menu

Saturday 3 November 2012

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့ လွှတ်တော်သို့ တောင်းပန်

Photo: ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့ လွှတ်တော်သို့ တောင်းပန် ============================= စိုးမိုး(ပုသိမ်) ============================= 
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ခန်းမတွင် အောက်တိုဘာ ၃၁ရက်က ပြုလုပ်သော ပထမအကြိမ် တိုင်း ဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးပွဲနောက်ဆုံးနေ့ တွင် စွပ်စွဲပြစ်တင်ခြင်း အဆို တင်သွင်း ခြင်းခံရသော ဝန်ကြီးချုပ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်များအား ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သော ဇူလိုင် ၂ရက် မွန်းလွဲ ၂နာရီက ဓနုဖြူအ.ထ.ကပညာရည် ဆုပေးပွဲအခမ်းအနားအပြီး ရုံးခန်း တွင် မြို့နယ်ဌာနဆိုင်ရာများ ရှေ့မှောက် ၌ ဌာနဆိုင်ရာဝန်ထမ်းတွေ 'ဘယ် လွှတ်တော်ကိုယ်စား လှယ်ခေါ်ခေါ် သွားစရာမလိုဘူး။ ဥပမာ- လွှတ်တော် ကိုယ်စားလှယ်ဦးလှမြင့်ခေါ်ရင် မသွား နဲ့။ ဒါဝန်ကြီး ချုပ်၏ လမ်းညွှန်မှု'ဟု ပြောဆိုခဲ့ခြင်းအပေါ်တွင် 'မိမိအနေ ဖြင့် လွှတ်တော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဆောင်ရွက်ချက်များအပေါ် ထိခိုက်စေလိုသော သဘောမျိုးမဟုတ်ဘဲ လွှတ်တော် ကိုယ်စား လှယ်များက ပါတီဝင် အချင်းချင်းဖြစ်ခြင်း၊ ပြည်ခိုင် ဖြိုးအသင်းကြီးအတွက် နှစ်ရှည်လက် တွဲဆောင် ရွက်ခြင်း အပေါ် ရင်းရင်းနှီးနှီး မိသားစုသဘော ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထိုသို့ ပြောဆိုခဲ့ခြင်း အပေါ် အဓိပ္ပာယ်လွဲမှားကောက်ယူ ခြင်းကြောင့် လွှတ်တော်အပေါ် ထိ ခိုက်စေခဲ့သည် ဆိုက မိမိက လွန်စွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ထိုသို့ ဖြစ်ခဲ့လျှင် မိမိက လွှတ်တော်ကိုယ်စား လှယ်များ အား အနူးအညွတ်တောင်းပန် ပါကြောင်း၊ မိမိအား လွှတ်တော်ကိုယ် စားလှယ်များက ခွှင့်လွှတ်ပေး ပါရန် တောင်းပန်ပါကြောင်း'ဖြင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက ပြောသည်။ ဝန်ကြီးချုပ်က ''မိမိအနေဖြင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား သတိပေးဆုံးမမှတ်တမ်း၊ ၎င်း၏ ခံဝန် ချက်အား လွှတ်တော်ဒုဥက္ကဋ္ဌရှေ့ မှောက်တွင် ဝန်ခံလက်မှတ်ရေးထိုးစေ ကာ လွှတ်တော် ဥက္ကဋ္ဌ ထံသို့ ပေးပို့ခဲ့ ပါကြောင်း၊ နောင် ယခုကဲ့သို့မဖြစ် စေရေး ကြပ်မတ်ထိန်းကျောင်းသွား မည်ဖြစ် ကြောင်း တာဝန်ခံ ကတိပြုပါ သည်ဟု ဝန်ကြီးချုပ်က ပြောသည်။ ယင်းပြောဆိုခြင်းကိစ္စသည် နိုင်ငံတော်ရဲ့ အခြေခံပဋိညာဉ်စာချုပ် ကြီးကို မျက်ကွယ်ပြုရုံသာမက ယင်း စာချုပ်ကြီး က ပြဋ္ဌာန်းချက်အား ဖောက် ဖျက်ကျူးလွန်ခဲ့သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တိုင်းဒေသကြီး သို့မဟုတ် ဝန်ကြီးတစ်ဦးအပေါ် စွပ်စွဲ ပြစ်တင်ခြင်းဆိုင်ရာပုဒ်မ ၂၆၃-(က) (၂)ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံပါ တစ် ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ငြိစွန်းနေသလို တိုင်းဒေသကြီးဆိုင်ရာ နည်းဥပဒေများ ပုဒ်မ ၃၁-(ပ)ဖြစ်သော လွှတ်တော်၏ဂုဏ်သိက္ခာကို ထိပါးစေ သော ရေးသား ပြောဆိုမှုနှင့် လွှတ်တော် အတွင်း ဆောင်ရွက်ချက်များကို အထင် အမြင်မှားစေသော ရေးသား ပြောဆိုမှု များနှင့်စပ်လျဉ်း၍ ငြိစွန်းလျက်ရှိခြင်းနှင့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့သည် လွှတ် တော်၏ အခန်းကဏ္ဍ လွှတ်တော်၏ အဖွဲ့အစည်းများ၏ကဏ္ဍကို ညှိုးမှိန် အောင်၊ ဌာနဆိုင်ရာတို့၏ အကြည်ညို ပျက်ပြား စေအောင်၊ ပြည်သူလူထုယုံ ကြည်ကိုးစားမှုကို လျော့နည်းသွားစေ အောင် ဖန်တီးပြောကြား လုပ်ဆောင် ခြင်းဖြစ်သည် ဟု ပါရှိသည်။ တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက် အောက်တိုဘာ ၃၁ရက်တွင် တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များသို့ အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက တောင်းပန် စကားပြောကြားခဲ့ပြီး လွှတ်တော်သို့ ဝန်ကြီးချုပ်က တာဝန်ခံကတိပြုရှင်းလင်း တင်ပြ စကား ပြောကြားခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ တောင်းပန် စကားပြောကြားမှုနှင့် ဝန်ကြီး ချုပ်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား နောင်တွင် ယခုကဲ့သို့သော လွှတ် တော်ကိုယ်စား လှယ်များ နှင့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်နှင့် လုပ်ပိုင်ခွင့်အား တားဆီးမှုများ၊ ပြည် သူ့ကိုယ်စား လှယ်များ ကို ပြည်သူနှင့် အဆက်ဖြတ်သကဲ့သို့ ဆောင်ရွက်ခဲ့ ခြင်းများအား နောင် မပေါ်ပေါက်ရေး ထိန်းသိမ်း ဆောင်ရွက်ပေးမည့် တာဝန်ခံ ကတိပြု ရှင်းလင်းပြောစကားကြောင့် ကျွန်တော် နှင့် ဦးလှမြင့် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်၁၉ဦးတို့က လည်း စွပ်စွဲပြစ်တင် အဆိုအား ပြန် လည်ရုပ်သိမ်းခွင့်ပြုပေး ပါရန် လွှတ်တော် ကိုယ်စားလှယ်၁၉ဦးတို့ကိုယ်စား ဓနုဖြူမြို့ နယ်မဲ ဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း က ပြောသည်။ ထို့အတွက် ဝန်ကြီးချုပ်နှင့် ဝန် ကြီးတို့၏ လွှတ်တော်၌ တောင်းပန် ခြင်း ဝန်ခံကတိပြု တင်ပြခြင်း တို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ က လွှတ်တော်အခွင့်အရေး တားဆီး ပိတ်ပင်ရာ ရောက် မည့် ပြောဆိုဆောင် ရွက်မှု ညွှန်ကြားမှုများ၊ ဥပဒေနှင့် မလျော်ညီသော ညွှန်ကြားချက် အမိန့် များအား ပြန်လည် ရုပ်သိမ်းမည်ဖြစ် ကြောင်း၊ လွှတ်တော်၏ ဆုံးဖြတ် ချက်များအား အချိန်မီ အကောင် အထည် ဖော်ဆောင်ရွက်ရန် ဌာနဆိုင်ရာ နှင့် အောက်ခြေဝန်ထမ်းအဖွဲ့အစည်း များအား ကြပ်မတ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ခံကတိပြုခြင်းများကြောင့် လွှတ်တော်ကိုယ်စား လှယ်များ က ကျေနပ် ခွင့်လွှတ်ကြသဖြင့် စွပ်စွဲပြစ်တင်ခြင်း အား ပြန်လည်ရုပ်သိမ်းပေးပါရန် လွှတ် တော် သို့ တင်ပြလာသည့်အတွက် လွှတ် တော်က ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Yangon Media Group

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis