menu

Friday 23 March 2012

အင်းအိုင်၊ မြစ်၊ ချောင်းများတွင် ပြည်ပငါးမျိုးစိတ်ပေါက်ဖွားမှု များလာ


ဗဟိုစံပြငါးဈေးအတွင်းရှိ တီးလားဗီးယားငါးများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဗူးသီး
မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ပြည်ပနိုင်ငံများနှင့်ငါးလုပ်ငန်း များပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ် တစ်ဒေသဖြစ်သော နည်းပညာ အရ ငါးမျိုးစိတ်များလွဲပြောင်းပေးအပ်သည့် အချက်ကြောင့် နိုင်ငံ အတွင်းရှိ သဘာဝ အင်းအိုင်၊ မြစ်၊ ချောင်းများတွင် ယခုနှစ် အတွင်း တိုင်းရင်းငါးမျိုးမဟုတ်သော ပြည်ပငါးမျိုးစိတ်များပေါက်ဖွားမှု ပိုမို များပြားလာကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူးဦးဝင်းကြိုင်က ပြောသည်။
"ဒီငါးမျိုးစိတ်တွေက မွေးဖို့ရောက် လာပြီး သဘာဝပတ်ဝန်းကျင်ထဲကို လွှတ်လိုက်တယ်။ အဲဒီငါးတွေက သူတို့ ရဲ့ ရေမြေပတ်ဝန်းကျင် မဟုတ်ပေမယ့် လည်း မြန်မာ့ရေမြေ ပတ်ဝန်းကျင်မှာပဲ တည်တံ့ ပွားများပြီးတော့ တိုင်းရင်းငါး မျိုးတွေထဲမှာ ငါးမျိုးစိတ်အသစ်တစ် မျိုးအနေနဲ့ အမြောက်အမြားဝင်ရောက် လာတယ်ဟု" ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ မြစ်၊ ချောင်း၊ အင်း အိုင်များတွင်ပြည်ပငါးမျိုးစိတ်များဖြစ် သော ဘိုရာဗီ (ဒေသအခေါ်ဂျပန်ငါး)၊ တီလားဗီးယားငါးနှင့် ထိုင်းငါးခုံးမငါး များ ပေါက်ဖွားလာမှုများပြားလာပြီး ထုတ်ကုန်တစ်မျိုးအနေဖြင့် ရှိလာ ကြောင်းလည်း ပြောသည်။
"ဒီသုံးမျိုးက မြန်မာနိုင်ငံမှာ လက်ရှိ ပေါက်ဖွားမှုအများဆုံးပဲ။ ပြည်တွင်း တိုင်းရင်းငါးတွေ ကြီးပြင်းတဲ့ရေမှာ ပေါက်ဖွားနိုင်တာ တွေ့ရတယ်။ ဧရာဝတီ မှာ မနှစ်က ဘိုရာဗီငါးမျိုးတွေ ၀င်လာ တယ်။ အင်းလေးကန်ထဲမှာလည်း တီလားဗီးယား ငါးမျိုးတွေ အမိများလာ ပြီး အင်းလေးကန်မှာ အဓိကငါးအဖြစ် နဲ့ လွှမ်းမိုးထားတယ်။ တွံတေးက ချောင်း တွေထဲမှာလည်း ထိုင်းငါးခုံးမမျိုးစိတ် တွေ ရှိနေပြီ"ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ပြင်စလူ နှင့် မုန်တိုင်းကလေးကျေးရွာအတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်များတွင် နာဂစ် အပြီး ရေလုပ်ငန်းများ ပြန်လည် ထူထောင်စဉ်အတွင်း တီလားဗီးယား ငါးများကို အတွေ့များလာသည်။
"ပြင်စလူကျေးရွာက နာဂစ်မုန်တိုင်း ဒဏ်ကို အကြီးအကျယ်ခံလိုက်ရတယ်၊ မုန်တိုင်းပြီးတော့ အဲဒီဒေသရဲ့ချောင်း တွေထဲမှာ တီလားဗီးယားငါးတွေကိုတွေ့ လာရတယ်။ ပိုက်ကွန်နဲ့ဖမ်းရင်တောင် တီလားဗီးယားငါးတွေ အများဆုံးပါ တယ်။ တီလားဗီးယားကို ငါးလုပ်ငန်း ဦးစီးဌာနကဦးဆောင်ပြီး မွေးမြူရေးကန် တွေထဲမှာ မျိုးထည့်ပေးလိုက်တယ်။ ကန် တွေက မုန်တိုင်းကြောင့် နစ်သွား တော့ ငါးတွေအပြင်ထွက်သွားတာပါ"ဟု ၎င်းက ပြောသည်။
ဦးဝင်းကြိုင်က နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်းအတွင်းတွင် တီလားဗီး ယားငါးမျိုးများ ရှင်သန်ပေါက်ဖွားနိုင် သည့်အကြောင်း ရင်းနှင့် ဆက်စပ်နေ သော ထူးခြားသည့်သဘာဝပတ်ဝန်းကျင် အပြောင်းအလဲများကိုလည်း လေ့လာ ရန် လိုအပ်ကြောင်းပြောသည်။
"တီလားဗီးယားက နာဂစ်မုန်တိုင်းပြီး တဲ့ နောက်ပိုင်းတစ်နှစ်ပြီးတစ်နှစ် မြန်နိုင်ငံရဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ ရှင်သန် နိုင်တယ်ဆိုတာ ထူးခြားပါတယ်။ ဒီဒေသတွေမှာ ဒီငါး တွေက အကောင်ကြီးရော အကောင် အသေးပါတွေ့လာရတယ်။ ဒီဖြစ်စဉ် တွေကို စနစ်တကျလေ့လာဖို့လိုတယ်" ဟု ၎င်းကပြောသည်။
တီလားဗီးယားငါးမျိုးစိတ်မှာ ရေချိုနှင့် ရေငန်နှစ်နေရာလုံးတွင် ရှင်သန်နိုင် ပြီး၊ ရေချိုဒေသတွင်တီလားဗီးယားငါး များပေါက်ဖွားမှု အများဆုံးဖြစ်ကြောင်း သိရသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis