menu

Monday 30 December 2013

မေ့လို့မရတဲ့ New Year ညတွေ ရှိပါတယ် ဘန်နီဖြိုး Hannayuri

မေ့လို့မရတဲ့ New Year ညတွေ ရှိပါတယ် ဘန်နီဖြိုး Hannayuri

Q. December နဲ့ အမှတ်တရ
ဘန်နီဖြိုး - New year န့ဲ Christmas ဆိုတာထက် ကျွန်တော်တို့က December ရောက်ရင်ပျော်နေပြီ။ အေးအေးချမ်းချမ်း လ တစ်လဆိုတော့လေ။ ပြီးတော့ December ဆိုရင် ကျွန်တော်တို့က ပွဲတွေဆို ရတာများတော့ New year, Christmas တို့ဆိုရင် ဆိုရ တာ များပါတယ်။
Hannayuri - New year နဲ့ Christmas အပြင်ကိုယ့်မွေးနေ့ မွေးလနဲ့လည်း နီးတယ်။ December လလေးက တခြားလတွေနဲ့မတူ ဘဲ အေးအေးချမ်းချမ်းလေးဆိုတော့ နေလို့အရမ်းကောင်းတော့ပျော်တယ်။ Q. ငယ်စဉ်တုန်းက New year, Christmas ခံစားချက်နဲ့ အ ခုအသက်အရွယ်မှာ ပြောင်းလဲသွား တဲ့ခံစားချက်တွေ ပြောပြပေးပါဦး။
ဘန်နီဖြိုး -ငယ်ငယ်တုန်းက Christmas ဆိုရင် Christmas Tree မြင်မှ ကျွန်တော့ရဲ့ Christmas ကပြည့်စုံပါတယ်။ အိမ်မှာ Christmas Tree ကို အဖေတို့နဲ့ အတူ မီးလုံးလေးတွေဆင်တယ်။ မီးပန်းလေးတွေ တပ်ဆင်တတ်တယ်။ ပြီးတော့ Santa Claus အရုပ်ကြီး ချလို့ ငယ်ငယ်တုန်း ကတော့ရူးခဲ့တာ ပါ။ Hannayuri - ငယ်ငယ်တုန်း ကတော့ December ကျောင်းပိတ် ရက်ရောက်ပြီဆိုတာနဲ့ပျော်တာပေါ့။
Q. ဖြတ်သန်း လာခဲ့တဲ့ နေ့ရက် တိုင်းတွေထဲက မေ့လို့မရနိုင်တဲ့ New year Night အမှတ်တရ လေးတွေရှိသေးလား။
ဘန်နီဖြိုး - မေ့လို့မရတဲ့ New year Night လေးရှိပါတယ်။ လွန်ခဲ့နှစ်တုန်းက ကျွန်တောာ် New year Show ကို ပထဆုံး စဆိုဖြစ်ခဲ့တဲ့ အချိန်၊ ကျွန်တော် စင် ပေါ်တက်သွားတဲ့ အချိန်မှာ ပရိသတ် တွေက ကျွန်တော့်ကို အားပေးဆုံး အချိန်လို့ထင်ပါတယ်။ ကျွန်တော့် သီချင်းတွေကို အတူတူလိုက်ဆို ကြတယ်။ ပရိသတ်တွေ လက်တွေ ကိုလေပေါ်မှာမြင်ချင် တယ်ဆိုတာနဲ့ လက်တွေလေပေါ်မှာ အများကြီး မြှောက်ပြီး သီချင်းလိုက်ဆိုနေတာ ကိုမြင်ရတဲ့အချိန်ပေါ့။ ၂ဝဝ၈ ခုနှစ် မှာ ကျွန်တော် သီချင်းစဆိုတယ်။ ၂ဝဝ၉ ခုနှစ်ရဲ့ ကျွန်တော့်အတွက် ပထမဦးဆုံး New year Show လေးဟာတော့ ကျွန်တော့်အတွက် လုံးဝ မေ့လို့မရတဲ့ အမှတ်တရပါ။

Hannayuri - ညီမတို့က ပြီးခဲ့တဲ့ New year တွေဆိုရင် အတူတူရှိတာများတယ်။ ပြီးခဲ့တဲ့နှစ် ကပဲ အတူတူမရှိခဲ့တာပါ။ သူက Show သီဆိုနေတဲ့အချိန်မှာ စင် ပေါ်မှာတင် ဖုန်းကိုဖွင့်ထားပေးတာ ကတော့ တကယ်ကိုအမှတ်တရပါ။ Q. ဒီနှစ် New year ကိုရော နှစ်ယောက်သား ဘယ်လိုဖြတ်သန်း ကြမလဲ။
ဘန်နီဖြိုး - ဒီနှစ် New year ကတောက့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ Beach Party အနေနဲ့ show လေးရှိပါတယ်။ ကျွန်တော်တို့ ချစ်သူနှစ်ဦးက အများအားဖြင့် အတူတူရှိကြတာ များပါတယ်။ အတူ တူမရှိတဲ့ အချိန်ဆိုရင် ဖုန်းလေးကိုဖွင့် ပြီး ကြားခံဖုန်းလိုင်း တစ်ခုအနေနဲ့ အဲဒီအချိန်ကာလ တစ်ခုကိုဖြတ်သန်း ကြတာများပါတယ်။ ပြီးတော့ အ လွမ်းပြေအနမ်းတွေပေးကြ ပါတယ်။ အဲဒီလိုဖြတ်သန်းကြတာ များပါတယ်။ ဒီနှစ်တော့ မသိသေးဘူး။ သူရှိရင် ကောင်းမှာပေါ့။ မရှိဘူးဆိုရင်လည်း ခုနကပြောသလိုဖုန်းထဲကနေအနမ်း တွေနဲ့ အလွမ်းဖြေရမှာပေါ့။ Hannayuri - အတူတူရှိချင် တာပေါ့။ မရှိခဲ့ရင်လည်း ဒီလိုမျိုး ဖြတ်သန်းခဲ့ရမှာပါ။ ညီမက အလုပ် ကိစ္စတို့၊ ကျောင်းကိစ္စတို့ကြောင့် ရန်ကုန်မှာအမြဲတမ်း မရှိနိုင်လို့ပါ။
Q. ဘန်နီဖြိုးတို့ နှစ်ယောက်က ဘယ်လို စတင်တွေ့ဆုံဖြစ်ခဲ့ ပါလဲ။
ဘန်နီဖြိုး - ဒီလိုမျိုးပဲ တွေ့ကြတာပါပဲ။ တော်တော်လည်း ကြာပြီ။ ဒီအတိုင်း တစ်ယောက်နဲ့ တစ်ယောက် တွေ့ပြီး စကားပြေကြ၊ ရင်းနှီးသွားကြတယ်။ သူငယ်ချင်း ဖြစ်ရာကနေ ချစ်ကြိုက်မိသွားပြီး ချစ်သူရည်း စားဖြစ်သွားတာပါ။ ချစ်သူသက် တမ်း (၃)နှစ်ရှိပါပြီ။
Q. ချစ်သူရည်းစားနှစ်ယောက် မှာ ဘယ်သူက ပိုပြီးခွင့်လွှတ်နား လည်ပေးလဲ။ ဘယ်လိုစတင်ချစ်မိ သွားကြလဲ။
ဘန်နီဖြိုး- သဘူးဗျ။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုချစ်သွားကြတာလည်းဆိုတာ အများကြီး မပြောတတ်ဘူး။ အဓိကကတော့ တစ်ယောက်နဲ့တစ် ယောက် ချစ်နေဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်က သူ့ထက်တစ်နှစ်ပဲကြီး ပါတယ်။
Hannayuri - သူကအစ်ကို အကြီးတစ်ယောက်လိုပဲ။ အရာရာ သည်းခံပေးပြီးနားလည်ပေးပါတယ်။ မကောင်းတာတွေ၊ ကောင်းတာ တွေကို သွန်သင်ဆုံးမပေးပါတယ်။
Q. ချစ်သူအပေါ်ပြုပြင်ပေးချင် တဲ့အချက်လေးတွေ ရှိသေးလား။
ဘန်နီဖြိုး - သူက ကလေး ဆန်တာပါပဲ။ အဲဒါကိုတော့ ပြောင်းပစ်ချင်တယ်။ အဲဒီတစ်ခုပါပဲ ကျန်တာကတော့ သိပ်ပြီး ထူးထူးခြားခြား မဖြစ်ပေမယ့် အဲဒီတစ်ခုက အဓိက ဖြစ်နေတယ်။
Hannayuri - သူကအကုန် လုံး ပြည့်စုံပါတယ်။ တစ်ခါတလေ စိတ်ဆိုးပြီး အော်တတ်တာကလွဲ ရင်ပေါ့။
Q. December လထဲမှာ အနု ပညာရှင်တွေရဲ့မင်္ဂလာ သတင်းတော် တော်များများကို ကြားမိရတော့ ဘန်နီဖြိုးတို့စုံတွဲ ကရော...
ဘန်နီဖြိုး - အခုမှ ကလေးပဲ ရှိပါသေးတယ်။ အဝေးကြီးလိုပါသေးတယ်။ အေးဆေးပေါ့။ ကိုရန်ရန် ချန်းတို့တောင် အသက် ၃၀ မှ ယူသလို စိုင်းစိုင်းဆိုရင် အခုထိ တောင်မယူသေးတာ။
 Hannayuri - မင်္ဂလာဆောင် ဖို့တော့ အဝေးကြီးလိုပါသေးတယ်။ ပညာတွေသင်ပြီးညီမတို့နှစ်ယောက် ကြိုးစားစရာတွေ အများကြီးရှိပါ သေးတယ်။
Q. ချစ်သူသက်တမ်း သုံးနှစ် မှာ New year နဲ့ Christmas ကို သုံးကြိမ်တိတိ နှစ်ယောက်သားဖြတ် သန်းခဲ့ကြပြီဆိုတော့ အတူရှိခဲ့တဲ့ အ မှတ်တရနေ့လေး ပြောပေးပါဦး။
ဘန်နီဖြိုး - ချစ်သူ သက်တန်း သုံးနှစ်မှာ New year ကိုဖြတ်သန်းခဲ့တာ သုံးကြိမ်ရှိပါပြီ။ မနှစ်ကဆိုရင် New year ကို ဖုန်းလေးနဲ့ နှစ် ယောက်သား ဖြတ်သန်းကြတယ်။ အဲဒီရှေ့နှစ်ကဆိုရင် အတူတူရှိနေ တော့ သူ Show ကိုပါလာတယ်။ New year Counter မရေတွက် ခင်မှာ ကျွန်တော်ဆိုတယ်။ ပြီးရင် ကျွန်တော်နဲ့စိုင်းစိုင်း ချိတ်ပြီး အိုး ...အိုး ဟော့တယ် သီချင်းမဆို ခင်မှာ စင်အောက်ဆင်းပြီးတော့ သူ့ကို အမြန်ဆုံး New year Wish သွားလုပ် ရတယ်။ ပြီးတော့ စင်ပေါ် အမြန်ပြေးတက်ပြီးတော့ အိုး ... အိုး ဟော့တယ် သီချင်း အပိုဒ်ကို အပြေးသွားဆို ခဲ့ရတဲ့ အမှတ်တရ တော့မမေ့နိုင်သေးဘူး။
Hannayuri - ဖုန်းနဲ့ New year Night ကို ဖြတ်သန်းတဲ့အခါ Show မှာ အော်ဟစ်နေပြီးတော့ ကိုယ်တိုင် Show ရောက်နေသလို မျိုး၊ သူနဲ့အတူပျော်မိပါတယ်။ ဝမ်း သာပြီးအလေးအနက်ထားမိပါတယ်။
Q. အခုလို 8 Days အတွက် New year နဲ့ Christmas အထိမ်း အမှတ် Cover ကို ချစ်သူ နှစ် ယောက်ရိုက်ခွင့်ရတော့ ခံစားချက် လေးပြောပါဦး။
ဘန်နီဖြိုး - အရင်တုန်းကတော့ ကျွန်တော်တို့ စုံတွဲပုံတွေ ရိုက်ကြပေမယ့် ကြားထဲမှာ သိပ်ပြီး မရိုက်ဖြစ်တော့ဘူး။ ဘယာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့က Modeling အနေနဲ့ ရပ်တည်ကြတဲ့ သူတွေမဟုတ် ဘူးလေ။ တစ်ခါတလေ ကိုယ်ခင်မင် ရင်းနှီးရတဲ့သူတွေ၊ အမှတ်တရလေး တွေရှိမှ သာရိုက်ဖြစ်ပါတယ်။ လွန်ခဲ့ တဲ့နှစ်နှစ်လောက်က ရိုက်ဖြစ်ပေမယ့် ကြားထဲမှာ အခုမှပြန်ရိုက်ဖြစ်တော့ ပျော်ပါတယ်။ နှင်းတွေနဲ့ ရိုက်ရတော့ မွှန်တာပေါ့။ တကယ်ကို အမှတ်တရ ဖြစ်ခဲ့ပါတယ်။ Hannayuri - 8 Days ဂျာနယ်လို နာမည်ကြီးတဲ့ဂျာနယ် အတွက် နှစ်ယောက် သားရိုက်ခွင့်ရ တဲ့အတွက် ပျော်ဖို့ကောင်းပါတယ်။
Q. မကြာခင်မှာ Sweet December ကိုဖြတ်သန်းပြီးတဲ့နောက် မှာ Valentines Day အတွက်ရော ဘယ်လိုများပြင်ဆင်ထားပါလဲ။
ဘန်နီဖြိုး -ရက်တွေ ကြာလာပြီး လာတော့ ဘာတွေမှန်း မသိဘဲ ရက်တွေ ရောလာရော။ တစ်ခါတစ်လေကျရင် မွေးနေ့နဲ့ Valentines Day နဲ့မှားပြီး လက်ဆောင် ပေးမိတာတွေ ကျွန်တော်သူ့ကို Valentines Day မှာ လက်စွပ် လက်ဆောင်ပေး ဖူးတယ်။ ဒါပေမဲ့ သူနဲ့မတော်ဘူး။ စွပ်လို့မရဘဲ မ တော်တော့ ဘူးလေးထဲပြန်ထည့်ပြီး သိမ်းထားရတယ်။ အဲဒီလိုတလွဲ လက်ဆောင်လေးတွေ ရှိခဲ့ပါတယ်။
Hannayuri - ညီမကကျ တော့တန်ဖိုးကြီးလက်ဆောင်မဟုတ် ပေမယ့် ကိုယ်တိုင်ချည်ထိုးပြီးတော့ Hand Made လက်ဆောင်လေး တွေပေးတတ်တယ်။ ညီမက လက် ဆောင်ပေးရတာ ဝါသနာပါတော့ ပေးဖြစ်တာများပါတယ်။
Q. ကိုယ်ချစ်ရတဲ့သူအပေါ်မှာ Christmas နေ့အတွက် ဘယ်လို လက်ဆောင်ပစ္စည်းလေးတွေ ဝယ် ပေးဖြစ်မလဲ။ ဘယ်လိုဆုကို ပူဆာ ဖြစ်မလဲ။
ဘန်နီဖြိုး - ဟိုနေ့က City Mart မှာ Christmas Tree အသေးလေး လိုချင်တယ်လို့ သူ ပှုဆာပေမယ့် ကျွန်တော် မဝယ်ပေး ခဲ့ပါဘူး။ စိတ်ကူးပေါက်ပြီး စိတ် ကောင်းဝင်ရင်တော့ဝယ်ပေးမှာပေါ့။ Santa Claus ကြီးဆောင်းတဲ့ ဦးထုပ်ကြီးလိုမျိုးပေါ့။ Hannayuri - ညီမက ပစ္စည်းတွေဘာတွေတော့မလိုပါဘူး။ ကိုယ့်အပေါ်မှာ အမြဲတမ်းသစ္စာရှိရှိ ချစ်နေဖို့နဲ့ ဒီအတိုင်း ဒီပုံစံလေး အတိုင်းပဲ လိုချင်ပါတယ်။
Q. Sweet December မှာ အမှတ်တရနေ့ရက် နှစ်ခုအတွက် 8 Days Cover ရိုက်ရင်း Interview လည်းဖြေပြီးပြီဆိုတော့ ကိုယ်ချစ်ရ တဲ့ပရိသတ်အတွက် နှုတ်ခွန်းဆက် ပေးပါဦး။
ဘန်နီဖြိုး - ဒီဇင်ဘာလို အေးချမ်းတဲ့ ရာသီလေးမှာ ပရိသတ်တွေ လည်းနေ့ရက်တိုင်းကို အေးအေးချမ်းချမ်းနြ့ ဖြတ်သန်းနိုင်ကြပါစေ။ အဲဒီလို အေးချမ်းစွာဖြတ်သန်းတဲ့နေ့ရက်တွေ ထဲမှာမကြာခင်ကထွက်ရှိပြီးသားဖြစ် တဲ့ ဒုတိယ Album လူပျိုလှည့်တေး စီးရီးထဲက သီချင်းတွေကိုနားထောင် ရင်း ဖြတ်သန်းရတဲ့ နေ့ရက်တွေထဲ မှာ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ပြုပါ လို့နှုတ်ဆက်ချင်ပါတယ်။
Hannayuri - သူ့ကိုလည်း ဒီထက်မက Support လုပ်ပေးနေ ပါတယ်။ ပရိသတ်တွေကလည်း သူ့ ကိုဒီထက်မက အားပေးပါဦး။ သူရှေ့ လျှောက်မယ့်လမ်းတွေမှာ ပရိသတ် တွေရဲ့ အားတွေအများကြီးလိုအပ် ပါတယ်။ ပရိသတ်တွေကလည်း နှစ် သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ် ၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေလို့ နှုတ်ဆက်ပါရစေ...။ 

8 Days A Week

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis