menu

Tuesday 23 October 2012

ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် အစီအစဉ်မရှိကြောင်း အမေရိကန် သံအမတ်ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

ဗုဒ္ဓသာသာသို့ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း ထွက်ပေါ်နေသော သတင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သံရုံးဝန်ထမ်းများကို ပြောဆိုလိုက်သည်။

သူနှင့် ဇနီးဖြစ်သူတို့နှစ်ဦးစလုံး လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း သတင်း
ထွက်ပေါ်ပြီး ရက်သတ္တအနည်းငယ်အကြာ ထိုသို့ ထုတ်ဖော်ပြောဆိုကြောင်း သံရုံး၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်သံရုံးသို့ ဆက်သွယ်မေးမြန်းရာ Facebook စာမျက်နှာ ကြေညာထားသည်မှာ အမှန်ဖြစ်ကြောင်း သံရုံး ပြန်ကြားရေးဌာနမှ ဦးသိန်းဝင်းညိုက အတည်ပြုပြောကြားသည်။

“တစ်ချိန်တည်းမှာပဲ ကျွန်တော့ ဇနီးက ဗုဒ္ဓဘာသာကို အရမ်းကို စိတ်ဝင်စားမှုရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို အချိန်အများကြီးပေးပြီး လေ့လာပါတယ်”ဟု ဒဲရစ်မစ်ချယ်က ပြောဆိုခဲ့သည်။

မိရိုးဖလာ ဂျူး ဘာသာဝင်တစ်ဦးဖြစ်ရသည်ကို ဂုဏ်ယူကြောင်း သံအမတ်က ပြောဆိုခဲ့သည်။ ဒဲရစ်မစ်ချယ်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။

  The Voice Weekly
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis