menu

Thursday 23 February 2012

ယခုနှစ် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့မှုမှရငွေ စံချိန်တင်မြင့်တက် ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် ရက် ၅၀ ကျန်ရှိသည့်အချိန်၌ပင် အမေရိကန်ဒေါ်လာ သုံးဘီလျံနီးပါး ရရှိနေ




မြန်မာနိုင်ငံ၏ နံပါတ်တစ် ပို့ကုန်သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှ ရငွေမှာ ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေး နှစ်ကုန်ဆုံးရန် ရက် ၅၀ ကျန်ရှိနေသည့်အချိန်၌ပင် စံချိန်တင်မြင့်တက်သွားကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့ရာတွင် ၂၀၀၉-၂၀၁၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ်၌ စံချိန်တင် ၀င်ငွေရရှိခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၂၆ ဘီလျံရရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်မူ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ စာရင်းအရပင် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ ဘီလျံနီးပါးရရှိကာ စံချိန်တင်ရရှိသည့်နှစ်အဖြစ် မှတ်တမ်းဝင်သွားကြောင်း သိရသည်။ ယင်းအပြင် ယခင် ၂၀၁၀-၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်က သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၂ ဘီလျံသာ ရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဘဏ္ဍာရေးနှစ်မကုန်မီအချိန်၌ပင် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ပိုမိုရရှိနေသည့် အခြေအနေရှိကြောင်း သိရသည်။

''ဒီနှစ် ဘဏ္ဍာရေးနှစ်ကုန်ဖို့ ရက် ၅၀ လိုနေသေးတဲ့အချိန်မှာပဲ သဘာဝဓာတ်ငွေ့ ပြည်ပပို့တာကနေရတဲ့ ၀င်ငွေဟာ စံချိန်တင်သွားပါပြီ။ မြန်မာနိုင်ငံမှာ ၂၀၀၉-၂၀၁၀ ခုနှစ် ဘဏ္ဍာရေးနှစ်က ၀င်ငွေအမြင့်ဆုံးရတဲ့နှစ်ပါ။ အဲဒီနှစ်က ၀င်ငွေကိုလည်း ကျော်တက်သွားသလို မနှစ်ကထက်လည်း အမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော် ပိုရထားပါတယ်။ အခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ ဘီလျံနီးပါး ရထားပါတယ်။ သုံးဘီလျံနီးပါးလို့ ပြောရမှာ ပေါ့''ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နံပါတ်တစ်ပို့ကုန် အနေဖြင့် ၀င်ငွေစံချိန်တင်ရရှိသော်လည်း မြန်မာနိုင်ငံ၏ နံပါတ်နှစ်ပို့ကုန် ကျောက်စိမ်းတင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာမူ လျော့ကျသွားခဲ့ကြောင်း၊ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ ကျောက်စိမ်းအပေါ် အခွန်နှုန်းမြင့်မားစွာဖြင့် ကောက်ခံသည့်အတွက် ကျဆင်းသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အာရှပစိဖိတ်ဒေသတွင် သဘာဝဓာတ်ငွေ့အားပိုက်လိုင်းဖြင့် တင်ပို့ရာ၌ မြန်မာနိုင်သည် အင်ဒိုနီးရှားနောက် ဒုတိယ အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ပထမနေရာမှ အင်ဒိုနီးရှားနိုင်ငံဖြင့်လည်း အနည်းငယ်သာ ပမာဏကွာခြားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။   
EMG          
ဘဏ္ဍာရေးနှစ်အလိုက် သဘာဝဓာတ်ငွေ့နှင့် ကျောက်စိမ်းတင်ပို့နိုင်မှု ပမာဏ နှိုင်းယှဉ်ချက်(အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာရေးနှစ် သဘာဝဓာတ်ငွေ့ ကျောက်စိမ်း
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃ ၃၅၅ .၅၈
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄ ၆၂၁ .၂၃
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉ ၆၅၇ .၅၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉ ၉၆၄ .၈၂
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃ ၂၂၀၄ .၉၂၆
၂၀၁၁-၂၀၁၂ ၂၉၄၇ .၃၀ ၇၄၇ .၄၀

ကုန်းတွင်းလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီမြှုပ်နှံထားမှုအချို့

နိုင်ငံခြားကုမ္ပဏီအမည် လုပ်ကွက် တည်နေရာ
၁။ MPRL E&P MOGE-2 (N) မန်းရေနံမြေ
၂။ GOLDPETROL MOGE-1 ရေနံချောင်းရေနံမြေ
၃။ GOLDPETROL IOR-2 ချောက်ရေနံမြေ
၎။ North Petro-Chem F ငလှိုင်တွင်းရေနံမြေ
၅။ CNOOC PSC-M ကျောက်ဖြူ
၅။ CNOOC PSC-C1 အင်းတော်-ရဲနံ
၇။ CNOOC PSC-C2 ရွှေဘို-မုံရွာ
၈။ SIPC Myanmar PSC-D မဟူတောင်
၉။ ESSAR PSC-L စစ်တွေ
၁၀။ Silver Wave PSC-B2 ဇီးဖြူတောင်-နန်းတော်
၁၁။ Nobel Oil PSC-A ဟူးကောင်း
၁၂။ Nobel Oil PSC-B1 ဥရု

ကမ်းလွန်လုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီမြှုပ်နှံထားမှုအချို့

ကုမ္ပဏီအမည် လုပ်ကွက်
၁။ TOTAL M-5,M-6
၂။ ETRONAS M-12,M-13,M-14
၃။ DAEWOO INTERNATIONAL A-1,A-3
၎။ PTTPI M-3,M-4,M-7,M-11,M-9
၅။ CNOOC A-4,M-10
၆။ ESSAR A-2
၇။ NGWE M-8
၈။ TWINZA OIL(ASIA)LTD/td> YEB
၉။ CNPC INTERNATIONAL LTD AD-1,AD-6,AD-8
၁၀။ MPRL E & P A-6
၁၁။ RIMBUNAN PETROGAS M-1
၁၂။ PETROVIETNAM M-2
၁၃။ DAEWOO INTERNATIONAL AD-7
၁၄။ ONGC VIDESH AD-2,AD-3,AD-9
၁၅။ PETRONAS MD-4,MD-5,MD-6 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis