menu

Saturday 3 November 2012

လူ နှင့် ပင်လယ်လိပ်

Photo: လူ နှင့် ပင်လယ်လိပ်

ဦးချိုလှအောင်သည် ငါးလုပ်ငန်းဦးစီး ဌာန၊ ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးနှင့်  သုတေသနပညာပေးရေးစခန်း (ဘိုကလေး မြို့နယ်)မှ ဦးစီးအရာရှိတစ်ဦးဖြစ်ပါသည်။ သူသည် ပင်လယ်လိပ်မျိုးထိန်းသိမ်းရေး ကို တာဝန်အရလုပ်ကိုင်နေသူတစ်ဦးမဟုတ်။   သို့သော် အနစ်နာခံပြီးလုပ်နေခြင်းမျိုးမဟုတ်။ ၀ါသနာနှင့် ခံယူချက်အရ ခွန်စိုက်အား စိုက်လုပ်ကိုင်ခဲ့သည်ဟု သိရပါသည်။ သူနှင့်  ရန်ကုန်မြို့စမ်းချောင်းမြို့နယ်က တိုက် ခန်းတစ်ခုတွင် စကားပြောခဲ့သည်။ သူ့ ဓာတ်ပုံကို ကိုအောင်ထွန်းဝင်းက ရိုက်ပေး သည်။
ကျွန်တော်ကို ၁၉၅၄ က ဘိုကလေး  မှာမွေးပါတယ်။ ဖခင်ဦးညွန့်မောင်က တပ်မတော်ဝန်ထမ်းဖြစ်ပါတယ်။ မိခင်က တော့ မှီခိုပေါ့။ ဖခင်က ဗိုလ်ကြီးအဆင့် အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မိဘနဲ့ အတူ မိတ်္ထီလာမြို့လိုက်ပြီး ကျောင်းနေ ဖူးတယ်။ အချို့နှစ်တွေမှာတော့ ဘိုကလေး မှ ကြီးဒေါ်နဲ့ အတူနေပြီး ကျောင်းပညာ  သင်ခဲ့ပါတယ်။ ၁၉၇၅ မှာ အိမ်မဲမြို့က ဆယ်တန်းအောင်ပြီး ၁၉၇၉ မှာ ပုသိပ်  ကောလိပ်ကနေ မစ္ဆဗေဒအထူးပြုနဲ့သိပ်္ပံ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီး ကုန်သွယ်ရေးတို့  သမတို့မှာ အလုပ်လုပ်ခဲ့သေးတယ်။ ၁၉၉၁  မှာတော့ ငါးလုပ်ငန်းပညာသင်ကျောင်း မှာ နည်းပြရာထူးနဲ့ တာဝန်ထမ်းဆောင် ခွင့်ရပါတယ်။ ကျောင်းပညာနဲ့ သက်ဆိုင်  တဲ့အလုပ်ကို လုပ်ရပြီပေါ့။ ၁၉၉၇ မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်သွား တယ်။ ကျွန်တော့်ဌာနကလည်း မွေးမြူ ရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနလက်အောက် ကို ရောက်သွားတယ်။ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တော့ ပင်လယ် တွင်း ပင်လယ်လိပ်မျိုးစိတ်များကို ကာကွယ် ထိန်းသိမ်းဖို့အတွက် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးရတာဟာ ကျွန်တော့် အဖို့ပင်လယ်လိပ်တွေနဲ့  ပိုမိုရင်းနှီးဖို့ အကြောင်းဖန်လာတာပေါ့။
တကယ်တော့ ကျွန်တော်ကိုယ်တိုင်  က ပင်လယ်လိပ်တွေကို စိတ်ဝင်စားနေ တယ်။ ၀ါသနာအရ ကတုံးကလေးကျွန်း က ပင်လယ်လိပ်တွေက သုတေသနလုပ် နေမိတယ်။ စာတွေမပါသေးဘူး။ သူတို့ သွားတာလာတာ၊ ပိတ်လိုက်တာ၊ ဥအု ချတာ၊ သားပေါက်တာ။ ကိုယ့်စိတ်ဝင်စား  မှုနဲ့ ကိုယ်လေ့လာနေတာပါ။
ငါးလုပ်ငန်းကျောင်းရဲ့ စာကြည့်တိုက်  မှာ အာချီကား (Archekarr) ရဲ့  Tustle hard book ဆိုတဲ့ စာအုပ်လေးကို တွေ့ တော့ ဖတ်ကြည့်မိတယ်။ အဲဒီစာအုပ်ကို   ဖတ်ရတော့မှ ပင်လယ်လိပ်အမျိုးအစား၊  သဘောသဘာဝ၊ အလေ့အထတို့ကို စနစ်တကျသိပ္ပံနည်းကျလေ့လာဖြစ်သွား ပါတယ်။ ၁၉၉၇ နိုဝင်ဘာမှာ ပင်လယ်  လိပ်ထိန်းသိမ်းရေးနှင့် စောင့်ရှောက်ရေး  ဌာနငယ်ကို နိုင်ငံတော်က တရားဝင်ဖွဲ့ ပေးတယ်။ အဲဒီဌာနမှာ ကျွန်တော်က ဦးစီးအရာရှိအဖြစ်တာဝန်ယူရတယ်။
၁၉၉၈ မှာ ကျွန်တော်ဟာ မလေးရှား  နိုင်ငံကို အာဆီယံရဲ့ အစီအစဉ်တစ်ခုအနေ  နဲ့ သွားခွင့်ရတယ်။ ပင်လယ်သယံဇာတ  ထိန်းသိမ်းကာကွယ်ရေးအစီအစဉ်မှာ သင်တန်းသွားတက်ရတာ။ ဂျပန်နိုင်ငံ ပင်လယ်လိပ်ဆိုင်ရာအဖွဲ့က ထောက်ပံ့ တယ်။ သြစတေးလျက ပင်လယ်လိပ်ဆိုင်  ရာ ပါရဂူတစ်ဦးဖြစ်သူပါမောက်္ခဒေါက်တာ  ကောလင်းလင်းပတ်ကသင်တန်းပို့ချတယ်။
အဲဒီအစီအစဉ်၊ အဲဒီသင်တန်းမှာ တက်ရောက်ခွင့်ရတော့ ကျွန်တော့်ရဲ့ ခံယူချက်ဟာ ပိုမိုလေးနက်သွားတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ သွားလာကျက် စားနေတဲ့ ပင်လယ်လိပ်တွေကို ကျွန်တော် ပိုမိုချစ်ခင်တွယ်တာမိလာပါတယ်။
လိပ်တွေကတော့ အမျိုးမျိုးရှိတာ ပေါ့လေ။ ပင်လယ်လိပ်၊ ကုန်းလိပ်၊ အပူ ပိုင်းဒေသလိပ်၊ ရေချိုလိပ်စသဖြင့်ပေါ့။ ကျွန်တော်တို့က ပင်လယ်လိပ် ((Turtle))  ကို အထူးပြုလေ့လာတာပါ။
နှစ်ပေါင်းသုံးဆယ်အတွင်း ပင်လယ်    လိပ်မျိုးရင်းတွေဟာ လူသားရဲ့ ပယောဂ ကြောင့်ရော၊ သဘာဝဘေးအန္တရာယ်ကျ ရောက်မှုကြောင့် ရောပျက်သုန်းခဲ့ရပါ တယ်။
အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာ ပင်လယ်  လိပ်ဥတွေကို တူးဖော်ခွင့်၊ ရောင်းစားခွင့်၊  လိပ်တွေကို သတ်ခွင့်လိုင်စင်ချပေးဖူး တယ်။ လိုင်စင်ရထားတဲ့ ပုဂ်္ဂိုလ်တွေဟာ လိပ်တွေ ဥချချိန်မှာ တစ်ရာသီလုံးဥဖော် သွားသူတွေရှိတယ်။ အချို့လိုင်စင်ရပုဂ်္ဂိုလ်  တွေကတော့ တစ်နှစ်မှာ (၇)လ အလုပ် လုပ်မယ်ဆိုပါစို့။ နောက်ဆုံးတစ်လမှာ အလုပ်မလုပ်တော့ပဲ နားလိုက်တယ်။ သူတို့ကျေးဇူးကြောင့် အဲဒီတစ်လအတွင်း မှ ဥဥတဲ့ ပင်လယ်လိပ်ဥတွေ အကောင်  ပေါက်ခွင့်ရတယ်။ သူတို့ကို ကျေးဇူးတင် ရမလိုပဲ။ အခုတော့ အဲဒီပင်လယ်လိပ်နှင့် လိပ်ဥရှာဖွေတူးဖော်ခွင့်မပြုတော့ပါဘူး။ ပင်လယ်လိပ်ကို သတ်စားခွင့်မရှိဘူး။ ရောင်းချခွင့်မရှိဘူး။
သဘာဝဘေးအန္တရာယ်တွေကြောင့် ပင်လယ်လိပ်မျိုးရင်းတွေ ပျက်သုဉ်းရတာ  ရှိတယ်။ ဆူနာမီကြောင့် နာဂစ်ကြောင့် ကျွန်းတွေပျောက်ဆုံးသွားတော့ လိပ်က ဥအုလို့မရတော့ဘူး။
နောက်ပြီး သဘာဝတရားဟာပုံမှန် မဟုတ်တော့ဘူး။ လေကတိုက်ချင်သလို တိုက်နေတာ။ သဲသောင်ပြင်ရဲ့ ပုံသဏ္ဍာန်  တွေ ပျက်စီးယိုယွင်းလာပါတယ်။ လိပ်ဥ ထားတဲ့ ဥကျင်းထဲမှာ ရေ၀င်ရင် အကောင်  မပေါက်တော့ဘူး။ သဲသောင်က ပုံပျက် ပြီး ရေ၀ပ်တာကိုး။ အခုဆို လိပ်ခွေးပျောက်  သွားပြီး။ ပြင်သာလိပ်၊ လိပ်ကြက်တူရွေး နည်းနည်းပဲ ကျန်တော့တယ်။ ယခင်က  စမစ်ဆိုတဲ့ နိုင်ငံခြားသားက လိပ်တွေကို    ဆာဗေးလုပ်ဖူးတယ်။ အဲဒီကာလက တစ်နှစ်မှာ ပင်လယ်လိပ်တွေ အများကြီး  သဲသောင်ပြင်ပေါ်တက်ပြီး ဥအုချခဲ့ဘူး တယ်။ အခု ကျွန်တော်သုတေသနလုပ် တာ။ တစ်ရာသီလုံးမှ လိပ် ၂၆ ကောင် ပဲ ကျွန်းပေါ်တက်ပြီး ဥအုချတော့တယ်။  ကျွန်တော်တို့၏အပိုင်းပေါ့။
လိပ်တစ်ကောင်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၂၀ ရှိတယ်ဗျ။ လိပ်တစ်ကောင်  အရွယ်ရောက်ဖို့အရေးဟာ နှစ်ပေါင်း ၃၀ ၀န်းကျင်ကြာတယ်။
ပင်လယ်လိပ်ရဲ့ ကြီးထွားမှုက နှေးကွေးတယ်။ လိပ်ဟာ နှစ်ပေါင်း ၃၀ ကြာမှ ကျောကုန်သုံးပေနဲ့ လေးပေကြား ရှိလာမှ အရွယ်ရောက်လာရတယ်။ မိတ် လိုက်နိုင်တယ်။ မျိုးပွားနိုင်တယ်။ ပင်လယ်  လိပ်တစ်ကောင်မျိုးပွားနိုင်ဖို့ နှစ်ပေါင်း ၃၀ ၀န်းကျင့်စောင့်ဆိုင်းရပါတယ်။
ပင်လယ်လိပ်ဆိုတဲ့ အကောင်ဟာ ကမ္ဘာကြီးရဲ့ ပင်လယ်သမုဒ္ဒရာတစ်လျှောက်  မှာ အဝေးဆုံးအရှည်ဆုံးသွားလာနေတာ။  အပူပိုင်း၊ သမနွေးပိုင်းသူအကုန်သွားတာ ပဲ။ ကမ္ဘာသမုဒ္ဒရာကြီးထဲမှာ လျှောက်သွား  နေတာ။ ပင်လယ်လိပ်မှာ နိုင်ငံကူးလက် မှတ်မလိုဘူး။ သူဟာရေခဲတဲ့အပိုင်းကိုသာ  မသွားတာ။ အတ္တလန်တိတ်သမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာ သူအကုန်အနှံ့သွားတာ။
ပင်လယ်ရဲ့ ဂေဟစနစ်ရှင်သန်ဖွံ့ဖြိုး ဖို့ ပင်လယ်လိပ်ရှိမှဖြစ်တယ်။ ပင်လယ်မှာ Red Tide ဆိုတာရှိတယ်။ Plankton တစ်  မျိုးပေါ့။ မျောလှေးလို့ခေါ်တယ်။ မျော နေတဲ့ ပိုးမွှားလိုပေါ့။ အဲဒီ Red Tide က အခြားပင်လယ်သတ္တ၀ါတွေကို သေစေနိုင်တယ်။ ပင်လယ်လိပ်ကိုတော့ Red Tide က တိုက်ခိုက်လို့မရဘူး။ ပင်လယ်လိပ်ဟာ ရေအောက်မှာ သွားရင်း  လာရင်းပင်လယ်အောက်က စိမ်းနေတဲ့ အရွယ်ကလေးတွေစားသွားတာ။ ကမ္ဘာ့ ပင်လယ်အောက်က အရာမှန်သမျှကို ပင်လယ်လိပ်က ထိတွေ့သွားတာ။ ဒါကြောင့် ပင်လယ်ပြင်မှာ ပင်လယ်လိပ်  ဟာ မရှိမဖြစ်သတ်္တ၀ါပဲ။ ပင်လယ်ရဲ့ ဂေဟစနစ်စည်းချက်ညီဖို့ပင်လယ်လိပ်က  ထိန်းသိမ်းပေးသွားတယ်ပြောရမှာပေါ့။
ကျွန်တော်တစ်ခါကငါးပုစွန်မွေးမြူ ရေးကန်မှာ ပညာရှင်အဖြစ်အလုပ်လုပ်  ဖူးတယ်။ ရေရဲ့သဘာဝ၊ ကန်ရဲ့သဘာဝ၊  ငါးပုစွန်တို့စားတဲ့သဘာဝအစားအစာ အဲဒါတွေကို ကျွန်တော်ကလေ့လာထိန်း သိမ်းပေးရတယ်။
ကျွန်တော့်ပညာကြောင့်ကန်ဖော်ရင်    ငါးတွေပုစွန်တွေ တဖျတ်ဖျတ်ခုန်ပြီး အကောင်ရေအများကြီးထွက်လာတယ်။ ဘာသာရေးအမြင်အရ ကျွန်တော်က ပညာနဲ့ ပုစွန်တွေငါးတွေကို ထိန်းသိမ်း  ပေးတယ်။ ကျွန်တော့်ကြောင့် သူတို့ရှင် သန်ပြီး ကျွန်တော့်ကြောင့်ပဲ သူတို့များ များသေခွင့်ရတယ်။ လူတွေပုစွန်များများ  စားနိုင်ဖို့ ပုစွန်များများမွေးမြူရတယ်။ များများသတ်ရတယ်။ ဘာသာရေးအမြင် အရ ဒါမဟုတ်သေးဘူး။ ကျွန်တော်အဲဒီ မှာ ပိုက်ဆံအများကြီးရတယ်။ ဒါပေမဲ့ မလုပ်တော့ဘူး။ အကုသိုလ်များလို့။
