menu

Tuesday 23 October 2012

အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီးသည် တောင်တရုတ် ပင်လယ် အတွင်းသို့ ရောက်ရှိ လာခဲ့ခြင်း

 အမေရိကန် နိုင်ငံသည် တရုတ် နိုင်ငံက ရေတပ် အင်အား တိုးချဲ့ ဖြန့်ကြက်လျက် ရှိသော တောင်တရုတ် ပင်လယ် အတွင်းသို့ ၏ ရေတပ် အင်အားကို ပြသသည့် အနေဖြင့် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော USS George Washington အား တောင်တရုတ် ပင်လယ် အတွင်းသို့ စေလွှတ် ခဲ့ကြောင်း အောက်တို ဘာလ ၂ဝ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ ထိုသို့ အမေရိကန်က အဆိုပါ လေယာဉ်တင် သင်္ဘောကို စေလွှတ်ခဲ့ ခြင်းကြောင့် တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်၍ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြား နိုင်ငံများနှင့် အငြင်းပွားလျက် ရှိသော တရုတ် နိုင်ငံအား အနှောက် အယှက် ဖြစ်စေနိုင်ကြောင်း သိရှိရ ပါသည်။
တရုတ်နိုင်ငံနှင့် ဖြစ်ပွား လျက်ရှိသော တောင်တရုတ် ပင်လယ် အငြင်းပွားမှု ကိစ္စရပ်တွင် အမေရိကန် နိုင်ငံက နိုင်ငံများ အပေါ် ထောက်ခံမှု ပေးခြင်းဖြင့် တရုတ် နိုင်ငံအား ပိုမိုဖိအား ပေးနိုင်ရေး ရည်ရွယ်လို ဟန်ရှိသည်ဟု ဆိုပါသည်။ အမေရိကန်သည် ၏ မဟာဗျူဟာကို အရှေ့ အလယ်ပိုင်းမှ အာရှ ဒေသသို့ ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် အာရှ-ပစိဖိတ် ဒေသတွင်းရှိ ဗီယက်နမ် အပါအဝင် အခြားနိုင်ငံများနှင့် စစ်ရေးနှင့် စီးပွားရေး ဆိုင်ရာ မဟာမိတ် ဆက်ဆံမှုများ တည်ဆောက်လျက် ရှိပါသည်။ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ် အားလုံး နီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားလျက် ရှိပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြားအာရှ နိုင်ငံများကလည်း တောင်တရုတ် ပင်လယ်၏ အစိတ် အပိုင်းများကို ပိုင်ဆိုင်ကြောင်း အသီးသီး ပြောကြားလျက် ရှိပါသည်။ အမေရိကန် ရေတပ် အနေဖြင့် အာရှ-ပစိဖိတ် ဒေသသို့ ပုံမှန် ကင်းလှည့် သွားလာလျက် ရှိကြောင်း၊ ယခုGeorge Washington အနေဖြင့် ဗီယက်နမ် ကမ်းလွန် ပင်လယ်ပြင်သို့ ရောက်ရှိ လာခြင်းသည် 2 နှစ် အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်း၊ အခြားလေယာဉ်တင်သင်္ဘောUSS John C. Stennis သည် အနောက် ပစိဖိတ် ဒေသတွင် လှည့်လည် သွားလာ လျက်ရှိကြောင်း သိရှိရ ပါသည်။
Myawaddy News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis