menu

Thursday 23 February 2012

ရယ်မောစရာ ပြေစာလေးများ



နာရီလက်တံအတိုသည် တစ်ဆယ် ဂဏန်းနေရာတွင် ရှိပြီး နာရီလက်တံအ ရှည်သည် ဆယ်နှစ်နေရာတွင် တန်းတန်း ကြီး ထောက်မိလျှက်ရှိသည်။ ဤသည်ကို ကျွန်တော်၏ နာရီကြည့်သက်တမ်းအနှစ် နှစ်ဆယ်ကျော် သဘာဖြင့်ကြည့်သော် ဆယ်နာရီထိုးပါပေါ့ဟု ဒက်ကနဲသိရ၏။ ထိုအချိန်တွင် ကျွန်တော်၏ ““မြန်ကောင်း သက်သာ””ဟုအမည်တွင်သော ဓာတ်ပုံ ဆိုင်ကလေးအတွင်းသို့ မိန်းမနှစ်ယောက် ၀င်လာ၏။ လူတွေကို အပိန်နဲ့အ၀ ခွဲခြား သိရှိတတ်သောသဘာနှင့် မိန်းမ၊ ယောက်ျားခွဲခြားတတ်သောပညာကြောင့် အကြင်သူတို့သည် မိန်းမနှစ်ယောက်မည် ၏။ ထို့အပြင်တစ်ယောက်သည် ၀ပြီး ကျန်တစ်ယောက်သည် ပိန်၏ဟု တန်းသိ လေတော့၏။ ဤတွင် ကျွန်တော့်တပည့် ကျော် ရွှေမျက်မှန်မှ ““ဟာ..ကြွပါအစ် မကြီးတို့၊ လိုင်စင်ပုံလား၊ အလှပုံလား၊ ဒါမှ မဟုတ် ဓာတ်ပုံကူးကြမလို့လား။ လိုင်စင် ပုံဆိုရင်တော့ သုံးမိနစ်ပဲစောင့်။ အလှပုံ ဆိုရင်တော့ မဆိုသလောက်ကလေး ကြာမယ်နော်။ဓာတ်ပုံကူးမယ်ဆိုရင်တော့ ခုကူးခုရ မြန်သမျှ မြန်ပဲဗျ။ သြော်ဈေး  နှုန်းကလည်း ချိုသာတယ်နော်”” ဟု ဗေလုဝလိုရုပ်နှင့်နေတိုးလို အက်ရှင်မျိုး ဖမ်းပြီး ကြော်ငြာပြလေတော့၏။

““ဟဲ့။ ငါတို့က ဓာတ်ပုံရိုက်ဖို့လာတာ မဟုတ်ဘူး။ လူကိုနည်းနည်းပါးပါးအကဲ ခတ်စမ်းပါဦးဟယ်။ သန့်ရှင်းရေးအခွန် ကောက်ဖို့လာကြတာဟဲ့””။ ထိုအခါကျမှ ကျွန်တော့်တပည့်ကျော် ရွှေမျက်မှန်မှ ““သြော်..ဆိုင်မှာလုပ်မယ့် ၀န်ထမ်းအ သစ်တွေကို။ နို့ဒါပေမဲ့ ကျွန်တော်တို့ဆိုင် မှာ သန့်ရှင်းရေးဝန်ထမ်းမလိုဘူးဗျ။ ကျွန် တော်ပဲဆိုင်ဖွင့်၊ ဆိုင်သိမ်းအထိ ဆိုင်မှာ ရှိတဲ့ အမှိုက်တွေ သန့်ရှင်းရေးလုပ်ရတာ ဗျ။ အာစရိကလည်းဗျာ။ သန့်ရှင်းရေး ၀န်ထမ်းများ အထူးတလည်ခေါ်နေလို့၊ တကတဲမှပဲ တပည့်ကျော်ရွှေမျက်မှန်ရှိရဲ့ သားနဲ့ ၀န်ထမ်းအပို နောက်ထပ်နှစ် ယောက်ခေါ်ရတယ်လို့””ဟု ကျွန်တော့် ဘက်သို့ မျက်စောင်းထိုးပြီး မာမီစတိုင် ဖြင့် အပြစ်တင်ပြောဆိုလေတော့၏။ ကျွန်တော့်မှာ ပခုံးနှစ်ဖက်ကိုသာ အသာ တွန့်ပြလိုက်ရလေတော့၏။
““ဟဲ့။ တောသား ငါတို့က နင်တို့ ဓာတ်ပုံဆိုင်မှာ အလုပ်လာလျှောက်တဲ့ လူတွေမဟုတ်ဘူးဟဲ့။ ငါတို့ကစည်ပင်က ၀န်ထမ်းတွေ။ ဒါကြောင့် နင်တို့ဆိုင်ကို သန့်ရှင်းရေးအခွန်လာကောက်တာ””။ ““ဘာ။ ဘယ်လို သန့်ရှင်းရေးအခွန်လာ ကောက်တာ။ ဟုတ်စ””၊ ““အေး။ ဟုတ် တယ်။ သန့်ရှင်းရေးအခွန်လာကောက် တာ””။ ““ဘာလုပ်ဖို့လဲဗျ””။ ““ဟဲ့။ ငါတို့ဌာန က သန့်ရှင်းရေးဝန်ထမ်းတွေကို လခပေး ရအောင်ပေါ့ဟဲ့””။ ““ဘာ။ ဘယ်လို။ ဟိုက်။ အမကြီးတို့ဌာနက သန့်ရှင်းရေးဝန်ထမ်း တွေကို လခပေးဖို့ဟုတ်စ””။ ““သတ်(စ်) ရိုက်””။ ““ဟာဂျာ။ အဓိပ္ပါယ်မှမရှိ။ ဟော့ ဒီက ကျွန်တော့် အာစရိဆိုင်ဖွင့်လာတာ တစ်လပြည့်တော့မယ်။ အစ်မကြီးတို့ဌာန ကသန့်ရှင်းရေးဝန်ထမ်းတွေတစ်ယောက် တစ်လေမှတောင် လာပြီး သန့်ရှင်းရေး လုပ်တယ်လို့လဲ မမြင်ရပါလား။ ကျွန် တော်ပဲ မနက်မိုးလင်းမိုးချုပ် ဟောဒီဆိုင် မှာ သန့်ရှင်းရေးလုပ်ရတာပါဗျာ””။ ““ကဲ တောသား၊ စကားရှည်မနေနဲ့ နင်တို့ဆိုင် ရှင်ဘယ်မှာလဲ။ နင်တို့ဆိုင်ရှင်နဲ့ပဲစကား ပြောမယ်””။ ထိုအခါကျမှ အလုပ်စားပွဲ၌ အလုပ်များလေဟန်ဆောင်နေသော ကျွန်တော့်မှာ ““ကဲကဲ။ ရွှေမျက်မှန်။ ဆိုင် ရှင်နဲ့သာတွေ့ပေးလိုက်ပါကွာ””။ ““ဟာ.. အာစရိ၊ အာစရိက ဆိုင်ရှင်လေ။ ဟောဒီ က မြန်ကောင်းသက်သာ ဓာတ်ပုံဆိုင်ရဲ့ ဆိုင်ရှင်လေဗျာ””။ ကျွန်တော့်မှာ အရှက် ပြေသွားဖြဲပြလိုက်ရင်း ““အဟီး။ ငါ့မိန်းမ ကဆိုင်ရှင်ကွ””။ ““မိန်းမရေ လာပါဦး၊ ဒီမှာ ဆိုင်ရှင်နဲ့တွေ့ချင်လို့တဲ့””။ ဤသို့အော် ပြောလိုက်တော့ ကျွန်တော့်မိန်းမမှာဆိုင် ရှေ့သို့ ရောက်ချလာလေတော့၏။ ““သြော်။ ဒီကအစ်မတို့က ဘာကိစ္စရှိလို့လဲ မသိဘူးရှင့်””။ ““အဟမ်း..ဒီလိုပါညီမ ရယ်။ အစ်မတို့က စည်ပင်ဌာနကပါ””။ ““ဟုတ်ကဲ့ရှင့်”” ““အဲဒါညီမတို့ဆိုင်အတွက် သန့်ရှင်းရေး အခွန်လာကောက်ပါတာပါ၊ ညီမတို့က ဆိုင်ဖွင့်တာမကြာသေးတော့နား ရောလည်ပါ့မလားမသိဘူး၊ နားမလည်ရင် ရှင်းပြပါ့မယ်”” ““ဟုတ်ကဲ့ရှင်းပြပါဦးရှင့်””    ““ဒီလိုပါကွဲ့သန့်ရှင်းရေးအခွန်ဆိုတာ ညီမ တို့ ဆိုင်ကထွက်တဲ့ စက္ကူအတိုအစတွေနဲ့ ဆိုင်ရှေ့က အမှိုက်တွေအတွက် သန့်ရှင်း ရေးအခွန်လာကောက်တာပါ၊ ဒီကညီမ နားလည်ပါတယ်နော်”” ““အင်း နားတော့ မလည်ဘူး၊ ထားလိုက်ပါတော့ သန့်ရှင်း ရေးအခွန်ဘယ်လောက်ပေးဆောင်ရမလဲ”” ““ သိပ်မများပါဘူးကွယ်၊ တစ်ထောင့်ငါး ရာထဲပါ”” ““တစ်ထောင်မရဘူးလားခင်ဗျ”” ကြားထဲမှနေ၍ တပည့်ကျော်ရွှေမျက်မှန် မှ ဤကဲ့သို့ဈေးဝင်ဆစ်၏။ ““ဘာစည်ပင် သန့်ရှင်းရေးအခွန်လောကမှာ တစ်ထောင့် ငါးရာပဲပေါ့”” ကျွန်တော့်မိန်းမမှ ငွေပေး၍ စည်ပင်သန့်ရှင်းရေးအခွန်ကောက်သော  မိန်းမကြီးမှ ငွေရပြေစာဖြတ်ပိုင်းပြန်ပေး ၏။ ထို့နောက်ကော့ကော့ကော့ကော့ဖြင့် ပြန်ဟန်ပြုပြီး ၎င်း၏ ၀သော ခန္ဓာကိုယ် ကြီးကို ထက်ထက်မိုးဦး ဟန်ပန်အပြည့် ဖမ်းပြီးပြန်လှည့်လာရင်း ““သြော် စည်ပင် သန့်ရှင်းရေးအခွန်က တစ်လတစ်ခါနော်၊ တစ်ခါတည်း လာကောက်တာထင်နေမှာ ဆိုးလို့ပြောပြရတာ၊ ကဲသွားပြီး နောက်ဆိုင်  တွေလဲ တောင်းစရာအဲကောက်စရာကျန်  နေသေးလို့ခွင့်ပြုပါဦး””ဟု ဆိုရင်းပြန်သွား ကြလေတော့၏။
ထိုအခါကျမှ ကျွန်တော့်တပည့်ကျော်  ရွှေမျက်မှန်မှ မျက်ခုံးတစ်ဖက်ပင့်ပြ၏။ ကျွန်တော့်သည်လည်း ပခုံးနှစ်ဖက်တွန့် ပြလိုက်ရလေတော့၏။
တစ်ပန်ခန့်အကြာတွင် ““ဗျို ဆိုင်ရှင် နို့””၊ ““ဟိုက် အာစရီရေဆိုင်ရှေ့မှာ ယောင် နီဖူးကြီးနဲ့ လူတစ်ယောက်လာနေတယ်။ ကျွန်တော့်မှာ ဆိုင်ရှေ့အကဲလှမ်းခတ်လိုက်  ရင်း ““ဟေ့ကောင် ယူနီဖောင်းကြီးနဲ့ လုပ်စမ်းပါဟ”” ဟုတ်ကဲ့ပါအစ်ကို ဘာများ  အလိုရှိလို့လဲမသိဘူးခင်ဗျ။”” ““အဟမ်း သုံး လမှတစ်ခါတည်းလာကောက်တဲ့သန့်ရှင်း ရေးအခွန်ပါ””၊ ““ဟာဂျာ ဟိုတစ်ပတ်က လည်း မိန်းမကြီးနှစ်ယောက် ကျွန်တော် တို့ဆိုင်ထဲကို တစ်လတစ်ခါ သန့်ရှင်းရေး အခွန် လာပြီးကောက်သွားပြန်ပြီ၊ အခု လည်း သုံးလတစ်ခါ သန့်ရှင်းရေးအခွန် ဆိုပြီး နောက်တစ်ယောက်လာပြန်ပြီ”” ““အဟမ်း ဒါကဒီလိုရှိသဗျ၊ ကျွန်တော့် ထက်အရင်လာတောင်း အဲဘွာတေး ကောက်သွားတာက ဆိုင်သန့်ရှင်းရေး အခွန်၊ အခုကျွန်တော်လာကောက်တာ ကအိမ်သန့်ရှင်းရေးအခွန်၊ ရှင်းပလား၊ လင်းပလား ရောလို့မရဘူး။ သပ်သပ်စီပဲ၊ ရောအခွန်ပြေစာ၊ ပေး တစ်ထောင့်သုံး ရာငါးဆယ်””ဟု ဆိုပြီးကျွန်တော်ပေးလိုက် သော ခြင်္သေ့ကို အိတ်ထဲသို့ထည့်လိုက် ရင်း သောက်လက်စစီးကရက်အတိုကို မြေကြီးသို့ချနင်းချေပြီး တစ်ခြားအိမ်တွေ ကျန်သေးတယ်ခွင့်ပြုပါဦး””ဟုဆိုရင်း ထွက်  သွားလေတော့၏။ ““အင်း အာစရိတို့လည်း  ဆိုင်ဖွင့်တာမှ မကြာသေးဘူး၊ ရေခွန်၊ မြေခွန်၊ ဆိုင်းဘုတ်ခွန်၊ သန့်ရှင်ရေးခွန်၊ အဲအဲ သန့်ရှင်းရေးအခွန်တောင်မှ သပ် သပ်စီရောလို့မရတဲ့ဆိုင်သန့်ရှင်းရေးအခွန် နဲ့ အိမ်သန့်ရှင်းရေးအခွန်တဲ့ ဟာဂျာရှုပ် နေတာပါပဲ”” ““ဟား ဟား  နောက်ဆုံးတော့ အာစရိတို့လည်း တစ်လအမြတ်ငွေတွက် ကြည့်လိုက်ရင်ကျွန်တော်ရတဲ့ လခ တောင်မှီပါ့မလားမသိဘူး ဟား ဟား””၊ ““ဟကောင်လေကြောရှည် မနေနဲ့ ဆိုင်ရှေ့မှာ အပေါ်ထပ်တွေက ကျလာ တဲ့အမှိုက်တွေ တံမြက်စည်းလှဲ လိုက်ဦး၊ နောက်ပြီး စကားလျှော့ပြော၊ တော်ကြာ မင်းအဘတွေ လေခွန်လာကောက် သွားပြန်လိမ့်ဦးမယ်””၊ ကျွန်တော့် မှာ ထိုသို့ပြောရင်း သက်ပြင်းလေပူကြီး ကို ဟူးကနဲ မှုတ်ထုတ်လိုက်ရလေတော့ ၏။ ““ဟာ အာစရိ လေခွန်နော်””ဟု တပည့်ကျော် ရွှေမျက်မှန်စကားကြောင့် ကျွန်တော့်မှာ ပါးစပ်ကို လက်နှင့် အမြန် ကပျာကယာ ပိတ်လိုက်ရင်း ဆိုင်ထဲသို့ ပြေးဝင်လိုက်ရလေတော့၏။
(မယုံလျှင် ပုံပြင်လို့သာမှတ် အဟတ် ဟတ်)
အများပြည်သူ စိတ်နှလုံးချမ်းမြေ့နိုင်  ပါစေကြောင်း။
Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis