menu

Thursday 23 February 2012

ဘွဲ့ဖြူလက်နက် အန္တရယ်(လူထုစိန်ဝင်း)


 အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကိုအထူးအ လေးထားဆောင်ရွက်ခြင်းမပြုဘဲနဲ့ ဒီမိုက ရေစီတည်ဆောက်ရေးလုပ်ငန်းများအောင် မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိသူ ပုဂ်္ဂိုလ်များကနေ့စဉ်နဲ့အမျှ ထုတ်ဖော် ပြောကြားနေကြတာများကို စာနယ်ဇင်း တွေမှာ အခုတလော မပြတ်ဖတ်ရှုနေရ တယ်။
ကြောက်စရာချောက်ကြီး
ဒီပြောကြားချက်များဟာသွေးထွက် အောင်မှန်တဲ့စကားများဖြစ်တယ်။ တစ် ပါတီတစ်ဖွဲ့တစ်စည်း အာဏာရှင်စနစ် ကြီးသက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ် ကြီးကို ထောက်မထားတဲ့အတိုင်းကြီး လေးလုံး (မဏ္ဍိုင်ကြီးလေးခု) စလုံးဟာ အတွင်းလှိုက်စားတဲ့ခြပုန်းတွေလက်ချက် ကြောင့် မြင်မကောင်းရှုမကောင်းဖြစ် အောင်ကို ယိုင်နဲ့နေတာတွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေ ရဲ့ ရေခံမြေခံဖြစ်တဲ့ဆင်းရဲချမ်းသာကွာ ဟမှုချောက်ကြီးကလည်း ကြောက်စရာ ကောင်းလောက်အောင်နက်ရှိုင်း ခဲ့တယ်။ အင်မတန် အန္တရာယ်ကြီးတဲ့ ချောက်ကြီး ဖြစ်တယ်။

တောမီးလောင်သလို
အခုတလော တောမီးလောင်သလို တစ်နေရာက တစ်နေရာကို ရုတ်တရက် ချက်ချင်းကူးစက်ပျံ့နှံ့သွားတဲ့ အရှေ့အ လယ်ပိုင်းဒေသတော်လှန်ရေးမုန်တိုင်းကြီး ကို ကြည့်ပြီးကောင်းကောင်းကြီးသင်ခန်း စာယူသင့်တယ်။ အရှေ့အလယ်ပိုင်းဒေ သကနိုင်ငံအားလုံးဟာ မူလကအင်မတန် ဆင်းရဲကြတယ်။ စာတတ်မြောက်မှုရာ နှုန်းလည်းအင်မတန်နိမ့်ကျတယ်။ခြောက် ဆယ်ခုနှစ်များအတွင်းရောက်မှ ရေနံတွင်း တွေရှာဖွေတွေ့ရှိပြီး လူရာဝင်လာကြတာ ဖြစ်တယ်။ လူချမ်းသာတွေအများကြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ် အာဏာရှင်စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေပဒေသရာဇ် တွေအုပ်ချုပ်ပြီး တချို့နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီးအုပ်ချုပ်နေ ကြတာဖြစ်တယ်။ ဒေသတစ်ခုလုံးမှာဒီမို ကရေစီနိုင်ငံလို့လက်ညှိုးထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံတစ်ခုပဲရှိတယ်။
ရေနံဝင်ငွေတွေ
ရေနံဝင်ငွေတွေဒလဟောလှိမ့်ဝင် လာပေမယ့် တိုင်းပြည်ရဲ့ လူဦးရေအများ စုက ဆင်းရဲမြဲဆင်းရဲနေကြတယ်။ ဘာ ကြောင့်လဲဆိုတော့ ရသမျှရေနံဝင်ငွေ ဟာဘုရင်တွေဆူလတန်တွေရှိတာတွေနဲ့ ဆက်ဒမ်ဟူစိန်လို၊ ကဒတ်မီလိုအာဏာ ရှင်တွေရဲ့ နိုင်ငံခြားကဘဏ်စာရင်းတွေ ထဲပဲ စီးဝင်သွားကြတာကိုး။ အရှေ့အ လယ်ပိုင်းဒေသနိုင်ငံတွေရဲ့ ချမ်းသာသမျှ တွေဟာ အဲဒီနိုင်ငံတွေရဲ့ ဆယ်ရာခိုင်နှုန်း လောက်သာရှိတဲ့ ကုဋေကြွယ်သူဌေးကြီး များရဲ့ လက်ထဲမှာ ၇၀ရာခိုင်နှုန်းလောက် ကိုသာ ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့ တိုင်းသူပြည်သားများက လှည့်ပတ်သုံးစွဲ နေရတာဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။
လက်ဆုပ်မဖြေကြ
ဓနခွဲဝေမှုကိုသင့်တင့်မျှတတဲ့ အချိုး အဆရောက်အောင် ပြုပြင်ဖို့လိုတယ်။ ဒီလိုမလုပ်ရင် ထိန်းမနိုင်သိမ်းမရအုံကြွမှု တွေဖြစ်လာနိုင်တယ်လို့လည်း သတိပေး ကြတယ်။ ဒါပေမယ့် ဘုရင်ကြီးတွေဆူလ တန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေက လောဘမသတ်နိုင်ဖြစ်ပြီး လက်ဆုပ်ကို မဖြေကြဘူး။ ရုရှားကတရုတ်က၊အမေရိ ကန်က၊ ဂျာမနီက၊ပြင်သစ်နဲ့အီတလီက ၀ယ်ထားတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်း တွေက သူတို့ကိုကာကွယ်မှုပေးလိမ့်မယ် လို့ယုံကြည်ပြီး၊ ရေနံဝင်ငွေတွေကိုတိုင်း သူပြည်သားများကို မျှဝေခံစားစေမယ့် အစားနိုင်ငံပေါင်းစုံက လက်နက်ကုန် သည်ကြီးလက်ထဲသာ ထိုးအပ်လိုက်ကြ တယ်။
နှင်းဘောလုံးလို
လူတွေဆင်းရဲတွင်းနက်သထက်နက် နေရတဲ့အထဲ ကြီးနိုင်ငယ်ညှင်း နိုင့်ထက် စီးနင်းပြုမူ မှုတွေကလွန်သထက်လွန်ကဲ လာလေတော့ နောက်ဆုံးမှာမခံမရပ်နိုင် ဖြစ်ကြပြီး ဒီနေ့အခြေအနေမျိုးထိရောက် ရှိသွားတော့တာဖြစ်တယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ဓနခွဲဝေ မှုတစ်ဖက်စောင်းနင်းဖြစ်ရတဲ့အဓိကအချက် ဖြစ်တယ်။ ဒီအချက်ကသိပ်ကြောက်စရာ ကောင်းတယ်။ တစ်ဖက်စောင်းနင်းဖြစ်မှု စရှိနေပြီဆိုတာနဲ့ တောင်စောင်းကလှိမ့် ချလိုက်တဲ့ နှင်းဘောလုံးများလိုကြာလေ ကြီးလာလေဖြစ်လာလေ့ရှိတယ်။ လျော့ ပါးသွားတယ်လို့ ဘယ်တော့မှမရှိဘူး။ငွေတွေကအာဏာရှိသူနဲ့ ပိုက်ဆုံရှိသူ တွေလက်ထဲကိုသာပုံစံအမျိုးမျိုးနဲ့ရောက် သွားကြတယ်။ တကယ်လိုအပ်တဲ့ဆင်းရဲ သားတွေလက်ထဲဘယ်တော့ မှရောက် တယ်မရှိဘူး။ ဒီလိုဓနဥစ္စာကွာဟချက် ကြီးမားခြင်းက သြဇာအရှိန်အ၀ါကွာခြား ချက်ကိုပေါ်ပေါက်စေတယ်။ အခွင့်ထူးခံ လူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ဖြစ်ပေါ်လာစေတယ်။အခွင့်ထူးခံတွေက နေရာတိုင်းမှာ အခွင့်ထူတွေခံစားရရှိကြ ပြီး၊ အပယ်ခံတွေကတော့ တစ်နေ့တခြား ဘေးကိုရောက်သထက်ရောက်ကုန်ကြတယ်။
ငွေများတရားနိုင်
အပယ်ခံတွေကလည်း ပုထုဇဉ်လူ သားတွေဖြစ်တဲ့အတွက် ချမ်းသာချင် တယ်။ အခွင့်အရေးတွေရချင်တယ်။ အဲ ဒီတော့ချမ်းသာကြွယ်ဝတဲ့အခွင်ထူးခံစီး ပွားရေးသမားများလုပ်ခဲ့ကြတဲ့နည်းလမ်းတွေ အတိုင်း အခွင့်ထူးခံစားရဖို့လာဘ်ယူတွေ လုပ်လာကြတယ်။ ဒီလိုနဲ့အကျင့်ပျက် ခြစားမှုတွေ လူတန်းစားအားလုံးဆီပျံ့နှံ့ သွားပြီးနောက်ဆုံးမှာ ငွေများတရားနိုင် ဆိုတဲ့ အခြေအနေ၊ ငွေကအရာရာကို ဖန်တီးတယ် (money makes everything) ဆိုတဲ့အခြေအနေမျိုးတွေအထိ ရောက်ရှိသွားတော့တယ်။
လှုပ်လေမြုပ်လေ
ဆင်းရဲသား အပယ်ခံတွေမှာတော့ ငွေကအရာရာကို ဖန်တီးတဲ့ခေတ်မှာလူနဲ့ သူနဲ့ တူအောင်နေထိုင်နိုင်ဖို့ကိုတစ်နေ့ တခြားခက်ခဲသထက်ခက်ခဲလာကြတယ်။ ဘယ်လောက်ပဲကြိုးစားကြိုးစားလှုပ်လေ မြုပ်လေဆိုသလို ဆင်းရဲတွင်းကြီးထဲနစ် သထက်ပိုနစ်နေကြတယ်။ ဘယ်လိုမှမ တတ်နိုင်ကြလေတော့ အံကြိတ်ကြိတ်နဲ့ နာကြည်းမုန်းတီးမှုတွေပဲရင်ထဲမှာတစ်နေ့ တခြားကြီးထွားလာကြတယ်။ အဲဒီလိုနဲ့ ကြာလာတော့ သေမထူနေမထူးစိတ် ဓာတ်မျိုးတွေဖြစ်လာတယ်။ ခါးသီးတဲ့အ မုန်းတွေဆူးတောင်ကြီးတွေ တစ်ချောင်း ပြီး တစ်ချောင်းပေါက်လာတယ်။ နောက် ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီးသွေးရူး သွေးတန်းနဲ့ ထင်ရာစိုင်းရင်လုပ်ချင်တာ တွေလျှောက်လုပ်တော့တယ်။ လူသတ် ရမှာလည်း မကြောက်တော့ဘူး။ ကိုယ့် အသက်သေမျာလည်း မကြောက်တော့ ဘူး။
သွေးရူးသွေးတမ်းလူများ
အဲဒီလိုအကြောက်တရားကိုလွန် မြောက်သွားတဲ့ သွေးရူးသွေးတမ်း  (desperate) ဖြစ်နေတဲ့လူမျိုးတွေကို (desperatedos) လို့ခေါ်ကြတယ်။ သိပ် ကြောက်စရာကောင်းတယ်။ ဒီလိုမျိုးတွေ ကိုဘာနဲ့ခြောက်ခြောက်မကြောက်တော့ ဘူး။ ဘယ်လိုတားတားမရတော့ဘူး။ ထင်ရာလုပ်တော့တာပဲ။ အဲဒါကြောင့်လူ တွေကို အဲဒီအဆင့်ရောက်မသွားအောင် ကြိုတင်ကာကွယ်တားဆီးဖို့လိုပါတယ်။ ဓနခွဲဝေမှုတစ်ဖက်စောင်းနင်းဖြစ်နေတာကို လည်း ပြုပြင်ဖို့လိုတယ်။ အခွင့်ထူးခံလူ တန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ရှိနေသမျှကာလပတ်လုံး အကျင့်ပျက်ခြ စားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိနေဦးမှာ ဖြစ်တယ်။
အစကတာဝန်ရှိသူ
အခွင့်ထူးခံလူတန်းစားမရှိဖို့နဲ့အကျင့် ပျက်ခြစားမှုတိုက်ဖျက်ဖို့အတွက်တစ်က တာဝန်ရှိတာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ ဖြစ်တယ်။ တရား ဥပဒေအပိုင်းကလက်ရှိတည်ဆဲဥပဒေတွေ နဲ့တင်လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ရှိနေတဲ့ဥပဒေတွေကိုလိုက်နာစောင့်ထိန်း တဲ့အပိုင်းကပျက်ကွက်လို့လာ ဒီလိုအခြေ အနေမျိုးကို ရောက်နေတာဖြစ်တယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့တရားရေးမဏ္ဍိုင်နှစ် ခုက ဒီပျက်ကွက်မှုကို ပြုပြင်ဖို့လိုတယ်။ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့မကြာမီက ပြောကြားခဲ့ကြတဲ့အ တိုင်းတရား ဥပဒေရဲ့အထက်မှာဘယ်သူ မှမရှိစေရဆိုတဲ့ အချက်ကိုတိတိကျကျ မှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်။ စကားအဖြစ်လေထဲမှာကွယ် ပျောက်သွားတာမျိုးမဖြစ်စေသင့်ဘူး။
စံနမူနာပြသင့်
တာဝန်ရှိသူတွေရဲ့ ပြောကြားချက် အရ ၀န်ကြီးဌာနနှစ်ခုပူးတွဲကိုင်ဆောင် ရတဲ့ ၀န်ကြီးများကို ကိုယ်တိုင်ကကိုယ် ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးကြည့်တဲ့အ နေနဲ့ လစာနှစ်ခုထုတ်ယူခံစားခြင်းမပြုဘဲ လစာတစ်ခုသာ ထုတ်ယူတယ်လို့သိရ ပါတယ်။ အင်မတန်ကောင်းပါတယ်။ အာလုံးအတုယူကြပြီးဝန်ကြီးဖြစ်လို့လွှတ် တော်အမတ်ဖြစ်လို့၊ အရာရှိကြီးဖြစ်လို့ တရားသူကြီးဖြစ်လို့၊ အာဏာရပါတီဖြစ် လို့ ဆိုပြီးအထူးအခွင့်အရေးများယူတာ မျိုးမလုပ်ဘဲ စံနမူနာကောင်းပြသသင့်ပါ တယ်။ အစိုးရဆိုတာ သမ္မတကစပြီး အောက်ဆုံးအဆင့်ဝန်ထမ်းလေးအထိပြည် သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ပြည် သူ့ဝန်ထမ်းများဖြစ်ကြတယ်။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ကျေးဇူးရှင်များထက် အခွင့်ထူး ပိုယူတာမျိုးမရှိသင့်ဘူး။
ပြည်သူကကျေးဇူးရှင်
လွှတ်တော်အမတ်ဆိုတာလည်းပြည် သူလူထုက သူတို့ကိုယ်စားတိုင်းရေးပြည် မှုဆောင်ရွက်ဖို့လည်း ရွေးချယ်တင် မြှောက်ထားသူများဖြစ်တဲ့အတွက်ပြည်သူ လူထုကို ဦးထိပ်ထားလေးစားရမှာဖြစ် တယ်။ ရရှိခံစားရတဲ့ အခွင့်အရေးအ ဆောင်အယောင်မှန်သမျှပြည်သူ့ဘဏ္ဍာ ငွေက ထုတ်ယူသုံးစွဲတာဖြစ်တဲ့အတွက် ပြည်သူလူထုကို ကျေးဇူးရှင်အဖြစ်ခံယူစွဲ မှတ်ရမှာဖြစ်ပါတယ်။ သာမာန်ပြည်သူ တိုင်းခံစားရရှိတဲ့ အခွင့်အရေးများထက် ပိုပြီး အခွင့်ခံစားခွင့်မရှိဘူး။ ကိုယ်ကျိုး ထက်တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေးလုပ်ဆောင်ပါမယ် လို့ကတိက၀တ်ပဋိဥာဉ်ပြုပြီးအရွေးချယ် ခံခဲ့သူများဖြစ်တာကြောင့် ကိုယ်ကျိုးမ ကြည့်ရာမှာ၊ အခွင့်ထူးမခံစားရာမှာရှေ့ ဆောင်လမ်းပြစံနမူနာ ကောင်းဖြစ်စေရ မယ်။
ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး
နောက်ဆုံးကျန်ရှိနေတဲ့ မဏ္ဍိုင်ဖြစ် တဲ့ ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ လည်း ပြည်ကြီးဝန်ကိုပြည်ကြီးပခုံး၊ပြည် ကြီးလက်ရုံး အဖြစ်ထမ်းဆောင်ကြရသူ များဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် ပြည်သူ့ဝန်ထမ်းများပင် ဖြစ်ကြတယ်။ တခြားပြည်သူ့ဝန်ထမ်းများလိုပဲပြည်သူကို ဦးထိပ်ထားလေးစားရမှာဖြစ်တယ်။ ပြည် သူ့အထက်ကနေချင်လို့ မဖြစ်ဘူး။ ပြည် သူ့ရှေ့က အခွင့်ထူရယူချင်လို့လည်းမ ဖြစ်ဘူး။ အလားတူပဲ သတင်းသမားဟာ အစိုးရတစ်ရပ်ရဲ့ လက်ကိုင်တုတ်မဖြစ်ရ သလို နိုင်ငံရေးပါတီအဖွဲ့အစည်းနဲ့နိုင်ငံ ရေးသမားများရဲ့ အသုံးချခံလည်းမဖြစ် ရဘူး။ စီးပွားရေးသမားများရဲ့ ကျေးဇူး ခံကျေးဇူးစားလည်း မဖြစ်စေရဘူး။ ဒီခေတ်မှာ ခေတ်စားတဲ့ စပွန်ဆာဆိုတာ ဟာစီးပွားရေးသမားက သတင်းမီဒီယာ သမားကိုလာဘ်ထိုးတဲ့သဘောဖြစ်တယ်။ စပွန်ဆာလက်ခံရယူတဲ့သတင်းမီဒီယာသ မားဟာ စပွန်ဆာရှင်ရဲ့ မျက်နှာကိုအမြဲ ကြည့်နေရမှာဖြစ်တဲ့အတွက်ဖြောင့်မတ်မှန် ကန်တဲ့သတင်းသမားလုံးဝ မဖြစ်နိုင်တော့ ဘူး။
ဘွဲ့ဖြူလက်နက်
စပွန်ဆာတွေထဲမှာ အဆိုးဝါးဆုံးက တော့သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်း တွေရဲ့ စပွန်ဆာဖြစ်တယ်။ စတိုင်ပင်၊စ ကောလားရှစ်၊ ဂရန့်စတဲ့ အမည်အမျိုး မျိုးပေးထားတဲ့ ထောက်ပံ့ကြေးမှန်သမျှ ဟာသံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်း တွေက သူတို့ရဲ့သစ္စာတော်ခံများအဖြစ် မွေးမြူသိမ်းသွင်းဖို့အသုံးပြုတဲ့ ““ဘွဲ့ဖြူ လက်နက်”” ဖြစ်တယ်။ ““အဏုမြူလက် နက်”” လိုအလွန်ကြောက်စရာကောင်း တယ်။ ဘာ့ကြောင့်လဲဆိုတော့ သစ်္စာခံ ဆိုတာ ““ပဉ္စဂံတပ်သား””အငယ်စား (Junion Fiflh Column) တွေဖြစ်ကြလို့ ပါပဲ။ အကြောင်းကြီးငယ်ရှိလာခဲ့ရင် သစ္စာခံများဟာ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ထက်သူတို့ သစ္စာခံထားတဲ့နိုင်ငံရဲ့အကျိုး စီးပွားကိုသာ ထမ်းရွက်ကြဖို့ဖြစ်တယ်။
နားခွက်ကမီးတောက်ပြီးသား
ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲ ပြီးဘယ်သူ့မျက်နှာမှ မကြည့်တဲ့ဘယ်သူ စပွန်ဆာတို့ စတိုင်ပင်နဲ့စကောလားရှစ် တို့ ဂရန်တို့ကိုမှ လုံးဝလက်မခံတဲ့သတင်း မီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့သတ် မှတ်တာဖြစ်တယ်။ အဲဒါတွေတစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့မခေါ် နိုင်ပါဘူး။ ကိုယ့်ဟာကိုယ် စတုတ္ထမဏ္ဍိုင် လို့ ဆိုင်းဘုတ်တပ်ပြီး ဘာတွေပဲပြောနေ နေ၊ ဘာတွေပဲရေးနေနေ၊ မြန်မာစာဖတ် ပရိသတ်ကိုလည်း ၀င်ခဲ့ဖူးတဲ့မြန်မာစာ ဖတ်ပရိသတ်ပြည်သူတွေက ““ချက်ဆိုနား ခွက်ကမီးတောက်ပြီးသား””ဖြစ်တယ်။ ဘယ်သူတွေ ဟာစတုတ္ထမဏ္ဍိုင်ပီသ တယ်။ ဘယ်သူတွေကတော့““သစ္စာတော် ခံ””တွေ ဖြစ်တယ်ဆိုတာကောင်းကောင်း ကြီး သိထားပြီးသားဖြစ်ပါတယ်။
Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis