menu

Tuesday 23 October 2012

မြောက်ဦးတွင် ပဋိပက္ခမှုကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း သိရ

မြောက်ဦးမြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၉ ဦးရှိသွားပြီဖြစ် ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ ပုရိန်ကျေးရွာတွင် အောက်တိုဘာလ ၂၂ ရက်

နေ့ကဖြစ်ပွားခဲ့သော ပဋိပက္ခ ကြောင့် သေဆုံးသူများမှာ ဦးအောင်မိုး (အသက် ၃၈ နှစ်၊ ဘီလူးရွာ)၊ ကိုမောင်ဌေးဝင်း (အသက် ၂၁ နှစ်၊ ပန်းမြောင်းကျေးရွာ)နှင့် ဦးမောင်ဘုချေ (အသက် ၄၀ နှစ်၊ မြင်းခုန်တန်းကျေး ရွာ)တို့ဖြစ်ပြီး ဦးအောင်မိုးတစ်ဦးတည်းသာ အလောင်းရရှိသေးကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများမှာ ၈ ဦးရှိခဲ့ကြောင်းနှင့် ယင်းတို့အနက် မြောက်ဦးဆေးရုံတွင် ၅ ဦး၊ စစ်တွေဆေးရုံတွင် ၃ ဦးဆေးကုသခံလျက်ရှိပြီး စစ်တွေဆေးရုံသို့ရောက်ရှိနေ သူများမှာ မြင့်ခိုင်အောင် ( ၄၀ နှစ်၊ ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ)၊ မောင်ထွီးစိန်(၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ )နှင့် မောင်မောင်ခိုင် (၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ) တို့ဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တုဘာလ ၂၃ ရက်နေ့တွင်လည်း မြောက်ဦးမြို့နယ် ယိုင်သည်ရွာတွင် အခင်းဆက်လက် ဖြစ်ပွားလျက်ရှိပြီး ယင်းဖြစ်စဉ်ကြောင့် ရှင်ရှည်ကျေးရွာမှ ဦးမောင်ထွီး(ဘ - ဦးစောလူချေ)သည် တင်ပါးတွင်ဒဏ်ရာဖြင့် မင်းပြားဆေးရုံသို့လာရာလမ်း တွင်သေဆုံးသွားကြောင်း မင်းပြားမြို့ခံများက ပြောသည်။ ဆက်လက်ပြီး မြောက်ဦးဆေးရုံသို့လည်း ဒဏ်ရာရသူ ၁ ဦး ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ယိုင်သည်ကျေးရွာအတွင်းရှိအိမ်များမှာလည်း ဆက်လက် မီးလောင်းကျွမ်းသေးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis