဘူး။ ဖုန်းရဲ့ကျောဘက်မှာတော့ 3-megapixel ကင်မရာနဲ့ flash ကိုတပ်ဆင်ပေးထားပြီး 32GB အထိအသုံးပြုနိုင်တဲ့ microSD card slot ကိုတော့ ဖုန်းရဲ့နောက်ဖုံးအောက်ဘက်မှာ တွေ့ရမှာပါ။ Android ဖုန်းဖြစ်တဲ့အတွက် Gmail, YouTube, Google Maps, Google Places စတဲ့ Google ၀န်ဆောင်မှုများနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခြင်းအတွက် 3-megapixel ကင်မရာဖြင့်ပြုလုပ်နိုင်ပါတယ်။ Samsung Exhibit II 4G ကို GSM 850/900/1800/1900; UMTS/
HSPA+ နဲ့အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုအရည်အသွေးဟာ အလွန်ကောင်းမွန်ပြီး အသံများကို ကြည်လင်ကျယ်လောင်စွာ ကြားနိုင်စေပါတယ်။ စပီကာဖုန်းရဲ့အရည်အသွေးဟာလည်း ကောင်းမွန်ပြီး ဖုန်းပြောဆိုမှုများကို နောက်ခံဆူညံမှုမရှိစေဘဲ ပြုလုပ်နိုင်ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ ပရိုဆက်ဆာကတော့ dualcore 1GHz Qualcomm Snapdragon ပရိုဆက်ဆာဖြစ်ပြီး ယင်းဟာ အချို့သောလုပ်ဆောင်ချက်များကို နှေးကွေးစေပေမယ့် ဖုန်းရဲ့စွမ်းဆောင်ရည်ကိုတော့ မထိခိုက်စေပါဘူး။ ဘက်ထရီကတော့ 1500mAh lithium ion ဖြစ်ပြီး ဖုန်းပြောခြင်းအတွက် ၅.၅ နာရီ၊ အသင့်အနေအထားအတွက် ၁၅ ရက်အသုံးပြုနိုင်ပါတယ်။

အားသာချက် - Samsung Exhibit II 4G ကို HSPA+ အမြန်နှုန်းဖြင့် အသုံးပြုနိုင်ပြီး Android 2.3 Gingerbread ကိုထည့်သွင်းအသုံးပြုထားကာ ဖုန်းခေါ်ဆိုမှုအရည်အသွေးကလည်း ကောင်းမွန်ပါတယ်။

အားနည်းချက် - ဖုန်းရဲ့ဒီဇိုင်းဟာညံ့လွန်းပြီး ဓာတ်ပုံတွေကိုဖော်ပြရာမှာလည်း တောက်ပမှုအနည်းငယ်ဖြင့်သာ ဖော်ပြနိုင်ပါတယ်။

ရေးသားသူ -နောင်နောင်
Internet Journals

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis