menu

Saturday 3 November 2012

ကမ္ဘာကျော် စစ်သူကြီး နပိုလီယံ၏ လျှို့ဝှက်စာ လေလံတင်ရောင်းချမည်

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ခန့် က ရာသီဥတု ဆိုးရွားသော အချိန်တွင် ရုရှား နိုင်ငံ ကရင်မလင် နန်းတော်ကို ဖျက်ဆီး မည်ဟု ရေးသား ခဲ့သော ကမ္ဘာကျော် စစ်သူကြီး နပိုလီယံ ဘိုနာပတ်၏ လျှို့ဝှက်စာကို လေလံတင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

နပိုလီယံ ရေးသား ခဲ့သော စာများကိုရုရှားတို့ကကြားဖြတ် ဖျက်ဆီးပစ်သည့် အတွက် စာအများစုမှာ ပျက်စီး ခဲ့ရပြီး နပိုလီယံ၏ လက်ရေးမူ စာမှာ ရှားပါးကြောင်း လေလံတင် ကုမ္ပဏီ Ocenat မှ လေလံတင် ရောင်းချရာ၌ ကျွမ်းကျင်သူ အယ်လိန်း နီကိုလက်စ် က ပြောကြား ခဲ့သည်။

အဆိုပါ စာသည် နပိုလီယံက ၎င်း၏ ပြည်ပ ဆက်ဆံရေး ဝန်ကြီး ဟူးဂတ် ဘားနတ် မာရက်ထံသို့ ၁၈၁၂ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က ရေးသား ခဲ့သောစာ ဖြစ်သည်။

အဆိုပါ စာထဲတွင်  နပိုလီယံက ၎င်း၏ တပ်ဖွဲ့ဝင်များ စားစရာ၊ သောက်စရာ ရိက္ခာများ ပြတ်လပ်နေသည့်  အတွက် ပေးပို့ပေးရန်နှင့် မြင်း များ ထပ်မံ ပေးပို့ ပေးရန် တောင်းဆို ထားသည်။ ထို့အပြင် နပိုလီယံနှင့် အတူ ရုရှားကို လာရောက် တိုက်ခိုက် သိမ်းပိုက်သော အဖွဲ့ဝင်များ အားလုံး ရာသီဥတု ဆိုးရွားမှု ဒဏ်ကို  ခံစား နေရကြောင်း ရေးသား ထားသည်။

http://www.myawady.net.mm/all-news/international-news/2012-11-03-03-57-35

Myawaddy News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis