menu

Thursday 23 February 2012

အိုင်ကျူ ၁၅၀ ရှိသော ကွန်ပျူတာတီထွင်





လူသားတွင်ဆိုပါက ပါရမီရှင်ဟုအမည်တပ်ရလောက်သော ဉာဏ်ရည်အဆင့်အတန်းဖြစ်သည့် အိုင်ကျူစမ်းသပ်မှုတွင် အိုင်ကျူ ၁၅၀ အထိရရှိသော ကွန်ပျူတာတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။

လူသားတို့၏ ပျမ်းမျှအိုင်ကျူ အဆင့်အတန်းမှာ ၁၀၀ ဖြစ်သည်။ အိုင်ကျူ ၁၅၀ ရှိသူမှာ လူသားတို့၏ လေးရာခိုင်နှုန်းသာရှိသည်။ ယခု ဖန်တီးထားသော ပရိုဂရမ်မှာ သင်္ချာယုတ္တိဗေဒနှင့် လူသားနှင့်တူညီသော တွေးခေါ်ပုံ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ယင်းဆော့ဖ်ဝဲကို ဆွီဒင် နိုင်ငံ၊ ဂိုသင်ဘာ့ဂ်ျတက္ကသိုလ်မှ သုတေသနပညာရှင် ကလက်စ်စထရန်ဂါ့တ် ဦးဆောင်သည့်အဖွဲ့က တီထွင်ခဲ့ခြင်း ဖြစ်သည်။

ကွန်ပျူတာ၏ သင်္ချာစွမ်းရည်သက်သက်ဖြင့် အိုင်ကျူမေးခွန်းများကို ဖြေဆိုပါက မှားယွင်းနိုင်သောကြောင့် စိတ်ပညာပိုင်းအရပါ တွေးတောမှုစွမ်းရည်မြင့်စေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။
Ref: Daily Mail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis