menu

Friday 9 November 2012

ရွှေရာသီ ကုမ္ပဏီ ရေနံ လက်ယက် တွင်းတိမ် လုပ်ကွက် နိုဝင်ဘာလ အတွင်း ဒုတိယ အကြိမ် မီးလောင်

Photo: ရွှေရာသီ ကုမ္ပဏီ ရေနံ လက်ယက် တွင်းတိမ် လုပ်ကွက် နိုဝင်ဘာလ အတွင်း ဒုတိယ အကြိမ် မီးလောင်

သရက် နိုဝင်ဘာ ၈

မကွေးတိုင်း ဒေသကြီး သရက်မြို့နယ် ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပ ဏီရေနံ လက်ယက် တွင်းတိမ် ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ လုပ်ကွက် အတွင်း ယနေ့ နံနက် ၁ နာရီ မိနစ် ၄ဝတွင် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် အတွင်းရှိ တွင်းအမှတ် MS.8 ရေနံလျှံတွင်း ၌ ကျော်စွာ ၃၁နှစ်(ဘ) ဦးတင်စိုး ပေါက်ကုန်းကျေးရွာ ဇလွန်မြို့နယ်မှ ကြီးကြပ် လုပ်ဆောင် နေစဉ် ရေနံ တွင်းမှ လျှံထွက် လာသော ရေနံနှင့် ရေနံပိုက်တို့ ဂက် စ်ငွေ့၏ တွန်းကန် အားကြောင့် ပွတ် တိုက်မှု ဖြစ်ပွားပြီး ရေနံကန် အတွင်းစတင် မီးလောင်ကျွမ်းခဲ့ရာ ရေနံတွင်းအမှတ် MS.7 နှင့် MS.9 တွင်းများသို့ ကူးစက် လောင် ကျွမ်းခဲ့သည်။

မီးလောင်မှု ကြောင့် ရေနံတွင်း သုံးတွင်းရှိ ကလပ်ခုံနှင့် ရေနံခပ် ပစ္စည်းသုံးစုံ၊ တရုတ်နီ အင်ဂျင် နှစ်လုံး၊ ရေနံစိမ်း ပီပါနှင့် ယာယီရေနံစိမ်း လှောင်ကန် အတွင်းရှိ ရေနံစိမ်း ၂၅ ပီပါခန့်နှင့် ရေနံ တွင်း လုပ်သား နားနေတဲ သုံးလုံးတို့ မီးလောင် ဆုံးရှုံးခဲ့သည်။ မီးလောင်မှု အားသရက် ခရိုင် မီးသတ် ဦးစီးဌာနမှူး ဦးမြင့်နိုင် ထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင် ၁၇ ဦးတို့က မီးသတ်ယာဉ် နှစ်စီး၊ ဆီမီး သတ်ဆေးရည် (Foam Liquit) တို့ဖြင့် မီးငြှိမ်း သတ်ခဲ့ရာ နံနက် ၂ နာရီခွဲ ခန့်၌ ငြှိမ်းသတ်နိုင် ခဲ့သည်။ အဆိုပါ ပိတောက်ပင် ရေနံမှော် ရွှေရာသီ ကုမ္ပဏီ ရေနံ လက်ယက် တွင်းတိမ် လုပ် ကွက် အတွင်း မီးလောင်ကျွမ်း မှုမှာ နိုဝင်ဘာလ အတွင်း ဒုတိယ အကြိမ်မြောက် လောင် ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis