ရန်ကုန်-အောက်တိုဘာ ၃
မြန်မာနိုင်ငံ၌ ဗီဇာကတ် အသုံးပြုနိုင်ရန် အတွက် အမေရိကန် ဗီဇာကတ်ကုမ္ပဏီ က မြန်မာ ပုဂ္ဂလိက

ဘဏ်များဖြစ်သော ကမ္ဘာဇဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊သမ၀ါယမဘဏ်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ယနေ့တွင် သဘောတူလက်မှတ်ရေးထိုး
လိုက်ကြောင်းသိရသည်။
ပြည်ပမှ မည်သည့်နိုင်ငံသား မဆို ၄င်းပိုင် ငွေစာရင်း ဖွင့်ထားပြီး အသုံးပြုမည့်
ဗီဇာကတ်ကို ယူဆောင် လာပါက ဗီဇာကတ် အသုံးပြုနိုင်သည့် စက်တွင် မြန်မာငွေဖြင့်
လဲလှယ် အသုံးပြုနိုင်မည် ဖြစ်သလို၊ ဗီဇာကတ် လုပ်ထားသည့် မြန်မာနိုင်ငံသား တစ်ဦးမှာလည်း
မြန်မာငွေသာ ထည့်ထားပြီး သွားရောက်မည့် နိုင်ငံ တို့တွင်
ဒေသ သုံးငွေ (သို့မဟုတ်) ကန်ဒေါ်လာ အသုံးပြုနိုင်မည်ဖြစ်သည်။
စံကျော်
Popular Myanmar News Journal

No comments:
Post a Comment