menu

Friday 9 November 2012

ပေါက်တောမြို့နယ်တွင် ဘင်္ဂါလီများက ရခိုင်သားအဖနှစ်ဦးကို တူမီးသေနတ်ဖြင့် ပစ်ခတ်





thn-9-11-2
ပင်လယ်ကမ်းစပ်တွင် ငါးမျှားနေသော သားဖနှစ်ဦးကို ဘင်္ဂါလီများက တူမီးသေနတ်ဖြင့်ပတ်ခတ်မှု နိုဝင်ဘာလ ၈ ရက်နေ့ ၅း၃၀ နာရီအချိန်ခန့်က ပေါက်တောမြို့နယ်၊ စိုးမဲကျီဘုရားအနီးတွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ထိုနေ့နံနက်ပိုင်းက စိုးမဲကျီရွာမှ ရွာသား ၇ ဦးခန့်သည် ဆံတော်ရှင်ဘုရားသို့ ဘုရားဖူးသွား ရောက်ခဲ့ကြသည်။ ဘုရားမှအပြန် တောင်ခြေ ပင်လယ်ကမ်းစပ်တွင် ဦးလပြည့်ဦး(ခ)လှသိန်းဦးနှင့် သားဖြစ်သူ မောင်ဝင်းဝင်းချေတို့ ကျန်ခဲ့ကြောင်း၊ ၎င်းတို့ သားအဖနှစ်ဦးသည် ကမ်းခြေ ကျောက်ဆောင်သို့သွားကာ ငါးမျှား နေစဉ် စက်လှေတစ်စီး ကမ်းခြေဘက်သို့ ဦးတည်မောင်းနှင်လာပြီး အနီးအရောက်၌ တူမီးသေနတ်ဖြင့်ပစ်ခတ် ခဲ့ ခြင်းဖြစ်သည်။ အဆိုပါလှေပေါ်တွင် ဘင်္ဂလီ ၁၅ ဦးခန့်ပါဝင်ကြောင်းသိရသည်။ အတူလာကြသော ရွာသား များမှာ သေနတ်သံကြား၍ နားထောင်နေစဉ် မောင်ဝင်းဝင်းချေမှာ ဒဏ်ရာဖြင့် တောင်ပေါ်သို့တက်ပြေးလာသ ဖြင့် ပတ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်သယ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။

သားဖြစ်သူမှာ မျက်နှာတွင် ဒဏ်ရာရရှိခဲ့သော်လည်း ပြင်းထန်မှုမရှိဘဲ ဦးလပြည့်ဦး(ခ)လှသိန်းဦးမှာ စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ည ၉း၂၅ မိနစ်ခန့်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး လက်မောင်း၊ ၀မ်းဗိုက်၊ ပေါင်နှင့် နေရာအတော်များများတွင် ဒဏ်ရာရရှိထားကြောင်း သိရှိရပါသည်။ယခုခါတွင် အဆိုပါလူနာအား စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်းနှင့် အခြေအနေစိုးရိမ်ဖွယ်မရှိတော့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း တုတ်၊ဓါး၊ လှံ၊ သေနပ်၊ ဂျင်ကလိ အစရှိသောလက်နက်များကို လာရောက်အပ်နှံရန် နိုင်ငံတော်ကထုတ်ပြန်ထားသော်လည်း ထိုသို့ ခြုံခိုတိုက်ခိုက်နည်းများဖြင့် တိုက်ခိုက်နေခြင်းသည် လုံခြုံရေး အပိုင်းတွင် လိုအပ်ချက်များရှိနေခြင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။
'' ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ အခုလို သေနတ်ကိုင်ပြီး သွားလာနေလို့ရတယ်ဆိုရင် သိပ်အန္တရာယ်များသွားပြီ။ လုံခြုံရေးလိုအပ်ချက်ကို ထောက်ပြနေတာဖြစ်တယ်။ လှေနဲ့တောင် သွားလာနေလို့ရနေမှတော့ သူ တို့မှာ ဒီလိုသေနတ်မျိုးတွေ ဘယ်လောက်ရှိတယ်ဆိုတာ ပြောဖို့ခက်မယ်။ ရခိုင်ပြည်သူတွေအတွက် စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ မြင်ပါတယ်"ဟု စစ်တွေမြို့မှ မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းကပြောပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis