menu

Saturday 3 November 2012

ဗလခတိုက်ပွဲကြောင့် ဖားကန့်ဒေသခံ (၇)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

Photo: ဗလခတိုက်ပွဲကြောင့် ဖားကန့်ဒေသခံ (၇)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ငြိမ်းချမ်း(မြစ်မခ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငြိမ်းချမ်းမှုမရှိပဲ တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားနေပြီ်း နိုဝင်ဘာလ (၂)ရက်နေ့က ဗလခကျေးရွာ၌
ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကျောင်းသားနှစ်ဦးအပါ အ၀င် ပြည်သူ(၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသခံများထံက သိရှိရသည်။

နိုဝင်ဘာလ(၂)ရက်နေ့က အစိုးရစစ်တပ်နှင့်KIAတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဗလခကျေးရွာ မှ ပထမတန်းကျောင်းသား
မောင်မရစ်ဒွဲလ၊ အသက်(၈)နှစ်နှင့် ဦးခေါင်းသေနတ်ဒဏ်ရာရရှိခဲ့ ဆဋ္ဌမ္မတန်းကျောင်းသား မောင်မရစ်နော်မိုင်အသက်(၁၂)နှစ် မှာ ညာဘက်နံရိုးနှင့် ပေါင်သေနတ်မှန်ဒဏ်ရာ ရရှိခဲ့ပြီးဦးစံလှ အသက်(၄၂)နှစ်နှင့်အမည်မသိတစ်ဦးတို့ မှာလည်း အသီးသီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိကချင်ပြည်နယ်ဖားကန့်မြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေကြောင်းဒေသခံများက ဆိုသည်။

“ဖားကန့်နယ်မှာကတိုက်ပွဲတွေခဏခဏဖြစ်နေတယ်(၃၀)ရက်နေ့ကလည်း တိုက်ပွဲကြောင့်လူနှစ်ဦး သေဆုံးပြီးပြီ၊ အခုကကျောင်းသားကလေးတွေပါ ဒဏ်ရာတွေခဏခဏရနေတယ်”ဟုဖားကန့်NLDပါတီမှကိုစိန်ထွန်းက
ပြောသည်။

ဖားကန့်မြို့နယ်တွင်ယခုနှစ်စက်တင်ဘာလအတွင်းတွင်န၀မတန်းကျောင်းသူမဂျာဆိုင်းအိမ်တိုက်ပွဲကြောင့်သေနတ်မှန်ပြီးသေဆုံးခဲ့သလို၊အောက်တိုဘာလ(၁၆)ရက်နေ့တွင်လည်းန၀မတန်းကျောင်းသူမမေဇွန်လှိုင်ဗုံးမှန်ပြီး ညာဘက်ခြေတောက်ပြတ်သွားကြောင်းကိုလည်းဒေသခံများထံက သိရှိရသည်။
“ပြီးခဲ့တဲ့လတွေတုန်းကလည်းတိုက်ပွဲတွေကြောင့်ကိုးတန်းကျောင်းသူတစ်ဦးသေဆုံးပြီး တစ်ဦးခြေတောက်ပြတ်သွား တယ်၊ငြိမ်းချမ်းရေးကိုမြန်မြန်မှ ပြည်သူတွေအနရယ်ကင်းမှာ”ဟုဖားကန့်ဒေသခံ ကိုတင်စိုးကပြောသည်။

လက်ရှိတွင် ဖားကန့်ဆေးရုံမှ ဒဏ်ရာ ရရှိသူများအား မြစ်ကြီးနားဆေးရုံသို့ (၂)ဦး တင်ထားရပြီး ဖားကန့်ဆေးရုံ၌ (၅) ဦး ကုသမှုခံယူနေခြင်းဖြစ်သည်။ ဖားကန့်မှ လူနာများ အတွက်မဏိဇေရုံ ကျောင်းထိုင်ဆရာတော်နှင့် ဂင်္ဂါကျောင်းထိုင် ဆရာတော်နှင့်ဖားကန့် ကျောင်းသားဟောင်းများအဖွဲ့က အလှူငွေ (၃)သိန်းသွားရောက် လှူဒါန်းခဲ့ကြောင်း ကိုလည်း သိရသည်။

အောက်တိုဘာ(၃၀)ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့၊ ကျင်းချန်
ဟိုတယ်တွင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ
ဥက္ကဌဦးအောင်မင်းခေါင်းဆောင်သောအဖွဲ့နှင့်ကချင်လွှတ်မြောက်ရေးအဖွဲ့မှ ဦးဆွမ်လွတ်ဂမ်ခေါင်းဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် များသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ(၃၀)ရက်နေ့တွင်လည်း ဖားကန့်မှတာမခံသို့
သွားသောခရီးသည်တင်ယာဉ် ကားသည်နန့်မော်ရွာ တွင်သေနတ်ထိမှန်ခဲ့ပြီှး
တာမခံနယ်ညောင်ပင်ကုန်းရွာမှကိုကျော်ကျော်အသက်(၂၂)နှစ်နှင့်စစ်ကိုင်းတိုင်းယင်းမာပင် မြို့ နယ်ပေါက်သဖရွာမှမဆွေဆွေအောင်အသက်(၂၆)နှစ်
တို့နေရာတွင် သေဆုံးပြီး ကားဆရာကိုမျိုးထွန်းအောင်၊ မမြင့်မြင့်ခိုင်၊
ကိုစိုင်းခမ်းအောင် တို့မှာ ဒဏ်ရာအသီးသီးရခဲ့ခြင်းဖြစ်သည်။

အဆိုပါသေဆုံးမှုများကြောင့် အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်
လပြည့်နေ့တွင် ဖားကန့် မြို့နယ် အမှိုက်ခုံရွာ၊မဏိဇေရုံ ဘုန်းကြီးကျောင်းနှင့် စရှော်ခကျေးရွာတို့တွင်”ငြိမ်းချမ်းပါစေက ချင်မြေ”၊”ငြိမ်းချမ်းပါစေ
ရတနာမြေ”နှင့်”ငြိမ်းချမ်းပါစေကမ္ဘာမြေ” ဟု မီးပုံး(၃)လုံး လွှတ်တင် လိုက်ကြောင်း ဒေသခံများထံက သိရှိရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup

Myit Makha Mediagroup 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis