ယနေ့ဆူးလေဘုရား ၊ မြို့တော်ခန်းမရှေ့တွင်
ရဟန်းသံဃာများဆန္ဒပြရန်စီစဉ်ထားပြီ အစ္စလာမ် ဘာသာဝင်များအနေဖြင့်လည်း
ဗိုလ်ကလေးဈေးအရှေ့၌စုရံ
ုးဆန္ဒပြုမည်ဆို၍
နှစ်ဦးနှစ် ဖက်ထပ်တိုက်တွေ့ဆုံ၍ ပြဿနာအဓိကရုန်းဖြစ်မည်ကိုမလိုလားသောကြောင့်
ရဟန်းသံဃာတော်များအနေဖြင့် အမျှအတန်းပေးဝေ ၊
မေတ္တာပို့၍သာဆန္ဒပြပွဲအားအကျဉ်းချုံ့လုပ်ခဲ့
ကြောင်းသိရသည်။“ကျွန်တော်တို့ကလည်း
ဒီဘက်မှာလုပ်တယ်။သူတို့ကလည်းလုပ်တယ်ဆိုတော့နှစ်ဖက်တွေ့ပြီးပဋိပက္ခဖြစ်မှာစိုးလို့
ကျွန်တော်တို့အနေနဲ့ ဆန္ဒပြတဲ့ အစီအစဉ်ကိုဖျက်ပြီး
ဆုတောင်းမေတ္တာပို့တာပဲလုပ်တော့တာပါ´´ဟု
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားလှုပ်ရှားမှုကော်မတီမှ
ကိုရဲမျိုးဦးကပြောသည်။ အောက်တိုဘာ(၂၂)ရက် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်
ယိုင်သာကျေးရွာတွင် အင်္ဂါလီလူမျိုးများမှ သေနတ်ဖြင့်ပစ်ခတ်၍ ရခိုင်အမျိုးသား
၎ ဦးသေဆုံးခဲ့ရပြီ အဆိုပါသေဆုံးခဲ့သူများအား
ဆုတောင်းမေတ္တာပို့အမျှဝေခြင်းကို အောက်တိုဘာ(၂၃)ရက်နေ့လည်း ၁ နာရီက
ဆရာတော်သံဃာတော်များ နှင့်ပြည်သူများမှ ပြုလုပ်ခဲ့ကြောင်းသိရသည်။
“မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့
မြောက်ဦးကိုလည်းကာကွယ်ရမည်။အင်္ဂါလီလူမျိုးတွေ
ဗုဒ္ဓဘာသာဘုရားစေတီအဆောက်အဦးတွေကို မဖျက်ဆီးနိုင်အောင် အစိုးရ နှင့်
ပြည်သူပူးပေါင်းကာကွယ်ရမယ်´´ဟု မျိုးချစ်ရဟန်းတော်များအဖွဲ့မှ ဆရာတော်
ဦးပါမောက္ခက မိန့်ကြားသည်။
ဘိုဘိုမင်း၊ညီညီအောင်
The Hot News
ဘိုဘိုမင်း၊ညီညီအောင်
The Hot News
No comments:
Post a Comment