ဟောအခု ဘိုကလေးမြို့နယ်ထဲက လိပ်ကျွန်းကလေးမှာ ကျွန်တော်ဟာနေ ထိုင်ပြီး ပင်လယ်လိပ်တွေ ရှင်သန်တိုးပွား  ဖို့ အလုပ်တွေလုပ်နေရတာကို အလွန် ကျေနပ်မိပါတယ်။ လိပ်ကိုသတ်မယ့်လူ တွေကို မသတ်အောင်ပညာပေးဟော ပြောတာမျိုးလည်းလုပ်ရတယ်။
လိပ်တွေ ကျွန်းပေါ်ကိုညအခါတက်  ပြီး ဥအုချတယ်။ အဲဒီ လိပ်ဥတွေသဘာဝ  နည်းနဲ့ အကောင်ပေါက်ဖို့ ကျွန်တော်တို့  အဖွဲ့က အလုပ်လုပ်ပေးရတယ်။ ကန့်သတ်  နယ်မြေသတ်မှတ်ပေးရတယ်။
လိပ်က ဥတော့အုချသွားတယ်။ သူဥအုတဲ့ အောက်ခံသဲအပူချိန်ဟာ ၂၅ ဒီဂရီ စင်ဂီဂရိတ်ကနေ ၃၁ ဒီဂရီစင်တီဂရိတ် ရှိမှသာအကောင်ပေါက်တာ။ လိပ်ဥထဲ မှာ အဖိုမျိုးစေ့လား။ အစ်မမျိုးစေ့လားခွဲ ခြားလို့မရပါဘူး။  ၃၁ ဒီဂရီစင်တီဂရိတ်   သဲအပူအချိန်ဆိုရင် လိပ်အစ်မလေးတွေ   ပေါက်ဖွားလာမယ်။ ၂၅ ဒီဂရီစင်တီဂရိတ် ဆိုတရင်လိပ်အထီးလေးတွေပေါက်လာ မယ်။
အဲဒီ လိပ်ဥတွေအပေါ်မြက်ရိုင်းတွေ မဖုံးအောင်၊ ရေတွေမ၀ပ်အောင်ကျွန်တော်  တို့ အဖွဲ့က စောင့်ကြည့်လေ့လာရတယ်။  အဲလိုဖြစ်လာရင် ကျွန်တော်တို့က ရွှေ ပြောင်းသားဖောက်နည်းနဲ့ လိပ်ဥတွေ အကောင်ပေါက်အောင်လုပ်ရပြန်တယ်။
လိပ်ကလေးတွေ အသက်ရှင်လာ  ပြီး အဖွဲ့လိုက်ပင်လယ်ထဲချလွှတ်ပေးရ တာကိုလည်း ကျွန်တော်ကြည်နူးတယ်။  ကျွန်တော်ကတော့ ကျွန်တော့်ဘ၀တစ် လျှောက်လုံးပင်လယ်လိပ်တွေရှင်သန်ပေါက်  ပွားရေးမှာ စိတ်ဝင်တစားအလုပ်လုပ်သွား  မှာပဲ။ ပင်လယ်လိပ်သုတေသနတွေ ဆက်လုပ်သွားမှာပဲ။ ပင်လယ်လိပ်ကို တကယ်စိတ်ဝင်စားပြီး ကျွန်တော်တို့နဲ့  တွဲလုပ်မယ်လူငယ်တွေကို ကျွန်တော် မျှော်လင့်ကြိုဆိုပါတယ်။

မောင်ကိုကို(အမရပူရ)

အေးချမ်းမွန်မှ The Hot News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis