menu

Saturday 3 November 2012

CDMA 800MHz ဖုန်းများ အင်တာနက် သုံးစွဲမှု ပြန်လည် လျှောက်ထား နိုင်ပြီဖြစ်

Photo: CDMA 800MHz ဖုန်းများ အင်တာနက် သုံးစွဲမှု ပြန်လည်
လျှောက်ထား နိုင်ပြီဖြစ်


၀၉..၇၃ ဂဏန်း နဲ့စတဲ့ CDMA 800MHz ဖုန်းတွေရဲ့ အင်တာနက် သုံးစွဲခွင့် လျှောက်ထားမှု တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ လအစပိုင်းက
ခေတ္တရပ်နားထားရာက အခုအခါ ပြန်လည် လျှောက်ထားနေနိုင်ပြီ
ဖြစ်တယ်လို့ ဆက်သွယ်ရေး လုပ်ငန်း အသိုင်းအ၀ိုင်းမှ ပြောကြားချက်
အရ သိရပါတယ်။ အဆိုပါ ဖုန်းတွေရဲ့ အင်တာနက် လျှောက်ထားမှုကို
ရွှေဂုံတိုင်၊ အလုံနဲ့ ပန်းဆိုးတန်းရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေမှာ
လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

အခုလို လျှောက်ထား လိုသူတွေဟာ ဖုန်းစာချုပ် မူရင်းနဲ့ မိတ္တူ၊ မှတ်ပုံတင် မူရင်း၊ မိတ္တူနဲ့ ဓာတ်ပုံ ၂ ပုံ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလို လျှောက်ထားမှု အတွက် ကိုယ်တိုင် လာရောက် မလျှောက် ထားနိုင်ပါက ကိုယ်စားလှယ် နဲ့လည်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ CDMA 800MHz ဖုန်းတွေ အတွက် အင်တာနက် လျှောက်ထားခ နှုန်းထား ကတော့ ကျပ်တစ်သောင်း ဖြစ်ပြီး အသုံးပြုခ အနေနဲ့ ကတော့ ၁ မိနစ်ကို ၄ ကျပ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ မိုဘိုင်းဖုန်းတွေ အတွက် အင်တာနက် အသုံးပြုခွင့် လျှောက်ထားမှု တွေကို လက်ခံ ဆောင်ရွက် ပေးလျက်ရှိတဲ့ အပြင် လိုင်းဆွဲအားများ ပိုမို ကောင်းမွန် ဖို့အတွက်လည်း ပြုလုပ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။


အေးချမ်းမွန်မှ  MRTV - 4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :MRTV - 4
၀၉..၇၃ ဂဏန်း နဲ့စတဲ့ CDMA 800MHz ဖုန်းတွေရဲ့ အင်တာနက် သုံးစွဲခွင့် လျှောက်ထားမှု တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ လအစပိုင်းကခေတ္တရပ်နားထားရာက အခုအခါ ပြန်လည် လျှောက်ထားနေနိုင်ပြီ
ဖြစ်တယ်လို့ ဆက်သွယ်ရေး လုပ်ငန်း အသိုင်းအ၀ိုင်းမှ ပြောကြားချက်
အရ သိရပါတယ်။ အဆိုပါ ဖုန်းတွေရဲ့ အင်တာနက် လျှောက်ထားမှုကို
ရွှေဂုံတိုင်၊ အလုံနဲ့ ပန်းဆိုးတန်းရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေမှာ
လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

အခုလို လျှောက်ထား လိုသူတွေဟာ ဖုန်းစာချုပ် မူရင်းနဲ့ မိတ္တူ၊ မှတ်ပုံတင် မူရင်း၊ မိတ္တူနဲ့ ဓာတ်ပုံ ၂ ပုံ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလို လျှောက်ထားမှု အတွက် ကိုယ်တိုင် လာရောက် မလျှောက် ထားနိုင်ပါက ကိုယ်စားလှယ် နဲ့လည်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ CDMA 800MHz ဖုန်းတွေ အတွက် အင်တာနက် လျှောက်ထားခ နှုန်းထား ကတော့ ကျပ်တစ်သောင်း ဖြစ်ပြီး အသုံးပြုခ အနေနဲ့ ကတော့ ၁ မိနစ်ကို ၄ ကျပ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ မိုဘိုင်းဖုန်းတွေ အတွက် အင်တာနက် အသုံးပြုခွင့် လျှောက်ထားမှု တွေကို လက်ခံ ဆောင်ရွက် ပေးလျက်ရှိတဲ့ အပြင် လိုင်းဆွဲအားများ ပိုမို ကောင်းမွန် ဖို့အတွက်လည်း ပြုလုပ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။


  MRTV - 4 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis