menu

Tuesday 1 May 2012

တရားမ၀င်အင်တာနက်ဖုန်းလိုင်းများကို စတင်အရေးယူတော့မည်ဟုဆို

အများပြည်သူသုံးအင်တာနက်ဆိုင်များ၌ အသုံးပြုနေကြသည့် တရားမ၀င်အင်တာနက်ဖုန်းလိုင်းများကို မကြာမီကာလတွင် စစ်ဆေးအရေးယူသွားတော့မည်ဟု Y Talk အင်တာနက်ဖုန်းလိုင်းများကို ရောင်းချပေးနေသည့်  VGM ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ထွန်းကပြောသည်။ ““အရင်တုန်းက Y Talk အနေနဲ့ကလည်းဈေးကြီးတယ်။ ကိုယ်ကဈေးကြီးနေပြီးတော့ သူများကို အရေးယူရင်လည်း မကောင်းဘူး။ မတရားရာကျတယ်။ အသုံးပြုသူတွေလည်းနစ်နာတယ်။ အခု  Y Talk ကိုဈေးလျှော့ပေးလိုက်ပြီ။ MPT (မြန်မာ့ဆက်သွယ်ရေး) အနေနဲ့ကလည်း တရားမ၀င်အင်တာနက်ဖုန်း လိုင်းတွေကို အရေးယူဖို့စီစဉ်နေတယ်”” ဟု ဦးအောင်ထွန်းကဆိုသည်။ Y Talk အင်တာနက်ဖုန်းလိုင်း၏ ပြည်ပတယ်လီဖုန်းခေါ်ဆိုမှုနှုန်းထားကို မေလ ၁ ရက်နေ့မှစတင်၍ နိုင်ငံအပေါ်မှုတည်ကာ ဈေးနှုန်းလျှော့ချပေးသွားမည်ဖြစ်သည်။
အင်တာနက်အသုံးပြု၍ နိုင်ငံခြားဖုန်းခေါ်ဆိုခနှုန်းထားများကို လျှော့ချပေးလိုက်သည့်နောက်ပိုင်းတရား မ၀င်အင်တာနက်ဖုန်းလိုင်းအသုံးပြုသူများကို စစ်ဆေးအရေးယူနိုင်ရန် စီစဉ်လာခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အဆိုပါတရားမ၀င်အင်တာနက်ဖုန်းလိုင်းများနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်မတ်လ၌ သတင်းတစ် ခုကိုထုက်ပြန်ခဲ့ပြီး အဆိုပါထုက်ပြန် ချက်၌ Pfingo နှင့် Skype ကဲ့သို့ သော အင်တာနက်အသုံးပြု၍ နိုင်ငံခြားဖုန်းခေါ်ဆိုမှုများကို အသုံးပြုမည်ဆိုပါက တည်ဆဲဥပဒေများနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဟုပါရှိသည်။ နိုင်ငံတော်ဝင်ငွေကျဆင်းလာ ခြင်းနှင့်ပတ်သက်၍ တရားမ၀င်နိုင်ငံခြားဖုန်းလိုင်းခေါ်ဆိုမှုများကိုမပြု လုပ်ကြရန် ၂၀၁၁ ခုနှစ် မက်လ ၂ ရက်နေ့နေ့စွဲဖြင့် ပြည်တွင်းရှိ အင်တာနက်ဆိုင် ၇၀၀ ကျော်သို့ အင်တာနက်ဆိုင်လိုင်စင်များထုက်ပေးနေသည့်(ယခင်) မြန်မာ့အင်ဖိုတက်ခ်မှ အကြောင်းကြားစာများပေးပို့ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်ထုက်ပြန်ခဲ့သော နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ၌ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းမှာ အစိုးရကသာလုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းအဖြစ်ဖော်ပြပါရှိပြီး သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့အစည်းထံမှ ခွင့်ပြုချက်မရယူဘဲလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေအရ ထောင်ဒဏ်ငါးနှစ်နှင့်သက်မှတ်ငွေဒဏ်ကို ချမှတ်နိုင်သည့်အပြင် ပစ္စည်းများကိုလည်း ပြည့်သူဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ကြောင်းသိရသည်။ ပြည်တွင်း၏ တရားဝင်နိုင်ငံခြားခေါ်ဆိုမှုအင်တာနက်ဖုန်းလိုင်းကို Y Talk  အမည်ဖြင့် ဖေဖ၀ါရီလ အတွင်းစတင်အသုံးပြုနိုင်ခဲ့ပြီး ယခုအခါ၌ အဆိုပါ Y Talk အင်တာနက်ဖုန်းလိုင်းကို လူဦးရေ ၂၀၀၀ ခန့်အသုံးပြုနေပြီဟုသိရသည်။ ဈေးနှုန်းကြီးမြင့်နေသည့် Y Talk အင်တာနက်ဖုန်းလိုင်းများ၏ ခေါ်ဆိုမှုကို အသုံးပြုသူများ၏ တောင်းဆိုမှုအရအခြားသော အင်တာနက်ဖုန်းလိုင်းများနည်းတူ မေလ ၁ ရက်နေ့မှစတင်၍ ဈေးနှုန်များလျှော့ချပေးလိုက်ခြင်းသည် ပြည်တွင်းဖြစ်အင် တာနက်ဖုန်းလိုင်းကိုသာအသုံးပြုစေလို၍လျော့ချပေးလိုက်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဖြစ်အင်တာနက်ဖုန်းလိုင်းကိုအသုံးပြုခြင်းဖြင့် နိုင်ငံတော်ဝင်ငွေတိုးပွားလာမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်းပေါများလာစေနိုင်ကြောင်း ဦးအောင်ထွန်းဦးကဆိုသည်။ အင်တာနက်အသုံးပြုနိုင်ငံခြား ဖုန်းလိုင်းခေါ်ဆိုမှုများနှင့်ပတ်သက်၍ အင်တာနက်ဆိုင်ရှင်တစ်ဦး၏ အဆိုအရ ၎င်းင်းတို့အင်တာနက်ဆိုင်၌ အင်တာနက်ဖုန်းလိုင်းအကောင့်မျိုးစုံကိုအသုံးပြုလျှက်ရှိကြောင်း၊ ခေါ်ဆိုလိုသည့်နိုင်ငံအပေါ်မှုတည်၍ ဈေးနှုန်းသက်သာသည့်အင်တာ နက်ဖုန်းလိုင်းကိုရွေးချယ်ခေါ်ဆိုပေးလျက်ရှိကြောင်းသိရသည်။
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis